April 23, 2017

Weifeng WF-862 Aluminium Alloy Tripod

ဓာတ်ပုံသမားများအတွက် Monopod အဖြစ်သာမက Tripod အဖြစ်ပါနှစ်မျိုးအသုံးပြုနိုင်မည့် Weifeng အမှတ်တံဆိပ် WF-862 မော်ဒယ် အရည်အသွေးမြင့် Tripod ဖြစ်သည်။ ကိုယ်ထည်ပိုင်းကို ခိုင်ခံ့သော အလူမီနီယမ်ဖြင့် တည်ဆောက်ပေးထားပြီး အဆစ်လေးဆစ်ပါဝင်မည် ဖြစ်သည်။ ၁.၆ မီတာအထိအရှည်ရှိမည်ဖြစ်ပြီး ၁.၆၄ ကီလိုဂရမ် အလေးချိန်အထိ တင်ဆောင်အသုံးပြုနိုင်မည်ဖြစ်သည်။ အဆိုပါ Tripod ကို တန်ဖိုး ၆၆,၀၀၀ ကျပ်ဝန်းကျင်ဖြင့် Royal 2 ကင်မရာနှင့် ကင်မရာ အပိုပစ္စည်းရောင်းဝယ်ရေး ဖုန်း-၀၁ ၃၉၈၃၇၀ တွင် ဝယ်ယူနိုင်မည် ဖြစ်သည်။