April 28, 2017

မြန်မာနိုင်ငံမှာ နိုင်ငံခြားသွားချင်တဲ့သူ ဘယ်နှစ်ယောက်ရှိလဲ

Visa ကတ်ကုမ္ပဏီက မြန်မာနိုင်ငံမှာ နိုင်ငံခြားသွားချင်တဲ့သူ ဘယ်နှစ်ယောက်ရှိသလဲဆိုတာကို စစ်တမ်းတစ်ရပ် ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

လတ်တလောပြုလုပ်တဲ့ စစ်တမ်းအရ မြန်မာနိုင်ငံက လူ ၁၀ ယောက်မှာ ၈ ယောက် (၈၄ ရာခိုင်နှုန်း) ဟာနိုင်ငံ ခြားကိုသွားရောက်လိုတယ်လို့ တွေ့ရှိခဲ့တယ်လို့ဆိုပါတယ်။ ဆန်းသစ်မှုတွေတွေ့မြင်လေ့လာဖို့အတွက်သွား ရောက်လိုတာဖြစ်တယ်လို့ ပြောကြားထားပါတယ်။

၂၀၁၆ ခုနှစ်မှာ စီးပွားရေးကိစ္စအတွက်သော်လည်းကောင်း၊ အပန်းဖြေဖို့ရာအတွက်သော်လည်းကောင်း နိုင်ငံခြားကိုသွားရောက်လည်ပတ်တဲ့ မြန်မာနိုင်ငံသားပေါင်းသုံး သန်းကျော်ရှိခဲ့တယ်လို့ဆိုပါတယ်။