Airtel နဲ့ပူးပေါင်းပြီး အိန္ဒိယတစ်ဝန်း hotspot ၂၀,၀၀၀ တပ်ဆင်သွားမယ့် Facebook

ကာလအတန်ကြာ စမ်းသပ်မှုများ ပြုလုပ်ခဲ့ပြီးတဲ့နောက် Facebook က Express Wi-Fi ကို အိန္ဒိယနိုင်ငံမှာ စတင်လိုက်ပါတယ်။
ဒီစမ်းသပ်မှုကို ၂၀၁၅ ခုနှစ်ကတည်းက ပြုလုပ်ခဲ့တာဖြစ်ပြီး အခုအခါ Uttarakhand, Gujarat, Rajasthan, Meghalaya စတဲ့ ပြည်နယ်လေးခုမှာ hotspot ၇၀၀ နီးပါးကနေ တစ်ဆင့် အသုံးပြုနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် Airtel နဲ့ ပူးပေါင်းပြီး လအနည်းငယ်အတွင်း အိန္ဒိယတစ်ဝန်းမှာ Express Wi-Fi သစ် ၂၀,၀၀၀ တပ်ဆင်သွားမယ်လို့ Facebook က ကြေညာခဲ့ပါတယ်။

လက်ရှိ Uttarakhand, Gujarat, Rajasthan, Meghalaya ပြည်နယ်လေးခုမှာ အသုံးပြုနိုင်တဲ့ ဝန်ဆောင်မှုတွေကိုတော့ AirJaldi, Tikona, LMES, Shaildhar စတဲ့ ISP တွေနဲ့ ဆောင်ရွက်ထားတာဖြစ်ပါတယ်။

Express Wi-Fi ကွန်ရက်ကို Express Wi-Fi retailer မှာ မှတ်ပုံတင်ပြီး မည်သူမဆို အသုံးပြုနိုင်တယ်လို့ Facebook က ပြောကြားခဲ့ပါတယ်။ မှတ်ပုံတင်ပြီးတဲ့နောက် တစ်ရက်ကို ၁၀ ရူပီး (၀.၁၅ ဒေါ်လာ) ကျသင့်မယ့် နေ့စဉ်ကြေး ဒါမှမဟုတ် အပတ်စဉ်ကြေး ဒါမှမဟုတ် လစဉ်ကြေး ဝယ်ယူပြီး Express Wi-Fi hotspot နဲ့ချိတ်ဆက်ကာ အင်တာနက်အသုံးပြုနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

Ref: NDTV