April 23, 2017

အရည်အသွေးမြင့် selfie ဓာတ်ပုံတွေရိုက်ကူးနိုင်မယ့် Canon ရဲ့ နောက်ဆုံးပေါ် point-and-shoot ကင်မရာ

ဖေဖော်ဝါရီလက EOS M6 mirrorless ကို မိတ်ဆက်ပေးခဲ့တဲ့ Canon ဟာ ကင်မရာသစ် တစ်မျိုးကို ထပ်မံ မိတ်ဆက်ပေးလိုက် ပါတယ်။

PowerShot SX730 HS လို့ခေါ်တဲ့ နောက်ဆုံးပေါ် point-and-shoot ကင်မရာမှာ 20.3-megapixel CMOS sensor, နောက်ဆုံးပေါ် Digic 6 processor, 4.3-172mm 40x zoom lens နဲ့ အရည်အသွေးမြင့် selfie ဓာတ်ပုံတွေရိုက်ကူးဖို့အတွက် ၃ လက်မအရွယ် LCD တို့ ပါဝင်ပါတယ်။ Selfie ဓာတ်ပုံတွေရိုက်ကူးဖို့အတွက် skin နဲ့ self-portrait mode သစ်တွေကို Canon က ထည့်သွင်းပေးထားပါတယ်။

ဒါ့အပြင် ဓာတ်ပုံတွေကို ကြိုးမဲ့စနစ်နဲ့ ဝေမျှဖို့အတွက် Bluetooth, NFC နဲ့ WiFi feature တွေကို ထည့်သွင်းပေးထားပါတယ်။

တန်ဖိုးက ဒေါ်လာ ၄၀၀ ဖြစ်ပြီး ဇွန်လမှာ စတင်ရောင်းချမယ်လို့ သိရပါတယ်။

Ref: Engadget