April 23, 2017

မူပိုင်ခွင့်ချိုးဖောက်မှုကြောင့် Huawei ကို ဒေါ်လာ ၁၁ သန်းပေးရမယ့် Samsung

မူပိုင်ခွင့်ချိုးဖောက်မှုကြောင့် Huawei ကို ယွမ် သန်း ၈၀ ပေးဖို့ Samsung ကို Quanzhou Intermediary တရားရုံးက အမိန့်ချခဲ့ပါတယ်။

အမေရိကန်ဒေါ်လာ ၁၁.၆ သန်းနဲ့ ညီမျှတဲ့ ဒီနစ်နာကြေးဟာ Galaxy S7 အပါအဝင် ထုတ်ကုန် ၂၀ ကျော်မှာ 4G လိုင်စင်အသုံးပြုခဲ့တဲ့ အတွက်ကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

မေလက တရုတ်နဲ့ အမေရိကန်မှာ Huawei က တရားစွဲဆိုခဲ့ပြီးနောက် တရားရုံးက အခုလို အမိန့်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

Huawei ဟာ ၂၀၁၆ မှာရောင်းချခဲ့ပြီး ဝင်ငွေဒေါ်လာ ၁၂.၇ ဘီလျံ ရရှိခဲ့တဲ့ Samsung ထုတ်ကုန် သန်း ၃၀ ကျော်အတွက် နစ်နာကြေး တောင်းဆိုခဲ့တာပါ။ တရားရုံးရဲ့ဆုံးဖြတ်ချက်အရ Samsung ဌာနသုံးခုအနေနဲ့ နစ်နာကြေးပေးရမှာဖြစ်ပြီး အခြားကုမ္ပဏီ ငါးခုကတော့ Huawei က မူပိုင်ခွင့်တင်ထားတဲ့ ထုတ်ကုန်တွေနဲ့ မူပိုင်ခွင့်အသုံးပြုမှုကို ရပ်ဆိုင်းရမှာ ဖြစ်ပါတယ်။

Samsung ရဲ့ IT & Mobile Communications ဌာနဟာ ၂၀၁၆ ခုနှစ်မှာ အမြတ်ငွေ ဒေါ်လာ ၂ ဘီလျံအထိ ရရှိခဲ့တာကြောင့် ဒေါ်လာ ၁၁ သန်း ပြစ်ဒဏ်က တောင်ကိုရီးယားကုမ္ပဏီအတွက် ပြဿနာတစ်ရပ်တော့ မဟုတ်နိုင်ပါဘူး။

Ref: GSMArena