February 24, 2018

AI ကင်မရာပါဝင်တဲ့ V30 2018 မော်ဒယ်ကို LG မိတ်ဆက်မည်

LG Electronics ဟာ AI ကင်မရာပါဝင်တဲ့ V30 စမတ်ဖုန်း ၂၀၁၈ မော်ဒယ်ကို မကြာခင်ကျင်းပမယ့် MWC မှာ ပွဲထုတ်မိတ်ဆက် သွားမယ်လို့ ကုမ္ပဏီက ပြောကြားခဲ့ပါတယ်။

အဆင့်မြှင့်တင်ထားတဲ့ အဆိုပါစမတ်ဖုန်းမှာ Vision AI လို့ခေါ်တဲ့ feature သစ်တစ်ခု ပါဝင်လာမှာ ဖြစ်ပါတယ်။ ဒီ feature သစ်ဟာ ကင်မရာက object တစ်ခုကို တွေ့တဲ့အခါ အကောင်းဆုံး picture mode ကို အကြံပြုဖော်ပြပေးမှာ ဖြစ်ပါတယ်။ Picture mode တွေမှာ portrait, food, pets, city, flower, sunset, sunrse နဲ့ landscape တို့ ပါဝင်ပါတယ်။

Object ကို အကောင်းဆုံးဖမ်းယူပေးဖို့အတွက် AI software က colour sense, colour saturation, view angle, reflected light နဲ့ back light အပေါ်မှာ အခြေခံပြီး mode တစ်ခုစီကို ရွေးချယ်ပေးမှာဖြစ်တယ်လို့ LG က ပြောပါတယ်။

ဒီစနစ်ကို ဓာတ်ပုံလေ့လာဆန်းစစ်တဲ့ကုမ္ပဏီတစ်ခုနဲ့ ပူးပေါင်းဆောင်ရွက်ထားတာဖြစ်ပြီး အကောင်းဆုံး mode တွေကို ခန့်မှန်းပေးမယ့် analytics algorithm ၁,၀၀၀ နီးပါးအတွက် ဓာတ်ပုံပေါင်း သန်း ၁၀၀ ခန့်ကို ပိုင်းခြားစိတ်ဖြာခဲ့ရတယ်လို့ LG က ပြောကြားခဲ့ပါတယ်။

အဲ့ဒီကင်မရာမှာ QR code တွေကို scan လုပ်တာနဲ့ ဓာတ်ပုံတွေရှာဖွေတာတွေကို အလိုအလျောက်လုပ်ပေးနိုင်တဲ့ object recognition feature ပါဝင်တယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် အလင်းကို နှစ်ဆတိုးမြှင့်ပေးမယ့် low-light filming feature သစ်ကိုလည်း မိတ်ဆက်သွားမယ်လို့ သိရပါတယ်။

-နောင်နောင်
Ref: ZDNet