December 12, 2017

Acer Aspire E 15 (E5-575-33BM)

တန်ဖိုး – ကန်ဒေါ်လာ ၃၄၉.၉၉

အားသာချက်

ရုပ်ထွက်အရောင်အသွေးစုံ လင်လှတဲ့ Full HD display ရှိတဲ့ပြင် ဘက်ထရီနဲ့ကို အချိန်ကြာကြာ သုံးနိုင်မှာဖြစ်ပါတယ်။ Ports တွေ များ
ပြားစုံလင်လှပြီး DVD Drive လည်းပါဝင်ပါတယ်။ အသံထွက်ပိုင်းလည်း ကြည်လင်ကောင်းမွန်တဲ့တာက ဒီ Laptop ရဲ့ အားသာချက်ဖြစ်ပါတယ်။

အားနည်းချက်

Webcam ကတော့ အရမ်းအကောင်းကြီး မဟုတ်လှပါဘူး။ အသုံးပြုရတာ ရုပ်ထွက်ပိုင်းဖွယ်တယ်လို့ ခံစားရပါတယ်။ မြင်ကွင်းရဲ့
ဘေးတစ်ဖက် တစ်ချက်စီကနေ ကြည့်ရှုနိုင်တဲ့ရှုထောင့် Viewing angle ပိုင်း အားနည်းတယ်လို့ဆို ရမှာဖြစ်ပါတယ်။

သုံးသပ်ချက်

Acer Aspire E15 ရဲ့ ပြည့်ဝတဲ့ စွမ်းဆောင်ရည်နဲ့ ကောင်းမွန်တဲ့ ဘက်ထရီစနစ်တွေက ပေးရတဲ့တန်ဖိုးနဲ့ နှိုင်းယှဉ်မယ်ဆိုရင်
သုံးရတာ တန်တယ်လို့ခံစားရမှာ ဖြစ်ပါတယ်။ ၁၅ လက်မအရွယ်အစား Laptop ထဲမှာ သူ့လိုမျိုးဈေးနှုန်းနဲ့ စွမ်းဆောင်ရည်ပိုင်း ကောင်းမွန်တဲ့တစ်ခြားအမှတ် တံဆိပ် Laptop ကို ရှာမယ်ဆိုရင်တော့ တော်တော်လေးရှာရမယ့် အမျိုးအစားပါ။

အသေးစိတ်ဖော်ပြချက်

Acer Aspire E15 ရဲ့ မြင်ကွင်းအကျယ်ကတော့ ၁၅.၆ လက်မရှိပြီး ရုပ်ထွက်အရည်အသွေးကို 1080p ထိ ထောက်ပံ့ပေးနိုင်ပါတယ်။ Core i3-7100U processor ကို အသုံးပြုထားပြီး RAM 4GB နဲ့ အချက်အလက် သိုလှောင်နိုင်မှု ကတော့ 1TB (5400rpm)  HDD ပါဝင်ပါတယ်။ ဂရပ်ဖစ်ပိုင်းအနေနဲ့ Intel HD 620 GPU ထောက်ပံ့ပါဝင်ပြီး Webcam က 720p sensor အမျိုးအစားဖြစ်ပေမယ့် လုပ်ငန်းအတွက် Skype တွေဘာတွေ အသုံးပြုဖို့ အတွက်ကတော့ ကောင်းမွန်တဲ့ မိုက်ခရိုဖုန်းစနစ် ပါဝင်တာ တွေ့ရပါတယ်။ ဒီ Laptop က ဘက်ထရီနဲ့ကို ၈ နာရီနဲ့ ၁၆ မိနစ်ခန့် အသုံးပြုနိုင်တာက တစ်နေ့တာလုပ်ငန်းခွင်အတွက် လုံလောက်မှုရှိသလို အပြင်သွားတဲ့ အခါမျိုးမှာ အားသွင်းကြိုးကို အိမ်မှာထားခဲ့လို့ ရမှာဖြစ်ပါတယ်။ SD ကတ်ပေါက်၊ USB 3.0 ပေါက်၊ USB 2.0 ပေါက်၊ နားကြပ်ပေါက်၊ USB Type-C ပေါက်တွေ ကိုယ်ထည်ရဲ့ ဘေးဘောင်တစ်ဘက် တစ်ချက်စီမှာ ထည့်သွင်းထားပါတယ်။ အလေးချိန်ကတော့ ၅.ဝ၆ ပေါင်ရှိမှာဖြစ်ပါတယ်။

-ရဲထွဋ်ဝင်း
Ref: www.laptopmag.com