April 23, 2017

Memoji from Facetune

သုံးစွဲသူရဲ့ မျက်နှာ နဲ့ emoji ကို ပေါင်းစပ်ပြီး အသုံးပြုနိုင်မယ့် app ဖြစ်ပါတယ်။ ဒီ app ဟာ လှုပ်ရှားသက်ဝင်တဲ့ emoji တွေကိုထည့်သွင်းပေးထားပြီး emoji ပေါင်း ၁၁ ခုပါဝင်မှာဖြစ်ပါတယ်။ ဖန်တီးထားတဲ့ ပုံတွေကိုလည်း GIF, Video, Image အနေနဲ့ သိမ်းဆည်းထားနိုင်ပါတယ်။

ဒီ app ကထည့်သွင်း အသုံးပြုလိုတယ်ဆိုရင် iTunes မှာအခမဲ့ ရယူနိုင်မှာဖြစ်ပြီး download လုပ်ရမယ့် ဖိုင်အရွယ်အစားကတော့ 70 MB ခန့်ရှိမှာဖြစ်ပါတယ်။ iOS version 9.0 နဲ့အထက်မှာထည့်သွင်း အသုံးပြုနိုင်မယ့် app ဖြစ်ပါတယ်။

Download ရယူလိုသူများ ဒီနေရာမှာ ရယူနိုင်ပါတယ်။