November 19, 2017

ADATA HD650 Externel Harddsik

အပြင်ပိုင်းဒီဇိုင်းအနေနဲ့ scratch resistant surface ပုံစံပြုလုပ်ထားတဲ့ ADATA HD650 External Harddisk ဖြစ်ပြီး အစင်းရာအခြစ်ရာတွေ ဖြစ်တာကို ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။ Shock Proof ပါဝင်တာကြောင့် မတော်တဆ ပြုတ်ကျခြင်းကို ကာကွယ်နိုင်မှာဖြစ်ပြီး ကာကွယ်မှုအပိုင်းကို အလွှာသုံးလွှာအထိ ထည့်သွင်းပေး ထားပါတယ်။ Data Transfer ပိုင်းအတွက်လည်း Super Speed USB 3.0 ကိုအသုံးပြုထားပါတယ်။ ADATA HD650 ကို 1TB နှင် 2TB နှစ်မျိုးနဲ့ ၀ယ်ယူရရှိနိုင်မှာဖြစ်ပြီး အာမခံသက်တမ်း အနေနဲ့ ၃ နှစ် ပေးထားပါတယ်။ DCD Co.,Ltd ဖုန်း – ၀၁-၃၉၇၉၄၅ နဲ့ ၂၉၆၅၇၉ မှာ ဆက်သွယ်ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

-သန္တာ