July 15, 2018

Acer Chromebook Spin 11

[ Zawgyi ]

တန္ဖိုး – ကန္ေဒၚလာ ၃၄၉

အားသာခ်က္

ျပည့္ဝေကာင္းမြန္တဲ့ စြမ္းေဆာင္ရည္၊ အသံထြက္အရည္အေသြးနဲ႔ သက္ေသာင့္သက္သာရွိလွတဲ့ ကီးဘုတ္စနစ္ေတြက ဒီ Laptop ရဲ႕ အားသာခ်က္ပဲျဖစ္ပါတယ္။

အားနည္းခ်က္

Display က ကာလာပိုင္း စုံလင္ေကာင္းမြန္လွေပမယ့္ ၾကည့္ရတာ အနည္းငယ္မိွန္မွိန္ႀကီး ျဖစ္ေနတယ္လုိ႔ ခံစားရပါတယ္။ ဘက္ထရီနဲ႔ အသုံးျပဳႏုိင္မႈက ပုံမွန္ရွိသင့္တဲ့ ၾကာခ်ိန္ထက္ နည္းတာေတြက ဒီ Laptop ရဲ႕ အားနည္းခ်က္ပဲျဖစ္ပါတယ္။

သုံးသပ္ခ်က္

Acer Chromebook Spin 11 က ဟာ့ဒ္ဝဲပိုင္း စြမ္းေဆာင္ရည္ေကာင္းလွသလို က်စ္လ်စ္တဲ့ ကိုယ္ထည္ဒီဇုိင္း ပုံစံမ်ဳိးရွိေပမယ့္ အသုံးျပဳရတာ အနည္းငယ္ သက္ေသာင့္သက္သာရွိတဲ့ ပုံစံမ်ဳိးမဟုတ္တဲ့ 2-in-1 အမ်ဳိးအစား Laptop လို႔ဆိုရမွာပါ။ ဘက္ထရီနဲ႔ အသုံးျပဳႏုိင္မႈက ပုံမွန္ထက္နည္းတယ္ဆိုေပမယ့္ တစ္ေန႔တာအတြက္ လုံေလာက္တဲ့ပမာဏလို႔ ဆိုရမွာပါ။ Spin 11 က အလုံးစုံေကာင္းမြန္ေနတာမ်ဳိး မဟုတ္ေပမယ့္ စြမ္းေဆာင္ရည္ေကာင္းၿပီး တစ္ျခားၿပိဳက္ဘက္ ေမာ္ဒယ္ေတြထက္ ေစ်းႏႈန္းသက္သာတဲ့ 2-in-1 အမ်ဳိးအစား Chromebook ကို အသုံးျပဳခ်င္သူေတြ အတြက္ကေတာ့ ေရြးခ်ယ္ဖို႔အတြက္ စဥ္းစားသင့္တဲ့ Laptop တစ္လုံးပဲ ျဖစ္ပါတယ္။

အေသးစိတ္ေဖာ္ျပခ်က္

၁၁.၆ လက္မရွိတဲ့ Display က ႐ုပ္ထြက္အရည္အေသြးကို 1366×768 pixel ထိ ေထာက္ပံ့ေပးႏုိင္တဲ့ 10 Point capacitive Touch panel အမ်ဳိးအစားျဖစ္ပါတယ္။ အျမန္ႏႈန္း 1.1GHz ရွိတဲ့ Intel Celeron N3350 processor ကိုအသုံးျပဳထားၿပီး RAM 4GB နဲ႔ အခ်က္အလက္ သိုေလွာင္ႏုိင္မႈကေတာ့ 32 GB ရွိမွာျဖစ္ပါတယ္။ ဂရပ္ဖစ္ပိုင္းအေနနဲ႔ Intel HD Graphics 500 GPU ေထာက္ပံ့ပါဝင္ပါဝင္ၿပီး တုံ႔ျပန္မႈေကာင္းမြန္လွတဲ့အျပင္ Multitouch gesture စနစ္ေထာက္ပံ့ပါ၀င္တဲ့ Touchpad က ၄.၁x၂.၃ လက္မ အရြယ္အစားရွိပါတယ္။ WiFi 802.11ac၊ Bluetooth 4.2၊ microSD ေပါက္၊ USB Type C၊ USB 3.0 ေပါက္နဲ႔ 5.1 audio ေပါက္ေတြပါဝင္ပါတယ္။ WiFi ခ်ိတ္ဆက္ၿပီး Screen Brithtness 150 nits နဲ႔ အြန္လုိင္း အဆက္မျပတ္ အသုံးျပဳမႈကို ဘက္ထရီနဲ႔ ၈ နာရီနဲ႔ ၄၁ မိနစ္ခန္႔ အသုံးျပဳႏုိင္မွာ ျဖစ္ပါတယ္။ အေလးခ်ိန္ကေတာ့ ၁.၃၆ ကီလိုဂရမ္ (၃ ေပါင္) ရွိမွာျဖစ္ပါတယ္။

-ရဲထြဋ္ဝင္း
Ref: www.laptopmag.com

[ Unicode ]

တန်ဖိုး – ကန်ဒေါ်လာ ၃၄၉

အားသာချက်

ပြည့်ဝကောင်းမွန်တဲ့ စွမ်းဆောင်ရည်၊ အသံထွက်အရည်အသွေးနဲ့ သက်သောင့်သက်သာရှိလှတဲ့ ကီးဘုတ်စနစ်တွေက ဒီ Laptop ရဲ့ အားသာချက်ပဲဖြစ်ပါတယ်။

အားနည်းချက်

Display က ကာလာပိုင်း စုံလင်ကောင်းမွန်လှပေမယ့် ကြည့်ရတာ အနည်းငယ်မှိန်မှိန်ကြီး ဖြစ်နေတယ်လို့ ခံစားရပါတယ်။ ဘက်ထရီနဲ့ အသုံးပြုနိုင်မှုက ပုံမှန်ရှိသင့်တဲ့ ကြာချိန်ထက် နည်းတာတွေက ဒီ Laptop ရဲ့ အားနည်းချက်ပဲဖြစ်ပါတယ်။

သုံးသပ်ချက်

Acer Chromebook Spin 11 က ဟာ့ဒ်ဝဲပိုင်း စွမ်းဆောင်ရည်ကောင်းလှသလို ကျစ်လျစ်တဲ့ ကိုယ်ထည်ဒီဇိုင်း ပုံစံမျိုးရှိပေမယ့် အသုံးပြုရတာ အနည်းငယ် သက်သောင့်သက်သာရှိတဲ့ ပုံစံမျိုးမဟုတ်တဲ့ 2-in-1 အမျိုးအစား Laptop လို့ဆိုရမှာပါ။ ဘက်ထရီနဲ့ အသုံးပြုနိုင်မှုက ပုံမှန်ထက်နည်းတယ်ဆိုပေမယ့် တစ်နေ့တာအတွက် လုံလောက်တဲ့ပမာဏလို့ ဆိုရမှာပါ။ Spin 11 က အလုံးစုံကောင်းမွန်နေတာမျိုး မဟုတ်ပေမယ့် စွမ်းဆောင်ရည်ကောင်းပြီး တစ်ခြားပြိုက်ဘက် မော်ဒယ်တွေထက် စျေးနှုန်းသက်သာတဲ့ 2-in-1 အမျိုးအစား Chromebook ကို အသုံးပြုချင်သူတွေ အတွက်ကတော့ ရွေးချယ်ဖို့အတွက် စဉ်းစားသင့်တဲ့ Laptop တစ်လုံးပဲ ဖြစ်ပါတယ်။

အသေးစိတ်ဖော်ပြချက်

၁၁.၆ လက်မရှိတဲ့ Display က ရုပ်ထွက်အရည်အသွေးကို 1366×768 pixel ထိ ထောက်ပံ့ပေးနိုင်တဲ့ 10 Point capacitive Touch panel အမျိုးအစားဖြစ်ပါတယ်။ အမြန်နှုန်း 1.1GHz ရှိတဲ့ Intel Celeron N3350 processor ကိုအသုံးပြုထားပြီး RAM 4GB နဲ့ အချက်အလက် သိုလှောင်နိုင်မှုကတော့ 32 GB ရှိမှာဖြစ်ပါတယ်။ ဂရပ်ဖစ်ပိုင်းအနေနဲ့ Intel HD Graphics 500 GPU ထောက်ပံ့ပါဝင်ပါဝင်ပြီး တုံ့ပြန်မှုကောင်းမွန်လှတဲ့အပြင် Multitouch gesture စနစ်ထောက်ပံ့ပါ၀င်တဲ့ Touchpad က ၄.၁x၂.၃ လက်မ အရွယ်အစားရှိပါတယ်။ WiFi 802.11ac၊ Bluetooth 4.2၊ microSD ပေါက်၊ USB Type C၊ USB 3.0 ပေါက်နဲ့ 5.1 audio ပေါက်တွေပါဝင်ပါတယ်။ WiFi ချိတ်ဆက်ပြီး Screen Brithtness 150 nits နဲ့ အွန်လိုင်း အဆက်မပြတ် အသုံးပြုမှုကို ဘက်ထရီနဲ့ ၈ နာရီနဲ့ ၄၁ မိနစ်ခန့် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အလေးချိန်ကတော့ ၁.၃၆ ကီလိုဂရမ် (၃ ပေါင်) ရှိမှာဖြစ်ပါတယ်။

-ရဲထွဋ်ဝင်း
Ref: www.laptopmag.com