April 23, 2017

Pokemon GO ကို နေ့စဉ်ကစားသူဦးရေ သန်း ၃၀ ရှိရာမှ ၅ သန်းအထိ ကျဆင်းလာ

နာမည်ကျော် မိုဘိုင်းဂိမ်းဖြစ်တဲ့ Pokemon GO ကို စတင်ဖြန့်ချိပြီး တစ်ပတ်အကြာမှာ နေ့စဉ်ကစားသူဦးရေ ၂၈.၅ သန်းကျော် ရှိခဲ့ပေမယ့်လည်း အခုအခါ အဆိုပါဂိမ်းကို ကစားသူအရေအတွက် အနည်းငယ်သာ ရှိတော့တယ်လို့ သိရပါတယ်။

လက်ရှိမှာ Pokemon GO ကို နေ့စဉ်ကစားသူဦးရေ ၅ သန်းခန့်သာရှိပြီး ပြီးခဲ့တဲ့နှစ် ဇူလိုင်လကထက် ၈၀ ရာခိုင်နှုန်း ကျဆင်း သွားခဲ့တာဖြစ်တယ်လို့ သုတေသနအဖွဲ့ comScore က ဖော်ပြခဲ့ပါတယ်။

ချိတ်ဆက်မှုပြဿနာများနဲ့ အစပိုင်းမှာ update မပေးခဲ့ခြင်းတို့က ကစားသူအရေအတွက် ကျဆင်းခဲ့ရတဲ့ အကြောင်းအရင်း ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဂိမ်းရဲ့ နာမည်ကျော်ကြားမှုက ဆက်လက်ခိုင်မာနေဆဲဖြစ်ပြီး Generation 2 Update ကြောင့် Pokemon GO က App Store ရဲ့ ထိပ်တန်းစာရင်းမှာ ပြန်လည် ရပ်တည်နိုင်ခဲ့တယ်လို့ သိရပါတယ်။

Ref: TechnoBuffalo