November 19, 2017

Amazon Fire Kids Edition

တန်ဖိုး – ကန်ဒေါ်လာ ၉၉.၉၉

အားသာချက်

အာမခံ ၂ နှစ်ထည့်သွင်းပေးထားပြီး parental control software program ကို တစ်နှစ်စာထည့်သွင်းပေးထားတာက ဒီ tablet ရဲ့ အားသာချက်တစ်ခု ဖြစ်ပါတယ်။

အားနည်းချက်

စပီကာအသံတိုးပြီး ကင်မရာပိုင်းကလည်း အရမ်းကောင်းမွန်တာမျိုးတော့ မရှိပါဘူး။ Parental control ကလည်း အသုံးပြုရတာ အနည်းငယ်စိတ်ရှုပ် စရာကောင်းလှအောင် ရှုပ်ထွေးပါတယ်။

သုံးသပ်ချက်

ဈေးနှုန်းချိုသာတဲ့ ကလေးသုံး tablet အမျိုးအစား တစ်ခုဖြစ်ပါတယ်။ ကလေးတွေ သုံးစွဲဖို့အတွက် ထုတ်လုပ်ထားတဲ့ tablet ဖြစ်တဲ့အတွက် အကြမ်းခံတာကိုလည်း တွေ့ရမှာဖြစ်ပါတယ်။ ဒီ tablet မှာသုံးစွဲထားတဲ့ နည်းပညာတွေကလည်း အတော်အတန် ကောင်းမွန်အောင် စီစဉ်ပေးထားတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။

အသေးစိတ်ဖော်ပြချက်

Quad-Core CPU ကိုအသုံးပြုထားပြီး processor မြန်နှုန်းကတော့ 1.3 GHz ရှိမှာဖြစ်ပါတယ်။ RAM 1GB ပါဝင်မှာဖြစ်ပြီး အချက်အလက်တွေ သိမ်းဆည်းဖို့အတွက် 16GB ပမာဏရှိတဲ့ Storage ပါဝင်ပါတယ်။ Tablet မှာအသုံးပြုထားတဲ့ System ကတော့ Fire OS 5 ကို အသုံးပြုထားတာပါ။ Screen အရွယ်အစား ၇ လက်မရှိပြီး Resolution ကတော့ 1024 x 600 resolution ရှိမှာဖြစ်ပါတယ်။ ကင်မရာက 2 Megapixels ရှိမှာဖြစ်မှာ ဖြစ်ပါတယ်။ ဒီ tablet ရဲ့ အလေးချိန်ကတော့ ၁၃.၈ အောင်စခန့် ရှိမှာဖြစ်ပါတယ်။ microSD ကို ထည့်သွင်းသုံးစွဲချင်သူတွေအတွက် 128GB ပမာဏရှိတဲ့ microSD ကိုထည့်သွင်း သုံးစွဲနိုင်မှာဖြစ်ပါတယ်။

ဒီဇိုင်း

ကလေးတွေအတွက် ရည်ရွယ်ပြီး ထုတ်လုပ်ထားတဲ့ tablet ဖြစ်တဲ့အတွက် ဒီဇိုင်းပိုင်းကတော့ အထူးတလည်ကြီးကောင်း
မွန်တာကိုတွေ့မြင်ရမှာ မဟုတ်ပါဘူး။ ဒါ့အပြင် အကြမ်းပတမ်း ခံနိုင်စေရန်အတွက် ဘေးဘောင်တွေကိုလည်း ရာဘာအစွပ်တွေနဲ့ တပ်ဆင်ပေးထားပါတယ်။

Ref: Laptopmag