April 23, 2017

တိတ်တိတ်ပုန်း ရည်းစား

“ချစ်သလား”

“အဟိခိ”

ချစ်သလားဆိုတာက စာနဲ့ ချက်တာ။ အဟိခိ ဆိုတာက အပြင်မှာ ဆတ်စလူးထပြီး ပါးစပ်ပေါက် က လျှံထွက်လာတဲ့ ဆတ်စလူးသံ။

ငတိမလေးက စာပြန်ရိုက်နေတယ်။ ရည်းစားလက်မဲ့ဖြစ်က တည်းက ကညုနေတာ ကြာပေါ့။

ဟိုလူ့ ရနိုးနိုး ဒီလူ့ရနိုးနိုးနဲ့ ပတ်ဖွန်နေရာကနေ ဒီဟာမလေး ကျတော့ မအူမလည်လေး၊ ကိုယ်ကလည်း မလည်ရှုပ်ဆိုတော့ ကွက်တိပေါ့။

အသက်ကလည်း ချာတိတ်မက ၂ဝ ပျော့ပျော့။ ကိုယ်တွေကလည်း ခုထိ နုတုန်း ပျိုတုန်းကျောင်း တက်တုန်းလေ။

ရွယ်တူတွေက အလုပ်တွေဝင် ဆရာတွေပြန်ဖြစ်နေပြီ ဆိုပေ မယ့် လုပ်ငန်း experience ကထင်သလောက် မရှိကြဘူး။ ကိုယ်တွေကျ ကျောင်းမှာချည်းပဲ အတွေ့အကြုံ experience က ၇ နှစ်ကျော်နေပြီ။ အလုပ်ဝင်ရင် မျက်နှာပန်း လှလိုက်မယ့် ဖြစ် ချင်း။

“အဟိ”

အခုလဲ ရည်းစားတစ်ယောက် ရလုဆဲဆဲ … ဘဝက ကျေနပ် စရာတွေ အပြည့် အဟက်။

“ဟုတ် ကိုကြီး”

“ဟယ် ချစ် ချစ်တယ်လား”

“ဟုတ်”

“အပြင်က မျက်ခွက်မြင်ပြီး စိတ်မပြောင်းရဘူးနော်”

“ကိုကြီးက သမီးချစ်တာကို မယုံတာလား”

“အာမဟုတ် …”

“နက်ဖြန် တွေ့မယ်”

“ဟယ်”နိပ်ပဟ … တကယ်လဲတွေ့ ကော ဘယ်ကဘယ်လို စပြောရမယ်မှန်း မသိတော့ဘူး။ ဖွန်ကြောင်တုန်းကသာ လျှာရိုးမရှိ၊ မျက်နှာရူးကြီးတမနဲ့ လှိမ့်ပစ်ခဲ့တဲ့ တော်ကီတွေ အခုကျ တူတူရေဝါး ဖြစ်ကုန်ပြီ။

“ဘယ် … ဘယ်ကိုသွားရမလဲ ဟင် အခုက”

“သင်တန်း”

“သြော်”

စကားသံက တိတ်သွားပြန် ရော။

“ဟိုလေ facebook မှာ RS တင်ကြမလား အဟိခိ …”

အရင်တစ်ယောက်နဲ့ က လည်း တင်ခဲ့တာကိုး။ အခုကျ relationship မှာ single ဆိုတာကြီးကိုက ရည်းစားမဲ့ ယောကျာ်းရေ နည်းငါးလို၊ ပါစင်ဂျာမရတဲ့ ဆိုက်ကားလို၊ အခြောက်မရဲ့ ဘယာစီယာလို ဟာတာတာနဲ့ ဘက်ပဲ့လွန်းတယ် မဟုတ်ဘူး လား။

“မရပါဘူး”

“အု”

ငတိမက သူ့လက် ဘုတိုလေးငါးချောင်းနဲ့ ကာပြပြီး ငြင်းတယ်။

“အကောင့်ထဲမှာ အမျိုးတွေရှိတယ်”

“သြော် ”

ကျုပ်ကလဲ လျင်တယ်။ ဘေးချင်းယှဉ်လျှောက် နေတာဆိုတော့ သူလက်ပြန်အချ အဲ့ဒီ ဘုတိုလေးငါးချောင်းကို ကျုပ်လက်ကြမ်း ကြမ်း ပြားပြားကြီးနဲ့ ဖတ်ခနဲငုံပြီး ကိုင်လိုက်တယ်။

“ဟာ … ကိုကြီး ဘာလုပ် တာလဲ၊ လွှတ်ဗျာ … လွှတ်ပေး”

အကြောက်အကန်ကို ရုန်းထွက်သွားတာ။

“ညည်းနဲ့ငါနဲ့က ရည်းစားတွေနော် ကလေးမ”

“ဒီလမ်းထဲမှာ အမျိုးတွေရှိ တယ်”

တောက် …

လာပြန်ပြီ ဒီသောက် အမျိုး တွေ။

“ကဲပြော … ဘယ်တိုက်လဲ ဘယ်အခန်း လဲ”

“အပေါ်ဘလောက်””သြော် … အပေါ်ဘလောက် မှာနေတဲ့ နင့်အမျိုးတွေက အလယ်ဘလောက်ကို ကျော်ပြီး အောက်ဘလောက်မှာ နင်နဲ့ငါ လက်ကိုင်တာကို လှမ်းမြင်မယ် ပေါ့။ သြော် … အေး …”

တိုက်ခေါင်မိုးပေါ်တက်ပြီး

စနိုက်ပါနဲ့ လှမ်းချိန်ထား ရင်တော့ မပြောတတ်ဘူးပေါ့ လေ။

“ပြောမရဘူးလေ ကိုကြီးရဲ့

သွားရင်းလာရင်း ဘွားခနဲ ပက်ပင်းတိုးရင် မီးပဲအဆူခံရမှာဗျ”

ငတိမ ကြည့်ရတာလည်း တကယ်ကြောက်နေတဲ့ပုံ။ မျက်ရည်လေးဝဲလို့။

“ဟူး … ကဲပြော … ဒါဆို

ရှေ့ဆက်ပြီး ဘယ်လိုနှစ်ပါးသွား ကြမလဲ”

“ဆိုင်းလန့်တွဲမှာလေ”

“ဟမ် ဘာကြီး …”

“ကိုကြီးကလည်း ပိန်းပါ့။

silent ဆိုတာက ဘယ်သူ့ကိုမှ အသိမပေးဘဲ တိတ်တိတ်ပုန်းတွဲတာ ”

“ဟယ် ကီပင်လိုပေါ့ … သြော်” တိတ်တိတ်ပုန်းမယားတို့ တိတ်တိတ်ပုန်းလင်တို့ပဲ ကြားဖူးပါတယ်။

သူတို့ခေတ်ကျမှ တိတ်တိတ်ပုန်းရည်းစားတဲ့။ တိတ်တိတ်ပုန်း ကြိုက်၊ တိတ်တိတ်ပုန်းတွဲ၊ တိတ်တိတ်ပုန်း ပြဿနာတက်လည်း တိတ်တိတ်ပုန်း အသည်းကွဲရုံပဲ ရုပ်မပျက်တော့ဘူး။

အလဲ့ … နိပ်ဟ။

“ငါမှ silent မတွဲဖူးတာ”

“မီးသင်ပေးမယ်လေ မီးကsilent ပဲတွဲတာ ကိုကြီး အရင်က ရည်းစား ၂၃ ဆက်စလုံး silent ပဲ”

“၂၃ ယောက်လို့ ပြောစမ်းပါ ဟယ်”

“ကိုကြီးက ၂၄ ဆက်မြောက် ရည်းစား …”

“အုမ်”

“ဖေဖေက မှာထားတယ်လေ ဘာသံညာသံ မကြားချင်ဘူးတဲ့။ အဲ့ဒါကြောင့် ဘာအသံမှ မထွက် အောင် silent ပဲထားတာ ဟီဟီဟီ …”

“ဟင် … သြော်”

သမီး အလိမ္မာလေး။

“ကဲ ဟုတ်ပါပြီ … အဲ့ဒီစိုင်းစိုင်းခမ်းလှိုင် ဆိုတာကြီးတွဲ ပါပြီတဲ့”

“ဆိုင်းလန့် ပါ”

“ငါကဘာတွေ လိုက်နာရမှာ လဲ”

“နာမည်ကိုက silent လေ၊ ဘာအသံမှ မထွက်တာ အ ကောင်းဆုံးပဲ”

“ဟယ် … စကားမပြောရတော့ ဘူးလား”

“လူလစ်ရင် ပြောပေါ့”

“သြော်”

“ဘယ်လိုမှ မအောက်မေ့နဲ့ နော် ကိုကြီး ကိုကြီးက ခုမှ silent စတွဲမှာဆိုတော့ silent သက်နုသေးတယ်လေ”

“သြော် အင်းပေါ့”

“မီးဆရာလုပ်တာ မဟုတ်ဘူး နော် ဆောင်ရန် ရှောင်ရန်လေးတွေ ပြောပြချင်လို့”

“ပြောကြည့်”

“လမ်းထဲမှာ လက်ကိုင်လို့ မရတာတော့ ကိုကြီး သိပြီးသား ပါ”

“အေး သိတယ် ပြီးတော့ကော …”

“လူစည်တဲ့ နေရာတွေဆို ကိုကြီးက အရှေ့က လျှောက် မီးက မသိမသာအနောက်က လိုက်မယ်”

“ဟယ် ဘာဖြစ်လို့ ”

“လူအုပ်ထဲ အမျိုးတစ်ယောက်ယောက် ရှိနေရင် မီး သေပြီလေ”

ပေါလိုက်တဲ့ အမျိုး … လက်ညှိုးထိုးမလွဲကို ရှိနေတော့တာပဲ။

“နင်အရှေ့က လျှောက်တော့ ပိုမကောင်းဘူးလား။ နင့်ကိုတခြားအကောင်တွေ စတာနောက်တာ ဆို ငါမြင်နေတော့ နည်းနည်း ဟန့်လို့ရတာပေါ့”

“အာ … မရဘူး ကိုကြီး မရဘူး။ အမျိုး တစ်ယောက်ယောက်က တွေ့သွားပြီး …”

လာပြန်ပြီ ဒီသောက်မျိုး။ … “မီး နောက်က ဘယ်ကလေ ကချေကောင် ပါလာတာလဲဆို မီးသေပြီ”

“အုမ်”

“နောက်ပြီး ဒီဖိနပ်တွေ စီးလို့ မရဘူး ကြိုးသိုင်းဖိနပ်တစ်ရံဝယ်စီးလိုက်”

“ဟင် ဘာဘာဆိုင် …”

“အိမ်က ဖုန်းဆက်ရင် ခြေသံက နှစ်ထပ် ဖြစ်နေမှာပေါ့။ ကြိုးသိုင်းဖိနပ်ဆို အသံမထွက်ဘူး လေ”

“သြော် အေးအေးအေး … အေးဟုတ်ပြီ အေးပေါ့ အေး … အိမ်း silent ပေကိုး အေးအေး”

ကျုပ်၏ ပုံကို ရူပါ မိတ်ဆွေ … silent ရည်းစားနဲ့ တွေ့ဖို့ silent ချပ်ဝတ်တန်ဆာအပြည့် ကြိုးသိုင်းဖိနပ် မော်ဒန်စိမ်းရောင်ကို ကလေးလိုလို ခွေးလိုလို စွပ်ထားတယ်။

ပြီးတော့ သူနဲ့ ကျုပ်ကဝါး တစ်ရိုက်စာလောက် ခွာလျှောက် ရမှာလေ။ အဲ့သည်တော့ သူ့ကိုလှည့်မကြည့်ဘဲ မြင်နေဖို့လို တယ်။

လက်မောင်းနှစ်ဖက်မှာ ဆိုင်ကယ်က ဖြုတ်ထားတဲ့ ဘက်မှန် နှစ် ချောင်းကို အဝတ်နဲ့ တွဲပတ် ထားတယ်။

မဖြစ်မနေ ပြောစရာ ကြုံလာရင် ဘာအသည် ညာအသည် လိုလိုရောချပြီး ပြောလို့ရအောင် ဓာတ်ခဲနဲ့ လော်တစ်ခု ခြေထောက်မှာ ကြိုးသိုင်း၊ လက်မောင်းမှာ ဘက်မှန် ခါးကြားမှာလော်။

အိုကေ …

လာစမ်းဟဲ့ ဆိုင်းလန့် … ကျုပ်ပြင်ဆင်လာတာကို ကြည့်ပြီး ငတိမသိပ်သဘောကျသွားတယ်။

“ကိုကြီးက သိပ်တော်တာ ပဲ လော်ကိုတော့ သိပ်မလိုရင်မသုံးနဲ့နော်။ လက်ဟန်ခြေဟန်နဲ့ပဲပြော”

“ဟုတ်”

ကျုပ်က အရှေ့က လျှောက် တယ်။ ကျုပ်ချစ်သူလေးက ကျုပ်အနောက် ဝါးတစ်ရိုက်အ ကွာကနေ ခါးလောက်ဆံပင် လေးကို ယိမ်းနွဲ့ပြီး အိနြေ္ဒလေးနဲ့ လိုက်လျှောက်တယ်။ မျက်နှာလေး ကြည့်ချင်ရင် ဘက်မှန်ထဲ လှစ်ခနဲ ကြည့်လိုက် ချစ်တယ်လို့ ပြောချင်လာရင် လော်ခလုတ်လေးဖွင့်ပြီး အသံသေးအသံကြောင်နဲ့။

“ဆံပင်အတိုတွေ ဝယ်တယ်။ ဆံပင်အကျွတ်တွေ ဝယ်တယ်။ ဆံပင်အရှည်တွေ ချစ်တယ် ဟီဟိ”

“ဟယ်”

“မီးခြစ် ဂတ်စ်ထည့်တယ်၊ မီးဂတ်စ် ဒဲ့ချစ်တယ် အဟိ”

“အို”

သူ့ခမျာ မျက်နှာလေးငုံ့လို့ အင်းလေ ရှက်ရှာမှာပေါ့။ ကျုပ်အော်တာတစ်လမ်းလုံး ကြားနေရ တာကိုး။

ခဏကြာတော့ ငတိမ အနောက်ကနေ ဖုန်းဆက်လာ တယ်။

“ကိုကြီး အေးဆေးဆိုင် ထိုင် ရအောင်”

ရွေ့ … နိပ်ဟ။

အဆင့်တော့ တက်လာပြီ။

“ဘယ်ဆိုင်ထိုင်ချင်လဲ ”

“ထိုင်နေကျ အအေးဆိုင် ရှိတယ်။ ဆိုင်နာမည်တော့ မသိဘူး”

“အင်း”

“ဆိုင်လိပ်စာလည်း မမှတ်မိ ဘူး”

“ဟင်”

“ဒါပေမဲ့ သွားတတ်တယ်”

“ဒါဆိုအရှေ့က သွားလေ”

“အာမရပါဘူး ကိုကြီးပဲ အရှေ့က သွားပါ မီး အနောက်က ထိန်းပေးမယ်”

“သြော် ဖုန်းပြောပြီးတော့ လား”

“မဟုတ်ပါဘူး ဘေကုန်တာ ပေါ့

ဒါနဲ့ ထိန်းမှာ …”

“ဟာ လခွမ်း”

ခြင်ထောင်ထောင်ရင် သုံးတဲ့ နိုင်လွန်ကြိုး အခွေကြီး။

“ဒီကြိုးနှစ်စလာယူ ပြီးရင်ခါးဟိုဘက် ဒီဘက်ကခါးပတ်ကွင်း တွေထဲ ထည့်လျှိုထားလိုက်။ ဘယ်ကွေ့ရမယ်ဆို ဘယ်ကြိုးကို ဆွဲ မယ်၊ ညာကွေ့ရမယ်ဆို ညာကြိုးကို ဆွဲမယ်”

“လည်ပင်းမှာ တစ်ကြိုး ပတ်ပေးရအုံးမလား”

“အင်း … ထားလိုက်ပါ လည်ပင်းတော့ မပတ်ပါနဲ့။ လည်ပင်းအစ်နေပါအုံးမယ်”

ရွဲ့ပြောတာဟဲ့ … မသာမရဲ့။

ကျုပ်အနောက်ကနေ ကြိုးနဲ့လှမ်းထိန်းတယ် မသိရင် ခွေး ကျောင်းနေသလိုကြီးဗျာ။ သောက်ကျိုးနည်း ဆိုင်းလန့်ပါ။ အအေးဆိုင် ရောက်တော့  ငတိမ ဖုန်းက ထမြည်လာတယ်။

“ဟာ အဖေဆက်တာ ကိုကြီး အအေးမသောက်နဲ့အုံး။ အသံဝင်သွားလိမ့်မယ်”

လခွမ်း … ပါးစပ်ထဲက တစ်ငုံကို မျိုချရမလိုလို ပြန်ထွေး ထည့်ရမလိုလို ဖြစ်သွားတယ်။ ဆိုင်ကလဲ တော်တော် တိတ်တာ လူကိုမရှိဘူး။ ဆိုင်ရှေ့မှာ အိပ်နေတဲ့ ခွေးတစ်အုပ်ပဲ ရှိတယ်။

ပြန်ထွေးထည့်လိုက်ရင် အသံကျိန်းသေထွက်မှာပဲ မသိမသာ မျိုချကြည့်တယ်။ အသံမဆို စလောက်ကလေးတော့ ထွက်လာတယ်။ ငတိမက နှုတ်ခမ်းပေါ် လက်ညှိုးတင်ပြီး ရှူးခနဲ လုပ်ပြတယ်။ သူလေကြောရှည်နေ သလောက် ငုံထားဖို့ကျ အဆင်မပြေဘူးလေ။ ဒီတခါ တစ်ဘရိတ်ထဲ မျိုချလိုက်တယ်။

“ဂလု”

“အဟု အဟု အဟု”

“ဟာ တိတ်တိတ်နေပါဆိုမှ …ဘာမှ မဟုတ်ဘူးအဖေ၊ ခွေးဟောင်တာ”

“ဟယ် … အဟု အဟု”

သီးနေတာကလဲ တော်တော်နဲ့ မပြီး ငတိမက လက်ဟန်ခြေဟန်နဲ့တစ်ခုခုလှမ်းပြောတယ်။

“အဟု သီးသွားတာပါဟ အဟု ပြီးပြီရပြီ”

“ဟာမရပ်ပါနဲ့ ဆို ဆက်ဟောင် ဆက်ဟောင်”

“ဟင်”

“သမီး မလိမ်ပါဘူးအဖေရဲ့ တကယ် ခွေးဟောင်တာပါ။ သမီး စပီကာဖွင့်ပြမယ် နားထောင်ကြည့်နော်”

ကျုပ်လဲ ယောင်တောင် ပေါင်တောင်နဲ့ ဆက်ဟောင် ရတာပေါ့။

ဆိုင်ရှေ့က ခွေးတွေကလည်း တပျော်တပါးကြီး လိုက်ဟောင်ကြ အူကြတာပေါ့။ ကျုပ်လည်း စိတ်တွေပါပြီး အားရပါးရ ငယ်သံပါအောင် အူလိုက်တယ်။

“ကဲဟယ် တွဲချင်အုံးဟဲ့ ဆိုင်းလန့် အုဝုဝူး …”

“သြော် တကယ့် ခွေးအစစ်ပဲ”

ဒီတော့မှ ဘိုးတော်လဲယုံပြီး ဖုန်းချတော့တယ်။ ကြိုးသိုင်း ဖိနပ်စီးပြီး ဘက်မှန်နှစ်ချောင်း လက်မှာထိုး လော်တစ်ခုနဲ့ ခွေးလို အူနေတာတွေ့ရင် မအံ့သြနဲ့။ အဲ့ဒါအရူးမဟုတ်ဘူး။ ကျုပ်ပဲ …။ ။