November 19, 2017

Android ကနေ iPhone ပြောင်းသုံးလိုက်တဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ နှစ်အတန်ကြာတဲ့အထိ Android စမတ်ဖုန်းကနေ Twitter သုံးစွဲတယ်ဆိုတာကို သူ့ရဲ့ tweet တွေနဲ့ သတင်းဖော်ပြချက်တွေအရ သိရှိထားကြပြီးဖြစ်ပါတယ်။

အခုအခါမှာတော့ ထရမ့်ဟာ Android ကနေ iPhone ကို ပြောင်းလဲသုံးစွဲလိုက်တယ်လို့ အိမ်ဖြူတော်လူမှုရေးမီဒီယာဒါရိုက်တာဖြစ်သူ ဒန်စကာဗီနိုက ပြောကြားလိုက်ပါတယ်။

ထရမ့်ဟာ အရင်တုန်းက လုံခြုံမှုမရှိတဲ့ Android ဖုန်းအဟောင်းကို အသုံးပြုခဲ့တာဖြစ်တယ်လို့ New York Times က ဖော်ပြခဲ့ပါတယ်။ ဓာတ်ပုံသက်သေတွေအရတော့ သူသုံးခဲ့တဲ့ စမတ်ဖုန်းက Samsung Galaxy S3 ပါ။

အဲ့ဒီနောက် ထရမ့်ရဲ့ ဖုန်းအဟောင်းဟာ လုံခြုံရေးပေါက်ကြားမှုတွေ ဖြစ်ပေါ်လာနိုင်တယ်ဆိုပြီး စိုးရိမ်မှုတွေရှိလာခဲ့ပါတယ်။ Apple ရဲ့ iPhone တွေဟာ အစိုးရအဖွဲ့က အသုံးပြုစေလိုတဲ့ locked-down ထုတ်ကုန်တွေလောက် လုံခြုံမှုမရှိပေမယ့် security update မပေးတဲ့ Android ဖုန်းအဟောင်းထက် ပိုမိုလုံခြုံမှုရှိစေပါတယ်။

ထရမ့်ရဲ့ Twitter account ဖြစ်တဲ့ @realDonalTrump ကနေ Android ဖုန်းသုံးပြီး နောက်ဆုံး tweet ပို့ခဲ့တဲ့နေ့က မတ်လ ၂၅ ရက် ဖြစ်ပါတယ်။ အဲ့နောက်မှာတော့ Twitter for iPhone ဆိုပြီး tweet တွေပို့ခဲ့ပါတယ်။

Ref: BusinessInsider