Alpha Festival 2017 ကျင်းပပြုလုပ်မည်

e
e
e
e

Sony မှ ဒစ်ဂျစ်တယ် ဓာတ်ပုံ၊ ဗီဒီယိုရိုက်ကူးရေးဆိုင်ရာ ထုတ်ကုန်သစ်များကို မိတ်ဆက်ပြသသွားမည့် Alpha Festival 2017 ကို မြန်မာပလာဇာ၊ ပရိုမိုးရှင်းဧရိယာတွင် ဧပြီလ ၂၈ ရက်မှ ဧပြီလ ၃ဝ ရက်ထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

ပွဲတွင် Sony ၏ ထွက်ရှိလာမည့် A6500 နှင့် A7 စီးရီး Mirrorless ဒစ်ဂျစ်တယ်ကင်မရာများပြသရောင်းချပေးသွားမည့်အပြင် အမျိုးအစားအသစ်ဖြစ်သည့် Semi-Telephoto G-Master SEL1000F28GM မှန်ဘီလူးများကိုလည်း ပြသသွားမည်ဖြစ်သည်။

၎င်းပွဲတွင် ပုံတူဓာတ်ပုံရိုက်ကူးခြင်း၊ လက်တွေ့တိုက်ရိုက် သရုပ်ပြခန်းများနှင့် ဗီဒီယိုရိုက်ကူးမှုများ A6500 နှင့် A7 စီး၇ီး ကင်မရာများဖြင့် စမ်းသပ်ရိုက်ကူးနိုင်မည်ဖြစ်ပြီး အလုပ်ရုံဆွေးနွေးပွဲအနေဖြင့် Alpha Ambassador များဖြစ်သော ဦးဖေမြင့်ဦး၊ ဦးကျော်ဝင်းလှိုင်၊ ဦးဝဏ္ဏကျော်နှင့် ဦးထက်အောင်ကျော်တို့မှ လက်တွေ့ရိုက်ကူးမှုဆိုင်ရာ အတွေ့အကြုံများကို ဟောပြောပေးသွားမည်ဖြစ်ကြောင်း သိရသည်။