April 24, 2017

iPhone မှာ မရနိုင်တဲ့ Galaxy S8 feature (၁၀) မျိုး

Samsung ရဲ့ စမတ်ဖုန်းသစ်ဖြစ်တဲ့ Galaxy S8 မှာ အံ့အားသင့်ဖွယ်ရာကောင်းတဲ့ feature တွေ ပါဝင်လာပါတယ်။ အဲ့ဒီ feature တွေထဲကမှ iPhone မှာ မရနိုင်တဲ့ feature (၁၀) မျိုးကို ဖော်ပြလိုက်ပါတယ်။

(၁) Galaxy S8 မှာ ဖုန်းကို unlock လုပ်ဖို့နဲ့ secure folder တွေကို အသုံးပြုဖို့အတွက် iris scanner တစ်ခု ပါဝင်ပါတယ်။

ဒီစနစ်ဟာ fingerprint sensor ထက် ပိုမိုလုံခြုံမှုရှိတယ်လို့ Samsung က ပြောပါတယ်။ iPhone မှာတော့ fingerprint sensor တစ်ခုပဲ ပါဝင်ပါတယ်။

(၂) Selfie ဓာတ်ပုံနဲ့ ဖုန်းကို unlock လုပ်နိုင်မယ့် facial recognition feature သစ်တစ်ခုလည်း ပါဝင်ပါတယ်။

ဒါဟာ iris နဲ့ fingerprint scanner ကိုသုံးတာထက် ပိုမြန်ပါတယ်။

(၃) S8 မှာ ၅.၈ လက်မ screen ပါဝင်ပါတယ်။ S8+ မှာတော့ ၆.၂ လက်မ screen ပါဝင်ပါတယ်။

iPhone နဲ့ နှိုင်းယှဉ်မယ်ဆိုရင် iPhone 7 မှာ ၄.၇ လက်မ screen ပါဝင်ပြီး iPhone 7 Plus မှာတော့ ၅.၅ လက်မ screen ပါဝင်ပါတယ်။

(၄) Galaxy S8 ကို wireless charging pad တစ်ခုနဲ့အတူ အားသွင်းနိုင်ပါတယ်။ ဒါ့အပြင် S8 ကို ပုံမှန်ထက် လျင်မြန်စွာ အားသွင်းပေးနိုင်မယ့် fast charging လည်းပါဝင်ပါတယ်။

iPhone မှာတော့ wireless charging မပါဝင်ပါဘူး။ နောက်ပြီး fast charging option လည်း မပါပါဘူး။

(၅) နားကြပ်ပေါက်ပါဝင်တာကြောင့် နားကြပ်တွေကို တပ်ဆင်ပြီးသုံးနိုင်ပါတယ်။

Apple ကတော့ iPhone 7 မှာ နားကြပ်ပေါက် ဖယ်ရှားခဲ့ပါတယ်။ နားကြပ်ကို တပ်ဆင်အသုံးပြုမယ်ဆိုရင် dongle တစ်ခု လိုအပ်ပါတယ်။

(၆) Samsung Pay က magnetic credit card reader တွေပေါ်မှာ ငွေပေးချေနိုင်ပါတယ်။

Apple Pay နဲ့ လုပ်ဆောင်သလိုမျိုး အထူးဖန်တီးထားတဲ့ NFC pad တစ်ခု မလိုပါဘူး။

(၇) Galaxy S8 မှာ Facebook ရဲ့ Oculus က ထောက်ပံ့ပေးထားတဲ့ ကိုယ်ပိုင် virtual reality software ပါဝင်ပါတယ်။

ဧပြီ ၂၁ ရက်မတိုင်မီ Samsung Galaxy S8 ကို ကြိုတင်မှာယူမယ်ဆိုရင် Gear VR headset တစ်ခု အခမဲ့ ရရှိမှာဖြစ်ပါတယ်။ iPhone ကတော့ Google Cardboard လိုမျိုး VR headset အချို့နဲ့ အလုပ်လုပ်ပါတယ်။ ဒါပေမဲ့ native VR support မပါဝင်ပါဘူး။

(၈) S8 ရဲ့ ကျောဘက်မှာ heart rate sensor တစ်ခုပါဝင်ပါတယ်။

iPhone သုံးစွဲသူများကတော့ နှလုံးခုန်နှုန်းကို တိုင်းတာဖို့အတွက် Apple Watch တစ်ခု ဒါမှမဟုတ် အခြား accessory တစ်ခု ဝယ်ယူဖို့လိုပါတယ်။

(၉) Galaxy S8 ကို monitor, keyboard, mouse တို့နဲ့ချိတ်ဆက်ပြီး အထူးဖန်တီးထားတဲ့ dock နဲ့ သုံးမယ်ဆိုရင် desktop ကွန်ပျူတာတစ်လုံးလို အသုံးပြုနိုင်ပါတယ်။

iPhone မှာတော့ screen ကို external display တစ်ခုပေါ်မှာ mirror လုပ်ရုံပဲ ပြုလုပ်နိုင်ပါတယ်။

(၁၀) Samsung ရဲ့ Bixby digital assistant ဟာ real-world object တွေကို ဓာတ်ပုံရိုက်ကူးပြီး အနီးအနားကနေရာတွေနဲ့ shopping link တွေလို သက်ဆိုင်ရာအချက်အလက်တွေကို ဖော်ပြပေးနိုင်ပါတယ်။

Siri မှာ smart camera feature မပါဝင်ပါဘူး။

Ref: TechInsider