October 20, 2017

Acer Aspire Switch Alpha 12

တန်ဖိုး – ကန်ဒေါ်လာ ၆၄၉

အားသာချက်

Acer Aspire Switch Alpha 12 ဟာ သယ်ဆောင်ရလွယ်ကူပြီး tablet ရဲ့စွမ်းဆောင်ရည်ပိုင်းဟာလည်း ကောင်းမွန်တာက အားသာချက်တစ်ခု ဖြစ်ပါတယ်။ ဒါ့အပြင် keyboard တွဲဖက်ပြီး အသုံးပြုနိုင်တာကြောင့် laptop အဖြစ်လည်း သုံးစွဲနိုင်ပါတယ်။

အားနည်းချက်

ဘက်ထရီသုံးစွဲနိုင်တဲ့ သက်တမ်းက အချိန်အများကြီး သုံးစွဲနိုင်တာမျိုးတော့ ရှိမှာမဟုတ်ပါဘူး။ Keyboard ကလည်း ဈေးပေါတဲ့ keyboard ကို သုံးထားပါတယ်။

သုံးသပ်ချက်

စွမ်းဆောင်ရည်ကောင်းတဲ့ tablet ကို ရွေးချယ်နေတယ်ဆိုရင်တော့ သုံးစွဲသင့်တဲ့ tablet အမျိုးအစားတစ်ခုဖြစ်ပြီး ခရီးမကြာခဏ သွားနေရတဲ့ သူတွေအတွက်တော့ အလွယ်တကူနဲ့သယ်ယူသွားနိုင်တဲ့ tablet အမျိုးအစားတစ်ခုလည်း ဖြစ်ပါတယ်။

အသေးစိတ်ဖော်ပြချက်

Intel Core i5 processore ကို အသုံးပြုထားပြီး processor ရဲ့မြန်နှုန်းကတော့ 2.3 GHz ရှိမှာဖြစ်ပါတယ်။ DDR 3 RAM 8GB ပါဝင်မှာဖြစ်ပြီး အချက်အလက်တွေ သိမ်းဆည်းဖို့အတွက် SSD 256GB ပမာဏရှိတဲ့ Storage ပါဝင်မှာဖြစ်ပါတယ်။ Tablet ပေါ်ကနေ ဂိမ်းကစားချင်တဲ့ သူတွေအတွက် Intel HD Graphic 520 chip ကိုအသုံးပြုထားပြီး graphic memory ကတော့ 128 MB ရှိမှာဖြစ်ပါတယ်။ Tablet မှာအသုံးပြုထားတဲ့ System ကတော့ Windows 10 Home (64-bit) ကို အသုံးပြုထားတာပါ။ Resolution ကတော့ 2160 x 1440 resolution ရှိမှာဖြစ်ပါတယ်။ Screen အရွယ်အစားမှာ ၁၂ လက်မခန့် ရှိမှာဖြစ်ပါတယ်။ ကင်မရာပိုင်းမှာ အရှေ့ဘက် ကင်မရာက 2 Megapixels ရှိမှာဖြစ်ပြီး အနောက်ဘက် ကင်မရာက 5 Megapixels ရှိမှာဖြစ်မှာဖြစ်ပါတယ်။ USB 3.1 နဲ့ USB Type-C တို့ ပါဝင်မှာဖြစ်ပြီး microSD card reader လည်း ပါဝင်မှာဖြစ်ပါတယ်။

ဒီဇိုင်း

ကျစ်လျစ်တဲ့ ဒီဇိုင်းနဲ့ဖွဲ့စည်း တည်ဆောက်ထားတဲ့ Acer Aspire Switch Alpha 12 ဟာ USB port တွေနဲ့ microSD card reader တို့ကို tablet ရဲ့ညာဘက်အခြမ်းမှာ တပ်ဆင်ထားပါတယ်။ ဘယ်ဘက်အခြမ်းမှာ pen တပ်ဆင်ထားနိုင်မှာဖြစ်ပြီး အနောက်ဘက်မှာ တပ်ဆင်ထားတဲ့ kickstand ကလည်း screen ကို လိုအပ်သလို ကြည့်နိုင်ရန်အတွက် ချိန်ညှိနိုင်ပါတယ်။

-သီဟ
Ref: CNET