Amazon Kindle မွာ အခမဲ့ Ebook ေတြ ထည့္သြင္းႏိုင္မယ့္ နည္းလမ္းမ်ား

[Zawgyi]

Amazon Kindle ဟာ စာဖတ္သူေတြအတြက္ အေကာင္းဆုံး ebook reader တစ္ခုျဖစ္ေပမယ့္ Amazon ရဲ႕ စီးပြားေရးေဂဟစနစ္နဲ႔ ခ်ိတ္ဆက္ထားပါတယ္။ တကယ္လို႔ Fire tablet ဒါမွမဟုတ္ စမတ္ဖုန္း အသုံးျပဳသူအေနနဲ႔ အျခား e-reading app ေတြကို download ျပဳလုပ္ႏိုင္ေပမယ့္ E Ink Kindle ထုတ္ကုန္ေတြမွာေတာ့ Amazon က content ေတြကိုပဲ တုိက္႐ုိက္အသုံးျပဳႏိုင္ေအာင္ ျပဳလုပ္ထားပါတယ္။ Kindle ကုိ Amazon မွာ ၇၉.၉၉ ေဒၚလာ၊ Kindle Paperwhite ကို Amazon မွာ ၁၁၉.၉၉ ေဒၚလာ၊ Kindle Voyage ကို Amazon မွာ ၁၉၉.၉၉ ေဒၚလာနဲ႔ အသီးသီးဝယ္ယူႏိုင္ပါတယ္။

ဒါ့အျပင္ အခမဲ့ software ေတြအသုံးျပဳၿပီး Kindle ထဲကို EPUB, Mobi နဲ႔ PDF format စာအုပ္ေတြကုိ ထည့္သြင္းႏိုင္ပါေသးတယ္။

Email

Kindle ထဲကုိ စာအုပ္ေတြထည့္သြင္းဖို႔ အလြယ္ကူဆုံးနည္းလမ္းကေတာ့ အီးေမးလ္ကတစ္ဆင့္ ebook ေတြ ေပးပုိ႔တာ ျဖစ္ပါတယ္။ သုံးစြဲသူအေနနဲ႔ Kindle ရဲ႕ အီးေမးလ္လိပ္စာရယူဖို႔ ကြန္ပ်ဴတာရဲ႕ web browser အသုံးျပဳၿပီး www.amazon.com/myk ကိုသြားေရာက္ရပါမယ္။ အဲဒီမွာမွ “Your Devices” ကို tap လုပ္ၿပီး ေအာက္မွာ ေဖာ္ျပထားတဲ့ သင့္ေတာ္ရာ Kindle ကုိေရြးခ်ယ္ရပါမယ္။ “Email” မွာ Kindle ရဲ႕ အီးေမးလ္လိပ္စာကို ေတြ႕ရမွာ ျဖစ္ပါတယ္။

အခုဆိုရင္ “Settings” ကုိသြားၿပီး “approved personal document e-mail list” ကိုေတြ႕ဖို႔ scroll လုပ္ရပါမယ္။ ၿပီးရင္ “add a new approved e-mail address” ကိုသြားၿပီး click ႏွိပ္ကာ စာအုပ္ေတြပုိ႔မယ့္ အီးေမးလ္လိပ္စာကို ထည့္သြင္းဖို႔ လိုပါတယ္။

အခုလို အီးေမးလ္နဲ႔ စာအုပ္ေပးပုိ႔ႏိုင္ဖို႔ Kindle ကို Wi-Fi ဒါမွမဟုတ္ 3G ကြန္ရက္နဲ႔ ခ်ိတ္ဆက္ထားဖို႔ လိုပါတယ္။

Mobi Format

တကယ္လို႔ သုံးစြဲသူက Kindle ထဲကုိ Mobi format ebook ေတြထည့္သြင္းမယ္ဆိုရင္လည္း အဆင္သင့္ ဖတ္႐ႈႏိုင္ပါတယ္။ အီးေမးလ္ထဲမွာ .mobi ဖိုင္ကုိ တြဲၿပီး Kindel ရဲ႕အီးေမးလ္လိပ္စာကို ပုိ႔လိုက္မယ္ဆိုရင္ Kindle မွာေတြ႕ရမွာ ျဖစ္ပါတယ္။ ဒါမွမဟုတ္ USB ႀကိဳးအသုံးျပဳၿပီး ကြန္ပ်ဴတာနဲ႔ Kindle ခ်ိတ္ဆက္ၿပီး ဖုိင္ေတြကို drag နဲ႔ drop ျပဳလုပ္ႏို္င္ပါတယ္။

PDF Format

Amazon က PDF ဖိုင္ေတြကို Kindle format အျဖစ္ အလိုအေလ်ာက္ ေျပာင္းေပးႏိုင္ပါတယ္။ အဲဒီလိုျဖစ္ေအာင္ေဆာင္ရြက္ဖို႔ နည္းလမ္း ၂ ခုရွိပါတယ္။ Kindle မွာ ႐ုပ္ပုံပါတဲ့စာအုပ္ေတြကုိ PDF လိုပဲ စာမ်က္ႏွာေတြေဖာ္ျပခ်င္တယ္ဆိုရင္ Kindle ရဲ႕လိပ္စာကို .pdf ဖိုင္ေတြ အီးေမးလ္ေပးပို႔လိုက္႐ုံပါပဲ။ အဲလိုလုပ္လိုက္တာဟာ format နဲ႔ ႐ုပ္ပုံေတြကုိ ထိန္းသိမ္းေပးႏိုင္ေပမယ့္ font အရြယ္အစားေတြက ေသးငယ္သြားပါတယ္။ ဒါမွမဟုတ္ Kindle ကုိကြန္ပ်ဴတာနဲ႔ ခ်ိတ္ဆက္ၿပီး PDF ဖိုင္ကို drag နဲ႔ drop ျပဳလုပ္ႏိုင္ပါေသးတယ္။

အျခားေရြးခ်ယ္မႈတစ္ခုက အီးေမးလ္တစ္ခုမွာ .pdf ဖိုင္ကိုတြဲၿပီး subject မွာ “convert” ဆိုတဲ့ စကားလုံးထည့္သြင္းၿပီး Kindle အီးေမးလ္လိပ္စာကုိပုိ႔လုိက္ရင္ PDF ကုိ Mobi ဖိုင္ေျပာင္းေပးပါတယ္။ Mobi ဖိုင္ဆိုရင္ သုံးစြဲသူက font နဲ႔ format အရြယ္အစားေတြကို ထိန္းခ်ဳပ္ႏိုင္ပါတယ္။ ႐ုပ္ပုံပါတဲ့ စာအုပ္ေတြဆိုရင္ ပုံေတြပါဝင္ေပမယ့္ မူလ PDF စာမ်က္ႏွာဖြဲ႕စည္းပုံကို ဆုံး႐ႈံးသြားမွာ ျဖစ္ပါတယ္။

EPUB Format

EPUB ဟာ ကမၻာတစ္ဝန္းအသုံးျပဳေနတဲ့ ebook format တစ္ခုျဖစ္ေပမယ္ Kindle မွာေတာ့ အသုံးျပဳလို႔ မရပါဘူး။ ဒါေပမဲ့ .epub ဖိုင္ေတြကို Mobi ဖိုင္ေျပာင္းၿပီး Kindle မွာ ဖတ္႐ႈလို႔ရပါတယ္။
ဖိုင္ကို အေျပာင္းအလဲျပဳလုပ္ဖို႔ Calibre လို႔အမည္ရတဲ့ software ကုိ download ျပဳလုပ္ဖုိ႔ လိုပါတယ္။ Calibre ဟာ ebook reader အမ်ားစုအတြက္ ebook အမ်ိဳးအစားအားလုံးအတြက္ format ျပန္ျပင္ေပးပါတယ္။ ဒါေပမဲ့ Amazon ဒါမွမဟုတ္ အျခားစတိုးေတြကေန ဝယ္ယူထားတဲ့ စာအုပ္ေတြရဲ႕ မူပုိင္ခြင့္ကာကြယ္မႈ ခ်ိဳးေဖာက္မႈ တားဆီးထားေပမယ့္လည္း fomat ကုိျပန္ျပင္ေပးႏိုင္ပါတယ္။

Calibre ကို Windows နဲ႔ Mac ႏွစ္ခုစလုံးအတြက္ ထုတ္လုပ္ထားပါတယ္။ သုံးစြဲသူက Calibre ကုိ စတင္သုံးစြဲမယ္ဆိုရင္ ebook reader ထုတ္ကုန္ေမာ္ဒယ္ကုိေမးၿပီး အီးေမးလ္နဲ႔ စာအုပ္ေတြ ပုိ႔ဖို႔ အႀကံျပဳမွာ ျဖစ္ပါတယ္။

Calibre ကုိ set up လုပ္ၿပီးတာနဲ႔ “Add books” ကုိႏွိပ္ၿပီး download ျပဳလုပ္ထားတဲ့ ebook ဖိုင္ေတြကုိ ေရြးခ်ယ္ပါ။ အဲဒီဖိုင္ေတြဟာ Calibre library ထဲမွာေပၚလာပါမယ္။ Calibre library အတြင္းက entry တစ္ခုကို ႏွိပ္လုိက္ရင္ ထိပ္ဘက္မွာ “convert books” ကုိေရြးခ်ယ္ရပါမယ္။ ညာဘက္ထိပ္ဘက္က “output format” မွာ “MOBI” ျဖစ္ေအာင္ ေျပာင္းလဲဖို႔လိုပါမယ္။ OK ကို click ႏွိပ္လိုက္ရင္ “Jobs” ဆိုတဲ့ ေခါင္းစဥ္ေအာက္မွာ convert လုပ္တဲ့ဖိုင္ကုိ ျပသေပးပါတယ္။

ေနာက္ၿပီး ေျပာင္းလဲလိုက္တဲ့ ဖိုင္ကို ေရြးခ်ယ္ၿပီး “Save to disk” ကိုႏွိပ္ၿပီး ဖိုင္ save လိုတဲ့ folder ကို ေရြးခ်ယ္ေပးလိုက္႐ုံပါပဲ။ အဲဒီအခါက်ရင္ စာေရးဆရာနာမည္နဲ႔ subfolder တစ္ခုကို ဖန္တီးေပးမွာ ျဖစ္ပါတယ္။ အဲဒီဖုိင္ကုိ Kindle ဆီအီးေမးလ္ေပးပို႔တာ ဒါမွမဟုတ္ USB cable အသုံးျပဳၿပီး drag နဲ႔ drop ျပဳလုပ္ႏိုင္ပါတယ္။

အခမဲ့ Ebook ေတြကုိ ဘယ္ကေန ရယူမလဲ

အခမဲ့ ebook ေတြကုိ ရယူႏိုင္တဲ့ ေနရာမ်ားစြာ ရွိပါတယ္။ Calibre မွာလည္း “get books” ဆိုတဲ့ metasearch function ပါဝင္လာပါတယ္။

တကယ္လုိ႔ အေမရိကန္ အမ်ားျပည္သူစာၾကည့္တိုက္ သုံးႏိုင္တဲ့သူေတြအေနနဲ႔ Overdrive Media Console ကို download လုပ္သင့္ပါတယ္။ အဲဒီ app ကို Windows နဲ႔ Mac ကြန္ပ်ဴတာေတြအတြက္ ျဖန္႔ခ်ိေပးထားၿပီး အမ်ားျပည္ဆိုင္ရာ စာၾကည့္တိုက္စာရင္းေတြနဲ႔ Amazon ကတစ္ဆင့္ Kindle စာအုပ္ေတြကုိ download လုပ္ခြင့္ေပးထားပါတယ္။ စာၾကည့္တိုက္ရဲ႕ Overdirve ဝက္ဘ္ဆိုက္ www.overdrive.com ကုိသြားေရာက္ၿပီး Overdrive ကေန Kindle ဆီစာအုပ္ေတြေပးပုိ႔ႏိုင္ပါတယ္။

တကယ္လုိ႔ စာဖတ္သူက ဂႏၳဝင္စာအုပ္စာေပေတြ ဖတ္ခ်င္တယ္ဆုိရင္ Project Gutunberg ကို စတင္အသုံးျပဳႏိုင္ပါတယ္။ Project Gutenberg မွာ မူပုိင္ခြင့္ လြတ္ကင္းတဲ့ အခမဲ့ ebook ေတြ ၅၀,၀၀၀ နီးပါး ရွိပါတယ္။ Open Library မွာလည္း download ျပဳလုပ္ႏိုင္တဲ့ စာအုပ္ေတြရွိပါတယ္။ ဒါ့အျပင္ အဲဒီဝက္ဘ္ဆိုက္မွာ Kindle ေတြနဲ႔ မကိုက္ညီတဲ့ ငွားဖတ္ႏိုင္တဲ့ စနစ္လည္း ရွိပါတယ္။ သမုိင္းဆိုင္ရာနဲ႔ ပညာရပ္ဆိုင္ရာ စာသားေတြကို archive.org မွာသြားေရာက္ဖတ္႐ႈႏိုင္ပါတယ္။

Goodreads မွာလည္း အခမဲ့ စာအုပ္ ၂,၅၀၀ ေလာက္ရွိပါတယ္။ အမ်ားစုကေတာ့ Mobi format ျဖစ္ပါတယ္။ ManyBooks.net မွာဂႏၳဝင္စာေပနဲ႔ ကုိယ္တိုင္ထုတ္ စာအုပ္ ၃၀,၀၀၀ ေလာက္ရွိပါတယ္။ Feedbooks မွာေတာ့ ဂႏၳဝင္စာေပေတြနဲ႔ ကုိယ္တိုင္ထုတ္ လက္ရာေတြ မ်ားစြာ ေတြ႕ရမွာ ျဖစ္ပါတယ္။ ဒါ့အျပင္ Free-Ebooks.net ကစာအုပ္ေတြက ႐ႈပ္ေထြးလြန္းပါတယ္။ တကယ္လုိ႔ သိပၸံဝတၳဳေတြ ႀကိဳက္ႏွစ္သက္တယ္ဆိုရင္ Baen မွာ အခမဲ့ ebook ေတြ အစုံလုိက္ရွိပါတယ္။

စိုးထက္
Ref: PCMag

=================

[Unicode]

Amazon Kindle ဟာ စာဖတ်သူတွေအတွက် အကောင်းဆုံး ebook reader တစ်ခုဖြစ်ပေမယ့် Amazon ရဲ့ စီးပွားရေးဂေဟစနစ်နဲ့ ချိတ်ဆက်ထားပါတယ်။ တကယ်လို့ Fire tablet ဒါမှမဟုတ် စမတ်ဖုန်း အသုံးပြုသူအနေနဲ့ အခြား e-reading app တွေကို download ပြုလုပ်နိုင်ပေမယ့် E Ink Kindle ထုတ်ကုန်တွေမှာတော့ Amazon က content တွေကိုပဲ တိုက်ရိုက်အသုံးပြုနိုင်အောင် ပြုလုပ်ထားပါတယ်။ Kindle ကို Amazon မှာ ရ၉.၉၉ ဒေါ်လာ၊ Kindle Paperwhite ကို Amazon မှာ ၁၁၉.၉၉ ဒေါ်လာ၊ Kindle Voyage ကို Amazon မှာ ၁၉၉.၉၉ ဒေါ်လာနဲ့ အသီးသီးဝယ်ယူနိုင်ပါတယ်။

ဒါ့အပြင် အခမဲ့ software တွေအသုံးပြုပြီး Kindle ထဲကို EPUB, Mobi နဲ့ PDF format စာအုပ်တွေကို ထည့်သွင်းနိုင်ပါသေးတယ်။

Email

Kindle ထဲကို စာအုပ်တွေထည့်သွင်းဖို့ အလွယ်ကူဆုံးနည်းလမ်းကတော့ အီးမေးလ်ကတစ်ဆင့် ebook တွေ ပေးပို့တာ ဖြစ်ပါတယ်။ သုံးစွဲသူအနေနဲ့ Kindle ရဲ့ အီးမေးလ်လိပ်စာရယူဖို့ ကွန်ပျူတာရဲ့ web browser အသုံးပြုပြီး www.amazon.com/myk ကိုသွားရောက်ရပါမယ်။ အဲဒီမှာမှ “Your Devices” ကို tap လုပ်ပြီး အောက်မှာ ဖော်ပြထားတဲ့ သင့်တော်ရာ Kindle ကိုရွေးချယ်ရပါမယ်။ “Email” မှာ Kindle ရဲ့ အီးမေးလ်လိပ်စာကို တွေ့ရမှာ ဖြစ်ပါတယ်။

အခုဆိုရင် “Settings” ကိုသွားပြီး “approved personal document e-mail list” ကိုတွေ့ဖို့ scroll လုပ်ရပါမယ်။ ပြီးရင် “add a new approved e-mail address” ကိုသွားပြီး click နှိပ်ကာ စာအုပ်တွေပို့မယ့် အီးမေးလ်လိပ်စာကို ထည့်သွင်းဖို့ လိုပါတယ်။

အခုလို အီးမေးလ်နဲ့ စာအုပ်ပေးပို့နိုင်ဖို့ Kindle ကို Wi-Fi ဒါမှမဟုတ် 3G ကွန်ရက်နဲ့ ချိတ်ဆက်ထားဖို့ လိုပါတယ်။

Mobi Format

တကယ်လို့ သုံးစွဲသူက Kindle ထဲကို Mobi format ebook တွေထည့်သွင်းမယ်ဆိုရင်လည်း အဆင်သင့် ဖတ်ရှုနိုင်ပါတယ်။ အီးမေးလ်ထဲမှာ .mobi ဖိုင်ကို တွဲပြီး Kindel ရဲ့အီးမေးလ်လိပ်စာကို ပို့လိုက်မယ်ဆိုရင် Kindle မှာတွေ့ရမှာ ဖြစ်ပါတယ်။ ဒါမှမဟုတ် USB ကြိုးအသုံးပြုပြီး ကွန်ပျူတာနဲ့ Kindle ချိတ်ဆက်ပြီး ဖိုင်တွေကို drag နဲ့ drop ပြုလုပ်နို်င်ပါတယ်။

PDF Format

Amazon က PDF ဖိုင်တွေကို Kindle format အဖြစ် အလိုအလျောက် ပြောင်းပေးနိုင်ပါတယ်။ အဲဒီလိုဖြစ်အောင်ဆောင်ရွက်ဖို့ နည်းလမ်း ၂ ခုရှိပါတယ်။ Kindle မှာ ရုပ်ပုံပါတဲ့စာအုပ်တွေကို PDF လိုပဲ စာမျက်နှာတွေဖော်ပြချင်တယ်ဆိုရင် Kindle ရဲ့လိပ်စာကို .pdf ဖိုင်တွေ အီးမေးလ်ပေးပို့လိုက်ရုံပါပဲ။ အဲလိုလုပ်လိုက်တာဟာ format နဲ့ ရုပ်ပုံတွေကို ထိန်းသိမ်းပေးနိုင်ပေမယ့် font အရွယ်အစားတွေက သေးငယ်သွားပါတယ်။ ဒါမှမဟုတ် Kindle ကိုကွန်ပျူတာနဲ့ ချိတ်ဆက်ပြီး PDF ဖိုင်ကို drag နဲ့ drop ပြုလုပ်နိုင်ပါသေးတယ်။

အခြားရွေးချယ်မှုတစ်ခုက အီးမေးလ်တစ်ခုမှာ .pdf ဖိုင်ကိုတွဲပြီး subject မှာ “convert” ဆိုတဲ့ စကားလုံးထည့်သွင်းပြီး Kindle အီးမေးလ်လိပ်စာကိုပို့လိုက်ရင် PDF ကို Mobi ဖိုင်ပြောင်းပေးပါတယ်။ Mobi ဖိုင်ဆိုရင် သုံးစွဲသူက font နဲ့ format အရွယ်အစားတွေကို ထိန်းချုပ်နိုင်ပါတယ်။ ရုပ်ပုံပါတဲ့ စာအုပ်တွေဆိုရင် ပုံတွေပါဝင်ပေမယ့် မူလ PDF စာမျက်နှာဖွဲ့စည်းပုံကို ဆုံးရှုံးသွားမှာ ဖြစ်ပါတယ်။

EPUB Format

EPUB ဟာ ကမၻာတစ်ဝန်းအသုံးပြုနေတဲ့ ebook format တစ်ခုဖြစ်ပေမယ် Kindle မှာတော့ အသုံးပြုလို့ မရပါဘူး။ ဒါပေမဲ့ .epub ဖိုင်တွေကို Mobi ဖိုင်ပြောင်းပြီး Kindle မှာ ဖတ်ရှုလို့ရပါတယ်။
ဖိုင်ကို အပြောင်းအလဲပြုလုပ်ဖို့ Calibre လို့အမည်ရတဲ့ software ကို download ပြုလုပ်ဖို့ လိုပါတယ်။ Calibre ဟာ ebook reader အများစုအတွက် ebook အမျိုးအစားအားလုံးအတွက် format ပြန်ပြင်ပေးပါတယ်။ ဒါပေမဲ့ Amazon ဒါမှမဟုတ် အခြားစတိုးတွေကနေ ဝယ်ယူထားတဲ့ စာအုပ်တွေရဲ့ မူပိုင်ခွင့်ကာကွယ်မှု ချိုးဖောက်မှု တားဆီးထားပေမယ့်လည်း fomat ကိုပြန်ပြင်ပေးနိုင်ပါတယ်။

Calibre ကို Windows နဲ့ Mac နှစ်ခုစလုံးအတွက် ထုတ်လုပ်ထားပါတယ်။ သုံးစွဲသူက Calibre ကို စတင်သုံးစွဲမယ်ဆိုရင် ebook reader ထုတ်ကုန်မော်ဒယ်ကိုမေးပြီး အီးမေးလ်နဲ့ စာအုပ်တွေ ပို့ဖို့ အကြံပြုမှာ ဖြစ်ပါတယ်။

Calibre ကို set up လုပ်ပြီးတာနဲ့ “Add books” ကိုနှိပ်ပြီး download ပြုလုပ်ထားတဲ့ ebook ဖိုင်တွေကို ရွေးချယ်ပါ။ အဲဒီဖိုင်တွေဟာ Calibre library ထဲမှာပေါ်လာပါမယ်။ Calibre library အတွင်းက entry တစ်ခုကို နှိပ်လိုက်ရင် ထိပ်ဘက်မှာ “convert books” ကိုရွေးချယ်ရပါမယ်။ ညာဘက်ထိပ်ဘက်က “output format” မှာ “MOBI” ဖြစ်အောင် ပြောင်းလဲဖို့လိုပါမယ်။ OK ကို click နှိပ်လိုက်ရင် “Jobs” ဆိုတဲ့ ခေါင်းစဉ်အောက်မှာ convert လုပ်တဲ့ဖိုင်ကို ပြသပေးပါတယ်။

နောက်ပြီး ပြောင်းလဲလိုက်တဲ့ ဖိုင်ကို ရွေးချယ်ပြီး “Save to disk” ကိုနှိပ်ပြီး ဖိုင် save လိုတဲ့ folder ကို ရွေးချယ်ပေးလိုက်ရုံပါပဲ။ အဲဒီအခါကျရင် စာရေးဆရာနာမည်နဲ့ subfolder တစ်ခုကို ဖန်တီးပေးမှာ ဖြစ်ပါတယ်။ အဲဒီဖိုင်ကို Kindle ဆီအီးမေးလ်ပေးပို့တာ ဒါမှမဟုတ် USB cable အသုံးပြုပြီး drag နဲ့ drop ပြုလုပ်နိုင်ပါတယ်။

အခမဲ့ Ebook တွေကို ဘယ်ကနေ ရယူမလဲ

အခမဲ့ ebook တွေကို ရယူနိုင်တဲ့ နေရာများစွာ ရှိပါတယ်။ Calibre မှာလည်း “get books” ဆိုတဲ့ metasearch function ပါဝင်လာပါတယ်။

တကယ်လို့ အမေရိကန် အများပြည်သူစာကြည့်တိုက် သုံးနိုင်တဲ့သူတွေအနေနဲ့ Overdrive Media Console ကို download လုပ်သင့်ပါတယ်။ အဲဒီ app ကို Windows နဲ့ Mac ကွန်ပျူတာတွေအတွက် ဖြန့်ချိပေးထားပြီး အများပြည်ဆိုင်ရာ စာကြည့်တိုက်စာရင်းတွေနဲ့ Amazon ကတစ်ဆင့် Kindle စာအုပ်တွေကို download လုပ်ခွင့်ပေးထားပါတယ်။ စာကြည့်တိုက်ရဲ့ Overdirve ဝက်ဘ်ဆိုက် www.overdrive.com ကိုသွားရောက်ပြီး Overdrive ကနေ Kindle ဆီစာအုပ်တွေပေးပို့နိုင်ပါတယ်။

တကယ်လို့ စာဖတ်သူက ဂန္ထဝင်စာအုပ်စာပေတွေ ဖတ်ချင်တယ်ဆိုရင် Project Gutunberg ကို စတင်အသုံးပြုနိုင်ပါတယ်။ Project Gutenberg မှာ မူပိုင်ခွင့် လွတ်ကင်းတဲ့ အခမဲ့ ebook တွေ ၅၀,၀၀၀ နီးပါး ရှိပါတယ်။ Open Library မှာလည်း download ပြုလုပ်နိုင်တဲ့ စာအုပ်တွေရှိပါတယ်။ ဒါ့အပြင် အဲဒီဝက်ဘ်ဆိုက်မှာ Kindle တွေနဲ့ မကိုက်ညီတဲ့ ငှားဖတ်နိုင်တဲ့ စနစ်လည်း ရှိပါတယ်။ သမိုင်းဆိုင်ရာနဲ့ ပညာရပ်ဆိုင်ရာ စာသားတွေကို archive.org မှာသွားရောက်ဖတ်ရှုနိုင်ပါတယ်။

Goodreads မှာလည်း အခမဲ့ စာအုပ် ၂,၅၀၀ လောက်ရှိပါတယ်။ အများစုကတော့ Mobi format ဖြစ်ပါတယ်။ ManyBooks.net မှာဂန္ထဝင်စာပေနဲ့ ကိုယ်တိုင်ထုတ် စာအုပ် ၃၀,၀၀၀ လောက်ရှိပါတယ်။ Feedbooks မှာတော့ ဂန္ထဝင်စာပေတွေနဲ့ ကိုယ်တိုင်ထုတ် လက်ရာတွေ များစွာ တွေ့ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Free-Ebooks.net ကစာအုပ်တွေက ရှုပ်ထွေးလွန်းပါတယ်။ တကယ်လို့ သိပ္ပံဝတ္ထုတွေ ကြိုက်နှစ်သက်တယ်ဆိုရင် Baen မှာ အခမဲ့ ebook တွေ အစုံလိုက်ရှိပါတယ်။

စိုးထက်
Ref: PCMag