August 22, 2017

Amazon Prime ဗီဒီယိုတွေ ကို Android ဖုန်းကနေ ဘယ်လို ကြည့်မလဲ

Amazon Prime ကနေ ပေါ်ပြူလာဖြစ်နေတဲ့ ရုပ်ရှင်၊ ဗီဒီယိုတွေနဲ့ တီဗွီရှိုးတွေကိုဖုန်းကနေ WiFi အင်တာနက် ဒါမှမဟုတ် မိုဘိုင်းအင်တာနက်သုံးပြီး Stream လုပ်ကြည့်နိုင်ပါတယ်။ အဲလိုမျိုး ကြည့်တာက iPhone တွေမှာဆို ရင် Amazon Prime App ကို ဖုန်းထဲ Download လုပ်ပြီး reg လုပ်ကာ အလွယ်တကူ ဝင်ရောက် ကြည့်နိုင်ပေမယ့် Android ဖုန်း တွေမှာတော့ အဲလိုမျိုးကြည့်ရှုနိုင် မှာမဟုတ်ပါဘူး။ အရင်ဆုံး Amazon Underground ကို Install အရင်လုပ်ပြီးမှ အသုံးပြု နိုင်မှာဖြစ်ပါတယ်။

အခု Amazon Prime ကနေ ဗီဒီယိုတွေကို android ဖုန်းကနေ ကြည့်ရှုနိုင်ဖို့ လုပ်ဆောင်ပုံအဆင့်ဆင့်ကို ဖော်ပြပေးသွားမှာဖြစ်ပါ တယ်။ အရင်ဆုံးဖုန်းက Google search အကွက်ကနေ amazon underground ဆိုတဲ့ စာသားကို ရိုက်ထည့်လိုက်ပါ။

ပြီးရင်တော့ အပေါ်ဆုံးက Amazon Underground ကို နှိပ်ပါ။

အဲဒါဆိုရင်တော့ အောက်ပါ ပုံအတိုင်းပေါ်လာမှာဖြစ်ပြီး Get Amazon Underground ကို နှိပ်ပေးပါ။

ပြီးရင်တော့ ဖုန်းမြင်ကွင်းရဲ့ အောက်ခြေနားမှာ အသိပေးတဲ့ စာသားတစ်ခုပေါ်လာမှာဖြစ်ပြီး OK ကိုနှိပ်ပေးလိုက်ပါ။

OK ကို နှိပ်လိုက်ရင်တော့ ဖုန်းထဲကို Amazon Under-ground App ကို Download ပြုလုပ်ပေးမှာဖြစ်ပြီး Install လုပ်ဖို့ အတွက် ညာဘက်ထောင့်နားက OPEN ကို နှိပ်လိုက်ပါ။

ဒါဆိုရင်တော့ ခုလိုမျိုးပေါ် လာမှာဖြစ်ပြီး INSTALL ဆိုတဲ့ စာသားကို နှိပ်ပြီး App ကို install လုပ်ပါ။

Install ပြီးသွားရင်တော့ OPEN ကို နှိပ်ပြီး ဖွင့်လိုက်ပါ။

App ပွင့်လာရင်တော့ Sign in လုပ်ပေးရမှာဖြစ်ပါတယ်။ အကောင့်ရှိပြီးသားဆိုရင်တော့ အပေါ်ဆုံးက Already a cus-tomer ကို နှိပ်ပေးရမှာဖြစ်ပြီး ခု မှအသစ်အနေနဲ့စသုံးမယ်ဆိုရင် တော့ New to Amazon.com ဆိုတဲ့စာသားကို နှိပ်ပါ။

အခုအသစ်လုပ်လိုက်တဲ့ Amazon underground အ ကောင့်ကို Amazon Prime ဗီဒီ ယို App အတွက်လည်း အသုံးပြု နိုင်မှာ ဖြစ်ပါတယ်။

နောက်ဆုံးအဆင့်အနေနဲ့ PlayStore မှာ Amazon Prime Video App ကို ရှာပြီး Install လုပ်ပေးရမှာဖြစ်ပါတယ်။

Install လုပ်ပြီးသွားရင်တော့ Amazon Prime က ဗီဒီယို၊ ရုပ် ရှင်နဲ့ တီဗွီရှိုးတွေကို စိတ်ကြိုက် ကြည့်ရှုနိုင်ပြီပဲ ဖြစ်ပါတယ်။

-ရဲထွဋ်ဝင်း