April 23, 2017

Duplicate File Doctor (Mac)

$ 4.99 == > Free (Limited Time)

Mac OS အသုံးပြုထားတဲ့ ကွန်ပျူတာထဲမှာ တူညီတဲ့ဖိုင်တွေရှိနေတယ်ဆိုရင် မလိုအပ်ဘဲ သိမ်းဆည်းနိုင်တဲ့နေရာ နည်းပါးလာနိုင်ပါတယ်။ Duplicate File Doctor ဆိုတဲ့ ဆော့ဖ်ဝဲက ကွန်ပျူတာအတွင်းမှာရှိတဲ့ တူညီနေတဲ့ ဖိုင်တွေကိုရှာဖွေပေးပြီး ဖယ်ရှား ရှင်းလင်းပေးနိုင်မှာဖြစ်ပါတယ်။
ဒီဆော့ဖ်ဝဲကိုအရင် Mac App Store မှာ ကန်ဒေါ်လာ ၄.၉၉ ပေးသွင်းမှသာ အသုံးပြုနိုင်ပေမယ့် အခုအခါ အချိန်အကန့်အသတ်နဲ့ အခမဲ့ download လုပ်ခွင့်ပေးထားပါတယ်။ OS X 10.10 နဲ့အထက်မှာ ထည့်သွင်း အသုံးပြုနိုင်မယ့် ဆော့ဖ်ဝဲတစ်ခုဖြစ်ပါတယ်။

Download ရယူလိုတယ်ဆိုရင် ဒီနေရာမှာ ရယူနိုင်ပါတယ်