October 20, 2017

Acer Switch Alpha 12

တန်ဖိုး – ကန်ဒေါ်လာ ၄၉၉.၀၀

အားသာချက်

ကီးဘုတ်တပ်ဆင် အသုံးပြုနိုင်အောင် စီစဉ်ပေးထားပြီး စွမ်းဆောင်ရည် ပိုင်းမှာလည်း မြန်မြန်ဆန်ဆန် အလုပ်လုပ်ဆောင်နိုင်သလို Display ကို တောက်ပအောင် စီစဉ်ပေးထားတာတွေက ဒီ tablet ရဲ့ အားသာချက်တွေပဲ ဖြစ်ပါတယ်။

အားနည်းချက်

Kickstand ဟာ ကျိုးပဲ့လွယ်ပြီး ဘက်ထရီ သက်တမ်းဟာလည်း တိုတောင်းတာကို တွေ့ရပါမယ်။

သုံးသပ်ချက်

ပေးရတဲ့ဈေးနှုန်းနဲ့ ညီမျှမယ်လို့ ထင်ရတဲ့ CPU နဲ့ performance တွေက သုံးစွဲသူကို စိတ်ကျေနပ်မှု ပေးစေလောက်ပါတယ်။ Windows Operating System ကို အသုံးပြုထားတဲ့အတွက် လုပ်ငန်းသုံးအနေနဲ့ အသုံးပြုချင်တယ် ဆိုရင်လည်း အသုံးပြုနိုင်တဲ့ tablet အမျိုးအစားတစ်ခုလည်း ဖြစ်ပါတယ်။ Graphic Card က ထည့်သွင်းထားတာ ဖြစ်တဲ့အတွက် Tablet ပေါ်ကနေ ဂိမ်းဆော့ချင်သူတွေ အတွက်လည်း စိတ်ကျေနပ်စေမှာပါ။

အသေးစိတ်ဖော်ပြချက်

Intel Core i5 Processor ကို အသုံးပြုထားပြီး Processor မြန်နှုန်းကတော့ 2.3 GHz ရှိမှာ ဖြစ်ပါတယ်။ RAM ကို 8 GB တပ်ဆင်ပေးထားပြီး အချက်အလက်တွေ သိမ်းဆည်းဖို့အတွက် 256 GB ပမာဏရှိတဲ့ SSD ကို အသုံးပြုထားပါတယ်။ Tablet မှာ အသုံးပြုထားတဲ့ system ကတော့ Windows 10 ကိုသုံးထားတာပါ။ Screen အရွယ်အစားက ၁၂ လက်မရှိပြီး resolution ကတော့ 2160 x 1440 resolution ရှိမှာဖြစ်ပါတယ်။ Graphic အတွက် Intel HD 520 Chip ကို အသုံးပြုထားပြီး graphic card memory ကတော့ 128 MB (dedicated) ရှိမှာ ဖြစ်ပါတယ်။ Bluetooth 4.0 စနစ်၊ USB Type C တို့ကိုလည်း ထည့်သွင်းပေးထား ပါတယ်။ ဘက်ထရီ အသုံးခံချိန်ဟာ ခန့်မှန်းချက်အရ ၈ နာရီ ၁၇ မိနစ် အသုံးခံလောက်မယ်လို့လည်း ခံမှန်းပေးထားပါတယ်။

ဒီဇိုင်း

ရိုးရှင်းလှပတဲ့ ဒီဇိုင်းနဲ့ပြုလုပ် ပေးထားတဲ့ Acer switch alpha 12 ဟာ အနောက်ဘက်မှာ kickstand ကို တပ်ဆင်ပေးထားပြီး tablet ရဲ့ဘယ်ဘက် အခြမ်းမှာ power button ကိုတပ်ဆင် ပေးထားပါတယ်။

Table ရဲ့ဘယ်ဘက် အခြမ်းမှာတော့ USB port C, USB 3.0, MicroSD slot နဲ့ headset jack အစရှိတာတွေကို တွေ့မြင်ရပါလိမ့်မယ်။

Ref: pcmag