April 23, 2017

New Journey, Magnus, The Magnoceros

DAC 2017 Dota 2 Tournament ကြီးလည်း အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပါပြီ။ Perfect World Server ကနေ ကြီးမှူး ကျင်းပပေးပြီး ကမ္ဘာ့လူဦးရေ အထူထပ်ဆုံး တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့မှာ ကျင်းပပေးခဲ့တဲ့ ဒီ Dota 2 Asia Championships ပြိုင်ပွဲကြီးမှာတော့ ကမ္ဘာအဝှမ်းမှ Dota 2 Premium အသင်းကြီး ၁၂ သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ ပါတယ်။ ၆ သင်းဟာ တရုတ် အခြေစိုက် အသင်းများဖြစ်ပြီးကျန် ၆ သင်းကတော့ အမေရိကမှ ၂ သင်း၊ ဥရောပမှ ၂ သင်း၊ ဆိုဗီယက် ပြည်ထောင်စုမှ ၁ သင်းနဲ့ အရှေ့တောင်အာရှမှ ၁ သင်းတို့ ဖြစ်ပါတယ်။ Grand Final မှာတော့ ဥရောပအခြေစိုက် OG အသင်းနဲ့ တရုတ်မှ Invictus Gaming
အသင်းတို့ ထိပ်တိုက်တွေ့ဆုံခဲ့ ကာအိမ်ရှင် တရုတ်နိုင်ငံမှ Invictus Gaming က ၃ ပွဲပြတ် အနိုင်ရမှတ်နဲ့ Champion Title ကို ဆွတ်ခူးခဲ့ပါတယ်။

ဒီ DAC 2017 ဟာ Patch v7.04 ကို ကစားရတာဖြစ်ပြီး IceFrog ဟာ v7.03 မှာကတည်းက meta ကို သိသိသာသာ ထိရောက်စေဖို့ အပြောင်းအလဲများစွာကို ထည့်သွင်းပေးခဲ့ပါ တယ်။ ဒါ့အပြင် v7.04 မှာထပ်ပြီး Nerf ခံလိုက်ရတဲ့ Initiator Hero တစ်ကောင်ကတော့ DAC 2017 ရဲ့ Main Event LAN Final မှာတော့ Pick + Ban စုစုပေါင်း ၈၃ ခါတိတိအလုပ်ခံရပြီး Highest Impact Hero တစ်ကောင်ပါ ဖြစ်သွားတာကို တွေ့ရပါတယ်။ သူကတော့ Magnus, The Magnoceros ပဲဖြစ်ပါတယ်။

Magnus ကို v7.04 မှာ Base Attack Time ကို ပိုနှေးသွားအောင် 1.7 မှ 1.8 အထိ တိုးမြှင့်လိုက်ရုံမကဘဲ Ultimate Cooldown ကိုလည်း ပုံသေ 120 seconds ဖြစ်သွားအောင် Nerf ပေးလိုက်သည့်တိုင်အောင် ၎င်း ဟာ Highest Impact Hero အဖြစ် ရပ်တည်နိုင်ခဲ့ခြင်းကို ကြည့် ခြင်းအားဖြင့် ထင်ထားသလို R.A.T Meta ပြန်ဖြစ်မလာဘဲTeamfight Meta က ဆက်လက် အလုပ်ဖြစ် နေဆဲကို သက်သေပြလိုက်ခြင်း ဖြစ်ပါတယ်။ ဒါ့အပြင် Premium Team တွေအတွက် အရေးကြီးတဲ့ Combo Play, Counter Initiation, Counter Bkb စတဲ့အချက်တွေ အဖြစ် အသုံးပြုနိုင်တဲ့အပြင် Offlane Survivability, Mid-Late Game Damage Support စသဖြင့် Option ပေါင်းများစွာပါဝင်နေတဲ့ Hero ကောင်း တစ်ကောင်ဖြစ်ပါတယ်။ ဒါကြောင့်ပဲ LAN Final မှာ Magnus ဟာ ၅၈ ပွဲ Ban ခံရပြီး ၂၅ ပွဲ Pick ခံရကာ 60% Win Rate ရှိခဲ့တဲ့ Strength Optional Hero တစ်ကောင်ဖြစ်ခဲ့ရပါတယ်။

Abilities
Shock Wave

Total 1300 Range, 150 AoE ရှိပြီး 75/ 150/ 225/ 300 Magic Damage ကိုပေးမယ့် Shock Wave ကတော့ ပုံသေ Mana Cost 90, Cooldown 10/ 9/ 8/ 7 seconds ရှိပြီး Farming, Nuking အဖြစ်အဓိက အသုံးဝင်မယ့် Ability ဖြစ်ပါတယ်။ ယေဘုယျအားဖြင့် lvl 7 မှာ အဆုံးထိ တင်လေ့ရှိပါတယ်။

Empower

လက်ရှိ Meta မှာအရေးကြီး Option တစ်ခုဖြစ်နေတဲ့ Empower ကတော့ ဒုတိယ ဦးစားပေး Ability ဖြစ်ပါတယ်။ v6.83 က စလို့ Buff ပေးခံလာရတဲ့ Empower ဟာယခု v7.04 မှာတော့ 8 seconds Cooldown, 50% Bonus Damage and Cleave , 40 seconds Duration နဲ့ Scepter Upgrade တို့ကို ပိုင် ဆိုင်ထားပြီပဲဖြစ်ပါတယ်။

Skewer

ယေဘုယအနေနဲ့ Ultimate Reverse Polarity နဲ့တွဲဖက်သုံးဖို့ ထည့်သွင်းပေးထားတဲ့ Initiate Ability ဖြစ်ပေမယ့် လက်ရှိ Meta
မှာ Dagger 1st Item အဖြစ် ဦးစားပေး ဆော့ကစားနေတဲ့အ တွက် Skewer ကို Range ဝေးဝေးရောက်အောင် အစော ပိုင်းတင်တဲ့ ခေတ်ကုန်သွားပြီ ဖြစ်ပါတယ်။ ဒါ့အပြင် Skewer အတိုက်ခံရတဲ့ Units တွေကို Damage အပြင် MS Slow, AS Slow ကိုပါ သက်ရောက် စေဦးမှာ ဖြစ်ပါတယ်။

Ultimate Reverse Polarity

410 AoE အတွင်းက Units အားလုံးကို 2.25/ 3/ 3.75 seconds Stun စေကာ Magnus ရဲ့အရှေ့ဘက် 150 Range အကွာမှာ စုနေစေမှာဖြစ်ပါတယ်။ Combo Teamfight တွေမှာ အသုံးပြုနိုင်တဲ့အပြင် Magnus ကိုယ် တိုင် Damage ပေးပြီး Team Wipe လုပ်ဖို့အတွက်လည်း အသုံး တည့်တဲ့ Ultimate ဖြစ်ပါတယ်။ Magic Immunity ကို Disable ဖြစ်နိုင်စွမ်းရှိခြင်းက RP ရဲ့ အဓိက
အသက်ဖြစ်ပါတယ်။

Talents

Lvl 10 >> +15% Spell Amplification (or) +25 Attack Speed
Lvl 15 >> +12 Strength (or) +90 Gold/ Min
Lvl 20 >> +40 Movement Speed (or) +15% Empower Damage/ Cleave
Lvl 25 >> -4s Shockwave Cooldown (or) -35 Respawn Time.

Talent တွေ အားလုံး ခြုံငုံကြည့်တဲ့ အခါမှာတော့ lvl 10 နဲ့ lvl 15 Talent တွေဟာ သိသိသာသာ ကောင်းမွန်နေပြီး lvl 20 ဟာလည်းဒီ Meta နဲ့ တိုက်ရိုက် ကိုက်ညီနေတဲ့ talent ပါဝင်နေတဲ့အပြင် lvl 25 ရောက်မှ Strong ဖြစ်တဲ့ Talent မျိုးမဟုတ် တာကိုလည်း တွေ့ရပါတယ်။ (ဥပမာ – Mid Lane Hero တစ်ကောင်ဖြစ်တဲ့ Invoker အနေနဲ့ Lvl 25 Talent ၂ ခုစလုံးဟာ အရမ်းအရေးပါနေတာ ဖြစ်တဲ့ အတွက် lvl 25 ရောက်ဖို့ အရေးတကြီးလိုတဲ့ Hero တစ်ကောင်ဖြစ်ပါတယ်။) Magnus ကတော့ lvl 20 အရောက်မှာ ၎င်းရဲ့ Potential ဟာ အမြင့်ဆုံးကို ရောက်ရှိနေပြီဖြစ်တဲ့အတွက် Position သတ်သတ်မှတ်မှတ်ရှိတဲ့ Team တွေ အနေနဲ့ Magnus ဟာ Nerf ခြင်းခံနေရသည့်တိုင်အောင် လူကြိုက်များနေရခြင်းပဲ ဖြစ်ပါတယ်။

Lvl 10 >> +15% Spell Amplification (or) +25 Attack Speed

+15 Spell Amplification ဟာ Magnus ရဲ့  Shockwave ကို 345 Damage, Skewer ကို 322 Damage နဲ့ Ultimate RP ကို 230 Damage ဆိုပြီး တိုးစေမှာဖြစ်ပါတယ်။ +25 Attack Speed ကတော့ Shadow Blade, Echo Sabre စတဲ့ Item တွေနဲ့ ဆော့လေ့ရှိတဲ့ Core Magnus တွေအတွက် ပိုပြီး ထိရောက်ပါလိမ့်မယ်။

Lvl 15 >> +12 Strength (or) +90 Gold/ Min

Magnus ရဲ့ Empower ဟာ Base Damage ကနေ တက်တာဖြစ်လို့ +12 Strength ကိုသာယူထားရင် Hpနဲ့ Damage 12 တက်တဲ့အပြင် Empower သုံးတိုင်း +6 Damage တိုးနေစေမှာ ဖြစ်ပါတယ်။ လက်ရှိမှာ တော့ Lvl 15 နောက်ပိုင်းမှာ Refresher Orb, Force Staff, Echo Sabre, Silver Edge, Blink Dagger စသည်ဖြင့် Item လိုအပ်ချက် အစဉ်လိုက်အတိုင်း ရှိနေတဲ့ Magnus အနေနဲ့ တော့ 90 Gold/ Min ဟာပိုပြီး ယေဘုယျ ကျပါတယ်။

Lvl 20 >> +40 Movement Speed (or) +15% Empower Damage/ Cleave

ဖိနပ်တစ်ရံစီးမှ ရမယ့် Movement Speed သို့မဟုတ် Yasha တစ်ချောင်းစပ် လိုက်တော့မှရမယ့် Movement Speed ကို Talent ရွေးချယ်မှုတစ်ခုအဖြစ် ထည့်သွင်းပေးထား ပါတယ်။ ဒါပေမဲ့ +15% Empower Damage/ Cleave ကတော့ မိမိတစ်ယောက်တည်း အတွက် မကဘဲ Lvl 20 နောက်ပိုင်း ကစားပွဲတွေအတွက် တစ်သင်းလုံး အကျိုးရှိစေမှာ ဖြစ်ပါတယ်။

Lvl 25 >> -4s Shockwave Cooldown (or) -35 Respawn Time

ဒီအပိုင်းမှာတော့ သိပ်ပြီးထွေထွေထူးထူး စဉ်းစားစရာ မရှိပါဘူး။ ယေဘုယျအနေနဲ့ Respawn Time Talent တွေဟာ လူကြိုက်ပိုများလေ့ရှိတာ မှန်ပေမယ့် 3 seconds တစ်ခု မှုတ်လို့ရမယ့် Shockwave ရွေးချယ်မှုဟာလည်း အထိုက်အလျောက် အားသာချက်ရှိပါတယ်။

Overview

Magnus ရဲ့ Aghanim’s Scepter ဟာ လူတွေ အစပ်အနည်းဆုံး Scepter တွေထဲကတစ်ခု ဖြစ်ပါတယ်။ တကယ်တော့ Empower ဟာ ထွေထွေထူးထူး ပြောင်းလဲသွားတာမျိုး မဟုတ်ဘဲ နဂိုပုံမှန်အတိုင်း အသုံးပြု လို့ရတဲ့ Empower မှာ Passive Empower တစ်ခုတိုးလာခြင်း ပဲဖြစ်ပါတယ်။ Magnus ရဲ့ 900 AoE အတွင်းက Ally Hero တွေကို Empower တင်ပေးစရာမလိုဘဲ အလိုလို ရရှိနေစေမှာဖြစ်ပြီး Range Hero တွေကို အသုံးပြုပေးတဲ့အခါ Bonus Damage အပြင် တိုက်ခိုက်လိုက်တဲ့ တည်နေရာရဲ့ 240 AoE အတွင်းမှာ Splash Damage ဖြစ်ပေါ်စေမယ့် အားသာချက်တစ်ခု ပါလာမှာဖြစ်ပါတယ်။ Splash Damage ပမာဏကတော့ စုစုပေါင်း Damage ရဲ့ 25% ဖြစ်ပါတယ်။

လက်ရှိမှာတော့ Magnus ရဲ့ Basic Item ဟာ Arcane Boots ဖြစ်ပါတယ်။ 90 Mana သာရှိတဲ့ Shockwave ဟာ 300 Magic Damage ရှိနေမှာဖြစ်လို့ Rush Farming ကို သိသိသာသာ အထောက်အကူ ဖြစ်စေမှာပါ။ ပွဲအခြေအေနကို ကြည့်ပြီး Hand of Midas ကို ရွေးချယ်ခြင်းက Reliable Gold ရရှိစေမယ့်အပြင် Lvl 15 ကိုလည်း မြန်မြန်ရောက်ဖို့ အထောက်အကူ ဖြစ်စေပါလိမ့်မယ်။ Dagger
ကတော့ မရှိမဖြစ် Item တစ်ခုအဖြစ် အကြံပြုချင်ပြီး မိမိအသင်းရဲ့ Hero ပေါ်ကိုမူတည်ကာ 2ndor 3rd item အဖြစ် ရွေးချယ်နိုင် ပါတယ်။ Initiator Magnus အနေဖြင့် Force Staff, Eul Staff, Refresher Orb, Shiva Guard, Bkb တို့ကို ရွေးချယ် နိုင်ပြီး Carry Magnus အနေနဲ့ ကတော့ Daedalus, Silver Edge, Assault, Battle Fury တို့ကို ရွေးချယ်နိုင်ပါတယ်။မည် သို့ပင်ဆိုစေကာမူ မိမိနှစ်သက် သော ကစားကွက်သည်သာလျှင် မိမိအတွက် အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။