April 24, 2017

Windows 10 Creator Update ကို ဘယ်လိုရယူမလဲ

Creator update ကို ဧပြီလ ၁၁ ရက်မှာ သုံးစွဲသူတွေအတွက် စတင်ဖြန့်ဝေပေးတော့မှာပါ။ Windows 10 Creator update မှာ feature တွေကို ပိုမိုကောင်းမွန်အောင် ပြုလုပ်ပေးထားပါတယ်။ Creator update မှာ Paint 3D, My People နဲ့ Groove Music Maker တို့ ပါဝင်လာသလို အခြား feature တွေကိုလည်း ပိုမိုကောင်းမွန်အောင် ပြုလုပ်ပေးထားပါတယ်။ Creator update ကို ဧပြီလ ၁၁ ရက်မှာ တရားဝင် ဖြန့်ချိမှာဖြစ်ပြီး အဲ့ဒီအချိန်အထိ မစောင့်ချင်သူများကတော့ ဖော်ပြထားတဲ့ နည်းလမ်းအတိုင်း update ရယူနိုင်ပါတယ်။

Creator update အချို့ကို စမ်းသပ်သုံးစွဲချင်သူတွေအနေနဲ့ ပထမဆုံး Insider Program (https://insider.windows.com) မှာ မှတ်ပုံတင်ထားရပါမယ်။ ဖော်ပြထားတဲ့ ဝက်ဘ်ဆိုက်ကိုရောက်ရင် Get Started ဆိုတဲ့ခလုတ်ကို နှိပ်လိုက်ပါ။

အဆိုပါခလုတ်ကို နှိပ်လိုက်ရင် Microsoft account ထည့်သွင်းပေးရမယ့် page ကို ရောက်သွားပါလိမ့်မယ်။ Microsoft account မရှိသေးဘူးဆိုရင် account ပြုလုပ်ပြီး ထည့်သွင်းပေးရပါမယ်။

Microsoft account ရှိပြီးသားဆိုရင် account နဲ့ password ကို ထည့်သွင်းပေးလိုက်ပါ။ ပြီးရင် ခေတ္တစောင့်ပေးလိုက်တယ်ဆိုရင် Insider program နဲ့ ချိတ်ဆက်ပေးသွားပါလိမ့်မယ်။ ပြီးသွားရင် Settings ထဲက Update & Security ဆိုတာကိုနှိပ်ပြီး Windows update ဆိုတာကို ရွေးရပါမယ်။

Windows update ထဲက Check for update ဆိုတာကို နှိပ်ပြီး Creator update ကို စတင် download လုပ်နိုင်ပါပြီ။

Creator update ဖြစ် မဖြစ်သိဖို့အတွက် update history ကို နှိပ်ပြီး build number ကို စစ်နိုင်ပါတယ်။ Anniversary update ရဲ့ build number က 1607 ဖြစ်ပြီး 1607 build number ထက် ပိုမြင့်တယ်ဆိုရင် Creator update ကို ထည့်သွင်းပြီးပြီဖြစ်ပါတယ်။

Tags: Windows