April 23, 2017

ဓာတ်ပုံတွေရဲ့ Background တွေကို iPhone သုံးပြီး ဘယ်လို ပြောင်းလဲမလဲ

တစ်ခါတလေမှာ သင်ဟာ ဓာတ်ပုံတွေပါဝင်တဲ့ Subject နောက်က ဓာတ်ပုံတွေကို ပြောင်းလဲချင်တဲ့ ဆန္ဒရှိပါလိမ့်မယ်။ ကိုယ့်ရဲ့
ဓာတ်ပုံမှာ Subject နောက်မှာ ပြောင်ရှင်းနေတဲ့ Background နဲ့ဆိုရင် စိတ်ဝင်စားဖို့ မကောင်းတာကြောင့် Texture Background တွေ ပိုပြီးစိတ်ဝင်စားပြီး လှပတဲ့ Background တွေကို ပြောင်းလဲချင်ကြပါတယ်။ အဲလိုအချိန်မှာ ကွန်ပျူတာ တစ်လုံးကလည်း
အဆင်သင့် မရှိနေတဲ့ အချိန်မှာ လက်ထဲမှာ iPhone တစ်လုံးရှိနေမယ် ဆိုရင်တော့ ကိုယ်ဖြစ်ချင်တာကို ဖြစ်ခွင့်ရနိုင်ပြီလို့
ဆိုရမှာပါပဲ။ အခုပြောပြမယ့် အကြောင်းအရာမှာ iPhone တစ်လုံးကို အသုံးပြုပြီး ဓာတ်ပုံတွေရဲ့ Background တွေကို
ဘယ်လိုပြောင်းလဲ နိုင်မလဲဆိုတဲ့ အကြောင်းပဲ ဖြစ်ပါတယ်။ အဲလိုပြောင်းလဲရာမှာ iPhone မှာတော့ အဆင်သင့်ပြောင်းလဲနိုင်တဲ့
App တော့ မပါဝင်ပေမယ့် Applicaiton တစ်ခုကို ထည့်သွင်းပြီး ပြောင်းလဲရမှာ ဖြစ်ပါတယ်။ ဒီ Application ကတော့
superimpose App ပဲဖြစ်ပါတယ်။

ဘယ်လိုပုံ အမျိုးအစားတွေက ပြုလုပ်လို့ကောင်းသလဲ

ပုံရဲ့ Background တွေကို ဖယ်ရှားရတာနဲ့ ပြန်ထည့်ရတဲ့ နည်းလမ်းတွေက များစွာရှိပါတယ်။ အခုဖော်ပြပေးမယ့် နည်းလမ်းတွေက
ပိုလည်း အလုပ်ဖြစ်ပြီး ပိုလည်းလွယ်ကူစေမယ့် နည်းလမ်းတစ်ခု ဖြစ်မယ်လို့ ယုံကြည်ပါတယ်။ Background တစ်ခုကို ပြောင်းလဲဖို့
အတွက်ကတော့ ဓာတ်ပုံတွေမှာ ရှိနေတဲ့ Background အရောင် တွေမှာ ရှင်းလင်းပြီး ပြည့်ဝတဲ့ အရောင်နဲ့ ထင်ရှားတဲ့ Subject
ဖြစ်နေမယ်ဆိုရင် edit လုပ်ဖို့ကောင်းတဲ့ ဓာတ်ပုံ တစ်ပုံဖြစ်နေမှာပါ။

အပေါ်မှာ ဖော်ပြထားတဲ့ နှင်းဆီပန်းပွင့် ဓာတ်ပုံတစ်ပုံဟာဆိုရင် Background နဲ့ Subject နှစ်ခုစလုံးက ကွဲပြားခြားနားပြီးတော့
Background ကို ဖယ်ပစ်ဖို့ အကောင်းဆုံးသော ဓာတ်ပုံတစ်ပုံပဲ ဖြစ်ပါတယ်။ ဒီနှင်းဆီ ဓာတ်ပုံမှာဆိုရင် Background ရဲ့ အရောင်နဲ့ Suject ဖြစ်တဲ့ နှင်းဆီဟာ ကွဲပြားခြားနားလွန်းပြီး Background ကအရောင်ကို နှင်းဆီမှာ ပါဝင်နေတဲ့ အရောင်တွေက သွားရောနေခြင်းမရှိတာကြောင့် ဖယ်ရှားလို့ ပိုမယ်လွယ်ကူတယ်လို့ ယူဆရတာ ဖြစ်ပါတယ်။ ဒါကြောင့် အခုဖော်ပြထားတဲ့ နှင်းဆီဓာတ်ပုံလိုပဲ
ကိုယ်ဖယ်ချင်တဲ့ Background ရှိလာမယ်ဆိုရင် Background နဲ့ Subject ကွဲပြားခြားနားတဲ့ အရောင်တွေ ဖြစ်နေလေ
ပိုကောင်းလေပဲ ဖြစ်ပါတယ်။

ဘယ် App ကိုသုံးမလဲ

Background ကိုဖယ်ပစ်ဖို့ သုံးတဲ့ App တွေ အများအပြား ရှိပါတယ်။ ဒါပေမဲ့ အခုရေးသားနေချိန်မှာတော့ အသုံးပြုဖို့ Superimpose App ကိုသုံးစွဲပြမှာဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီ App ဟာ Backgroud ဓာတ်ပုံနဲ့ Foregroud ဓာတ်ပုံနှစ်ခုလုံးကို
တစ်ပြိုင်တည်း ထည့်သွင်းပြီး သုံးစွဲနိုင်လို့ပဲ ဖြစ်ပါတယ်။

Superimpose app ဟာ တကယ်ကောင်းတဲ့ App တစ်ခုပါ။ သူ့မှာ Layer Masking နည်းပညာကောင်းတာကို တွေ့ရပါတယ်။
ကိုယ်ဖယ်ချင်တဲ့ ဓာတ်ပုံကို Foregroud မှာ ထည့်သွင်းပြီး နောက်က Background ပေါ်လာအောင် Transprent လုပ်ကာ
Layer တွေကို အဆင်ပြေပြေ ဖြတ်ထုတ်နိုင်အောင် ဖန်တီးပေးနိုင်တာကြောင့် ဖြစ်ပါတယ်။

Superimpose App မှာ အခြေခံအားဖြင့် Edit လုပ်နိုင်တဲ့ နည်းလမ်းတွေ ပါဝင်တာကို တွေ့ရပါတယ်။ အရောင်တွေ ချိန်ညှိနိုင်တာ၊
ဓာတ်ပုံတွေ ဖြတ်တောက်နိုင်တဲ့ mode 18 မျိုး၊ Double Exposure Effect တွေကို ပြုလုပ်နိုင်တဲ့ တော်တော်ကောင်းတဲ့ App
တစ်ခုဖြစ်ပါတယ်။

Textured Background ကို ဘယ်လိုထည့်သွင်းမလဲ

နှင်းဆီပွင့် ဓာတ်ပုံမှာ ပါဝင်တဲ့ Background ဟာ အဖြူရောင် အပြည့်ဖြစ်ပါတယ်။ အဲဒီအစား Texture တွေ ပါဝင်တဲ့ Background
တစ်ခုကို ပြောင်းလဲကြည့်မှာ ဖြစ်ပါတယ်။ ဘယ်လိုပြောင်းလဲမလဲ ဆိုတာကတော့ အောက်မှာ အဆင့်ဆင့် ကြည့်သွားနိုင်ပါတယ်။

အရင်ဆုံး ထည့်သွင်းမယ့် Texture Background တစ်ခုကို Google မှာ ရှာဖွေပါ။ ကြိုက်နှစ်သက်တဲ့ ပုံတွေရဲ့ Download လုပ်ပြီး
နှင်းဆီရဲ့ Background မှာ အစားထိုးမှာပဲ ဖြစ်ပါတယ်။

ဒီအဆင့်မှာဆိုရင် အရှေ့ဘက်မှာ ရှိနေမယ့် နှင်းဆီက Background ကိုဖြတ်ပစ်မှာ ဖြစ်တာကြောင့် Layer Masking နဲ့ပြုလုပ်
ရမှာဖြစ်ပါတယ်။ ဒါကြောင့် ဘယ်ပုံကို Backgrund မှာထားပြီး ဘယ်ပုံကိုတော့ Foreground မှာထားမယ်ဆိုတာ သိဖို့လိုအပ်ပါတယ်။

Superimpose app ရဲ့ ဘယ်ဘက်အပေါ်ထောင့်မှာရှိတဲ့ icon ကိုနှိပ်လိုက်ပြီး Background တစ်ခုကို ထည့်သွင်းရမှာ ဖြစ်ပါတယ်။
ဒီ Background image ဟာ ရွေးချယ်ထားတဲ့ Background image အသစ်ကိုပဲ ထည့်သွင်းရမှာပါ။ အခုအချိန်မှာတော့ ဒေါင်းလော့
လုပ်ထားတဲ့ Texture imager တစ်ခုကိုပဲ ရွေးချယ်လိုက်မှာ ဖြစ်ပါတယ်။

အခုဆိုရင် Background ပုံတစ်ပုံ App ထဲကို ရောက်လာပြီ ဖြစ်ပါတယ်။ စတင်ရောက်လာတဲ့အချိန်မှာ ပုံသေးအနေနဲ့ မြင်ရမှာဖြစ်ပြီး
ပုံကြီးဖြစ်အောင် ဆွဲချဲ့ပြီး ဓာတ်ပုံရဲ့ ပုံဆိုဒ်ပြည့်ဖြစ်သွားမှာပါ။ ဓာတ်ပုံရဲ့ ပုံဆိုဒ်တွေကိုလည်း လိုသလို Option ထဲမှာ ရွေးချယ်နိုင်ပါ
သေးတယ်။ အခုအချိန်မှာတော့ နှင်းဆီပွင့်နဲ့ ပုံဆိုဒ်ပြည့် Background ကို လဲလှယ်မှာ ဖြစ်တာကြောင့် ပုံကြီးအဖြစ် ဆွဲချခြင်း
ဖြစ်ပါတယ်။

Masking မလုပ်ခင်မှာ Foreground အဖြစ်သုံးမယ့် နှင်းဆီပုံကို ကင်မရာ Roll ထဲကနေ ရှာဖွေပြီး import လုပ်မှာဖြစ်ပါတယ်။
import ပြီးတာနဲ့ Superimpose App ထဲကို နောက်က Background ပေါ်မှာ ထပ်ပြီး ပေါ်လာတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

Background နဲ့ အတိအကျဖြစ်အောင် ချိန်မယ်

Background ပေါ်မှာ ပေါ်နေတဲ့ နှင်းဆီဓာတ်ပုံကို Background ကိုဖုံးလွှမ်းသွားအောင် ဆွဲချဲ့ရမှာဖြစ်ပါတယ်။ အဲလိုဆွဲချဲ့ဖို့
အတွက် Tranform section ကိုသုံးရမှာဖြစ်ပါတယ်။ Transform Section မှာ အချုံ့ ၊ အချဲ့နဲ့ ပုံကို အလှည့်အပြောင်းတွေ
ပါဝင်ပါတယ်။

တကယ်လို့ ပုံကို Vertical, Horizonal လုပ်မယ်ဆိုရင်လည်း ဒီအဆင့်မှာ လုပ်နိုင်ပါသေးတယ်။ ဒါမှမဟုတ် Foreground နဲ့ Background ကို အပြောင်းအလဲ လုပ်ချင်တယ်ဆိုရင်လည်း ဒီအဆင့်မှာပဲ ပြောင်းလဲနိုင်ပါတယ်။ Foreground ဖြစ်နေတဲ့
နှင်းဆီ ဓာတ်ပုံကို အောက်က Background နဲ့ Fit ဖြစ်သွားအောင် လုပ်ဖို့ဆိုရင် ညာဘက်အပေါ် ထောင့်မှာရှိတဲ့ Fit to Background ဆိုတဲ့ icon ကိုနှိပ်လိုက်ရုံပါပဲ။

Magic Wand tool ကိုသုံးစွဲခြင်း

အပေါ်က အဆင့်တွေ ပြီးပြီဆိုရင် နှင်းဆီပွင့်ပုံမှာ ပါဝင်နေတဲ့ အဖြူရောင် Background ကိုဖယ်ရှားပြီး အောက်က Texture Background နဲ့ အစားထိုးမှာ ဖြစ်ပါတယ်။ ပြုလုပ်ပုံက App မှာပါတဲ့ Magic section ကို သွားရမှာဖြစ်ပါတယ်။ ဝင်လိုက်တာနဲ့
Magic Wand tool ကို Defult အနေနဲ့ မြင်တွေ့ရမှာပါ။ Magic Wand က တကယ့်ကို မှော်ဆန်ပါတယ်။ တစ်ချက်နှိပ်လိုက်တာနဲ့
တူညီနေတဲ့ Color pixel အားလုံးကို Mask လုပ်လိုက်မှာ ဖြစ်ပါတယ်။

အဓိပ္ပါယ်ကတော့ နှင်းဆီရဲ့ ပတ်ပတ်လည်မှာ ရှိနေတဲ့ အဖြူရောင် ဧရိယာတွေအကုန်လုံးကို ရွေးချယ်လိုက်မှာ ဖြစ်ပါတယ်။
ပြီးရင်တော့ အဖြူရောင် pixel တွေက Transperent ဖြစ်ပြီး အောက်ဘက်မှာ ရှိနေတဲ့ Texture Background ပေါ်လာမှာ
ဖြစ်ပါတယ်။

Mask area တွေကျန်ခဲ့ခြင်း

အခုပုံမှာ ကြည့်မယ်ဆိုရင်တော့ Magic wand က အဖြူရောင် Layer တော်တော်များကို ဖယ်ထုတ်လိုက်ပေမယ့် မဖယ်နိုင်ဘဲ
ကျန်နေတဲ့ နေရာတစ်ချို့ကို မြင်တွေ့ရမှာပါ။ ဒါကလည်း ပြဿနာတော့ သိပ်မရှိပါဘူး။ ပုံကို Zoom in ဝင်ပြီးတော့ အဖြူရောင်တွေ
ကျန်ခဲ့တဲ့နေရာတွေကို လိုက်ရှာပြီး Magic wand ထပ်လုပ်ပြီး ဖယ်ရှားနိုင်မှာ ဖြစ်ပါတယ်။

နည်းနည်းလေး အခက်အခဲတချို့ ရှိနိုင်တာက အရမ်းကိုသေးငယ်တဲ့ Area တွေနဲ့ Color တွေ ရောထွေးနေတဲ့ နေရာတွေမှာ magic wand က အလုပ်လုပ်နိုင်ဖို့ ခဲယဉ်းတာကို တွေ့ရပါတယ်။ ဒါကြောင့် Color တွေ ကွဲပြားပြီး ဖြတ်လို့ကောင်းတဲ့ Area ကျယ်ကျယ်
ရှိနေရင် ပိုကောင်းနိုင်ပါတယ်။

ပုံတွေ ဖြတ်တောက်ပြီးပြီ ဆိုရင်တော့ ဖြတ်ထားတဲ့ နေရာတွေမှာ လိုင်းတွေ ကြမ်းနေတာကို ပြုပြင်ရမှာ ဖြစ်ပါတယ်။ App ထဲမှာ
ပါဝင်တဲ့ Brush Tool နဲ့ မညီမညာဖြစ်နေတဲ့ ထောင့်တွေကို လိုက်ပွတ်နိုင်ပါတယ်။ Brush tool မှာ အတင်အချ လုပ်နိုင်သလို Brush tool ရဲ့ အရွယ်အစားကိုလည်း ချိန်ညှိနိုင်ပါသေးတယ်။ တကယ်လို့ ကိုယ်က အမှားအယွင်း တစ်ခုဖြစ်သွားရင်တောင် Eraser နဲ့ undo လုပ်နိုင်ပါသေးတယ်။

Edit လုပ်ထားတဲ့ ပုံကို Save မယ်

ကိုယ်လုပ်ထားတဲ့ ဓာတ်ပုံဟာ စိတ်ကျေနပ်ပြီး ပြည့်စုံကောင်းမွန် သွားပြီဆိုရင် Home ကိုပြန်သွားပြီး High Resolution နဲ့
Save လုပ်နိုင်မှာ ဖြစ်ပါတယ်။

အောက်မှာ ဖော်ပြထားတဲ့ ဓာတ်ပုံကတော့ Texture Background ထည့်ထားတဲ့ နောက်ဆုံး Final နှင်းဆီဓာတ်ပုံ တစ်ပုံပဲ
ဖြစ်ပါတယ်။ တကယ့်ကို ရိုးရှင်းပြီး လွယ်ကူတဲ့ နည်းလမ်းနဲ့ ဖန်တီးထားတဲ့ ဓာတ်ပုံတစ်ပုံပဲ ဖြစ်ပါတယ်။