Acer Spin 5 (13.3 inch)

တန်ဖိုး – ကန်ဒေါ်လာ ၇၄၉.၉၉

အားသာချက်

Acer Spin 5 က အခုခေတ်စားတဲ့ 2-in-1 ပုံစံနှစ်မျိုးနဲ့ အသုံးပြုနိုင်မယ့် Laptop ဖြစ်ပါတယ်။ Fullsize Blacklit ကီးဘုတ်ကလည်း ကောင်းမွန်သလို Stylus စနစ်လည်း ထောက်ပံ့ပါဝင်ပါတယ်။ Ports တွေလည်း စုံလင်မှုရှိပြီး စပီကာလည်း အသံထွက်ပိုင်း ကျယ်လောင်မှုရှိပါတယ်။ နောက်ပြီး ဘက်ထရီနဲ့ကို အချိန်တော်တော်ကြာ အသုံးပြုနိုင်တာက ဒီ Laptop ရဲ့ အားသာချက်တွေပဲ ဖြစ်ပါတယ်။

အားနည်းချက်

အားနည်းချက် အနေနဲ့ကတော့ ရှိသင့်တဲ့ အလေးချိန်ထက် အနည်းငယ်ပိုလေးတာ ဖြစ်ပါတယ်။

သုံးသပ်ချက်

Laptop ရဲ့ Display ကို ၃၆ဝ ဒီဂရီထိ ထားရှိပြီး Laptop ကို Tablet တစ်လုံးလို အသုံးပြုနိုင်မယ့်အပြင် Stylus စနစ်လည်း ထောက်ပံ့ပါဝင်တာက သဘောကျစရာပါ။ သူရဲ့လုပ်ဆောင်ချက်ပိုင်း စုံလင်လှတဲ့အပြင် ပေးရတဲ့တန်ဖိုးနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင်တော့ တန်တယ်လို့ဆိုရမှာ ဖြစ်ပါတယ်။ ဈေးနှုန်းသက်သာတဲ့ 2-in-1 အမျိုးအစား Laptop ကိုသုံးချင်သူတွေ ရွေးချယ်သင့်ပါတယ်။

အသေးစိတ်ဖော်ပြချက်

Touchscreen အမျိုးအစား မြင်ကွင်းရဲ့အကျယ်ကတော့ ၁၃.၃ လက်မရှိပြီး ရုပ်ထွက် အရည်အသွေးကို 1920x1080p ထိ ထောက်ပံ့ပေးနိုင်တဲ့ IPS screen Display ကို အသုံးပြုထားပါတယ်။ 16:9 screen ratio က Wideview အနေနဲ့ ကြည့်ရှုအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အမြန်နှုန်း 1.6GHz ရှိတဲ့ 8th Gen Intel Core i5-8250U CPU ကို အသုံးပြုထားပြီး 6MB ထိ Cashe ကို ရရှိနိုင်မှာ ဖြစ်ပါတယ်။ RAM 8GB DDR4 နဲ့ အချက်အလက် သိုလှောင်နိုင်မှုကတော့ 256GB SSD ကို တပ်ဆင်ထားပါတယ်။ ဂရပ်ဖစ်ပိုင်းအနေနဲ့ Intel UHD Graphics 620 ထောက်ပံ့ပါဝင်ပါတယ်။ WiFi 802.11ac ထောက်ပံ့ပါဝင်ပြီး Bluetooth 4.1 စနစ်ထောက်ပံ့ပါဝင်ပါတယ်။ SD card reader ပေါက်၊ USB 3.0၊ USB 2.0 ပေါက်နဲ့ USB Type-C ပေါက်တွေ ပါဝင်ပါတယ်။ ဒီ Laptop ရဲ့ ဘက်ထရီက တစ်နေ့တာ အလုပ်လုပ်ဖို့နဲ့ အွန်လိုင်းကနေ ဗီဒီယိုတွေ ကြည့်ရှုဖို့အတွက် ကောင်းမွန်လှပါတယ်။ အွန်လိုင်းကနေ 720p ဗီဒီယိုကို stream လုပ်ပြီး ကြည့်ရှုတာကို ၈ နာရီနဲ့ ၃ဝ မိနစ်ခန့် ကြည့်ရှုနိုင်ပါတယ်။ အလေးချိန်ကတော့ ၁.၆ ကီလိုဂရမ် (၃.၅၃ ပေါင်) ရှိမှာဖြစ်ပါတယ်။

– ရဲထွဋ်ဝင်း
Ref: www.cnet.com