April 23, 2017

MEIZU M5 Note

Price : 209,000

အားသာချက်

ဈေးနှုန်း အလယ်အလတ်တန်းစား တန်ဖိုးသင့် ဖုန်းအမျိုးအစား တစ်ခုဖြစ်ပေမယ့် ဖုန်းမှာပါဝင်တဲ့ CPU, GPU နဲ့ Screen ပိုင်းတွေမှာ ကောင်းမွန်တဲ့ ဖုန်းပါ။ ကင်မရာပိုင်းမှာ ဆိုရင်လည်း Main Camera ဟာ Megapixels ကောင်းမွန်တဲ့ ကင်မရာဖြစ်ပြီး Aperture ကလည်း ကောင်းမွန်တဲ့အပြင် စုံလင်တဲ့ Camera Feature တွေလည်း  ပါဝင်ပါတယ်။ ပါဝါအသုံးပြုခြင်း အတွက်လည်း ပါဝါသိုလှောင် နိုင်မှုပမာဏ မြင့်မားတဲ့ ဘက်ထရီ ပါဝင်တဲ့အတွက် ဖုန်းကိုအချိန်ကြာ ကြာအသုံးပြုနိုင်မှာပါ။

အားနည်းချက်

Nano Sim Card နှစ်ကတ် ထည့်သွင်းအသုံးပြုနိုင်တဲ့ Dual Sim ဖုန်းအမျိုးအစားဖြစ်ပေမယ့် Sim Card တစ်နေရာဟာ SD Card နဲ့တွဲ ထားတဲ့အတွက် SD Card အသုံးပြုမယ်ဆိုရင် Sim Card တစ်ကတ်ပဲ သုံးလို့ ရမှာပါ။

ဒီဇိုင်း

ပုံစံဒီဇိုင်းကတော့ ကျစ်ကျစ်လျစ်လျစ်ရှိတဲ့ ပုံစံမျိုး ရှိပါတယ်။ ဖုန်း ကိုယ်ထည်တစ်ခုလုံးကို သတ္တုကိုယ်ထည်နဲ့ တည်ဆောက်ထားပြီး ရှေ့ မျက်နှာပြင် မှန်ကတော့ အနားအနည်းငယ် လုံးထားတဲ့ မှန်ပုံစံမျိုးပါ။  ဖုန်းတစ်ခုလုံးရဲ့ အရွယ်အစားကတော့ အထက်အောက်အမြင့် ၁၅.၃၆ စင်တီမီတာ၊ ဘေးတိုက်အကျယ် ၇.၅၈ စင်တီမီတာရှိပြီး အရွယ်အစားက ကိုင်တွယ်အသုံးပြုချိန်မှာ လက်နဲ့သင့်လျော်တဲ့ ပုံစံမျိုးရှိပါတယ်။ ထုထည်ကတော့ ၀.၈၂ စင်တီမီတာ ဖြစ်တဲ့အတွက် မထူလွန်း မပါးလွန်း တဲ့ပုံစံမျိုး ရှိပြီး အလေးချိန်ကတော့ အနည်းငယ်ရှိပါတယ်။ ရှေ့မျက်နှာ ပြင်အောက်မှာ Home Button နဲ့အတူ Fingerpirnt ကိုတွဲဖက်တပ်ဆင် ပေးထားပြီး Back key နဲ့ Menu key တွေတော့ မပါပါဘူး။ စပီကာနဲ့ USB Port, နားကြပ်ပေါက်တွေကိုတော့ ဖုန်းရဲ့ ဘောင်မှာ အတန်းလိုက် ထည့်သွင်းထားပါတယ်။

မြင်ကွင်း

၅.၅ လက်မရှိတဲ့ LTPS IPS LCD Screen ဖြစ်ပြီး 1080 x 1920 Pixels ရှိတဲ့ Full HD Screen ပါ။

နည်းပညာ

Fingerprint နဲ့အတူ တွဲထားတဲ့ Home ခလုတ်တစ်ခုတည်းပါဝင်ပေ မယ့် Home ခလုတ်က Touch Pad တစ်ခုလို အသုံးပြုရမှာပါ။ Home ခလုတ်ရဲ့ ဘယ်ဖက်အနားထောင့်ကို ပွတ်လိုက်ရင် နောက်ကိုပြန်ထွက် တဲ့ Back အဖြစ် အသုံးပြုနိုင်ပါတယ်။ Recent အတွက်ကတော့ Screen ပေါ်မှာပဲ ဖုန်းရဲ့ အောက်ခြေကနေအနားကနေ အထက်ကိုဆွဲတင်ပြီး အသုံးပြုရမှာပါ။ Meizu ရဲ့ Flyme အကောင့်စနစ်ကလည်း ဖုန်းရဲ့ လုံခြုံရေးအတွက် ကောင်းမွန်တဲ့ စနစ်တစ်ခုပါပဲ။ Gesture အသုံးပြု စနစ်တွေကိုလည်း စုံစုံလင်လင် အသုံးပြုနိုင်တဲ့အပြင် ဖုန်းမှာအကောင့် နှစ်ခုခွဲပြီး အသုံးပြုနိုင်မယ့် Guest Mode စနစ်လည်း ပါဝင်ပါတယ်။

သုံးသပ်ချက်

ဖုန်းတစ်ခုလုံးကို ခြုံပြီး သုံးသပ်ကြည့်မယ်ဆိုရင်တော့ MEIZU M5 Note ဟာ ဖုန်းမှာအသုံးပြုထားတဲ့ CPU, Graphic GPU ပိုင်းတွေမှာ ကောင်းမွန်ပါတယ်။ ကင်မရာပိုင်းမှာဆိုရင်လည်း Main Camera ရဲ့ Megapixels ဟာသင့်တင့်ကောင်းမွန်တဲ့အပြင် ကင်မရာ Feature တွေ မှာလည်း စုံစုံလင်လင် ပါဝင်တာတွေ့ရပါတယ်။ Screen ကလည်း Full HD Screen ဖြစ်ပြီး ဘက်ထရီ ပိုင်းမှာဆိုရင်လည်း ကောင်းမွန်တာကို တွေ့ရမှာပါ။ Flyme အကောင့်ကို အသုံးပြုမယ် ဆိုရင်တော့ အကောင့်နဲ့ Password ကို ဂရုစိုက်သင့်ပါတယ်။ အကောင့်ဟာ ဖုန်းအတွက် လုံခြုံရေးနဲ့ ချိတ်ဆက်ထားတဲ့အတွက် ဖုန်း Lock ကျသွားတဲ့အချိန်မှာ Flyme အကောင့်ကို မသိတော့ဘူးဆိုရင် ဖုန်းကဘာမှ လုပ်လို့ရတော့မှာ မဟုတ်ပါဘူး။ ဖုန်းမှာပါဝင်တဲ့ Memory ပိုင်းကတော့ အသင့် အတင့်ပဲ ရှိပေမယ့် RAM ကတော့ ကောင်းမွန်ပါတယ်။

Network   GSM – 2G/ 3G/ 4G
SIM           Dual SIM (Nano SIM Dual Standby)
OS              Android OS, v6.0
CPU           Octa-core (4×1.8 GHz Cortex-A53 & 4×1.0 GHz Cortex-A53)
GPU           Mali-T860MP2
Memory    Internal 16GB, 3GB RAM, Micro SD 256GB
Camera     13 MP, f/2.2, phase detection autofocus, dual-LED (dual tone) flash, Geo-tagging, touch focus, face detection, Video, Secondary 5 MP, f/2.0
Wi-Fi         Wi-Fi 802.11 a/b/g/n, dual-band, hotspot
Bluetooth  v4.0, A2DP, LE
Battery       4000 mAh Battery

သူတို့အမြင်

ကိုစိုင်းဝင်းထွန်း (စမ်းသပ်အသုံးပြုသူ)

ဒီဇိုင်းလေး သဘောကျတယ်။ ပြီးတော့ Meizu ရဲ့ Home Key နဲ့ Touch Pad ပုံစံမျိုးလေးကိုလည်း သဘောကျတယ်။ သုံးရတာ ပေါ့ပေါ့ပါးပါး ရှိတယ်လို့ ခံစားရတယ် Home Key က။ Memory ပိုင်းမှာတော့ 16GB ဆိုတော့ နောက်ပိုင်းထွက် ဖုန်းတွေထဲမှာ ဆိုရင်တော့ နည်းတယ်လို့ မဆိုနိုင်ပေမယ့် ဒီထပ်နည်းနည်း ပိုများမယ်ဆိုရင်တော့ ပိုကောင်းမယ်လို့ ခံစားရတယ်။ RAM ကတော့ မဆိုးပါ ဘူး။ Screen ကလည်း ကောင်းပါတယ်။ Sim Card နှစ်ကတ်သုံး ချင်ရင် Memory Card သုံးလို့ မရတာကိုတော့ သိပ်သဘော မကျချင်ဘူး။ ဖုန်းထဲက သုံးရတဲ့ စနစ်တွေက တော့ကောင်းပါတယ်။

မမျိုးမျိုးဇင် (စမ်းသပ်အသုံးပြုသူ)

ဒီဇိုင်းလေး လှတယ်လို့ ခံစားရတယ်။ ကိုင်ရတာလည်း အရွယ်အစားက လက်ထဲမှာ အနေတော်လေးပဲ။ ဒါပေမယ့် နည်းနည်းလေးတော့ အလေးချိန် ရှိသလိုပဲ။ ဖုန်းမှာပါတဲ့ Memory က 16GB ပဲရှိတယ်ဆိုတော့ SD Card ကို သုံးမှ Memory များများသုံးလို့ရမယ့် ပုံစံမျိုးရှိတယ်။ SD Card ကိုသုံးမယ် ဆိုရင်လည်း Sim Card ကတော့ တစ်ကတ်ပဲ သုံးလို့ရတော့မယ်ဆိုတော့ အဲဒါကို နည်းနည်းလေးအား မရသလိုဖြစ်မိတယ်။ Memory က 32GB လောက်ဆိုရင်တော့မဆိုး ဘူး။ အဲလောက်ဆိုရင် SD Card မသုံးလို့လည်း ရနိုင်လောက်သေး တယ်လေ။ 16GB ဆိုပေမယ့် တကယ်တမ်း သုံးနိုင်တာကလည်း 9GB ကျော်ကျော်လောက်ပဲ ရတော့မှာဆိုတော့ အဲဒါကို အားမရချင်ဘူး။ ကင်မရာပိုင်းကတော့ ကောင်းပါတယ်။ Fingerprint နဲ့ဖုန်းထဲ ကအသုံးပြုရတဲ့ စနစ်ပိုင်းတွေကလည်း ကောင်းပါတယ်။

ကိုစန်းဝင်းကို (စမ်းသပ်အသုံးပြုသူ)

ဈေးနှုန်း အလယ်အလတ် ဖုန်းဆိုတော့ သူ့ဈေးနဲ့ သူ့ရဲ့ အသုံးပြု နိုင်တဲ့ နှုန်းက အဆင်ပြေတယ်လို့ပဲ ပြောရမှာပေါ့။ Fingerprint ပါ တယ်။ ကင်မရာကလည်း မဆိုးဘူးလို့ပြောရမယ်။ Megapixels က သိပ်အမြင့်ကြီး မဟုတ်ဘူး ဆိုပေမယ့်လည်း တော်တော်လေး အဆင်ပြေပါတယ်။ Memory ပိုင်းမှာ RAM က အဆင်ပြေပါတယ်။ ဒါပေမဲ့ Internal Memory ကတော့ နည်းတယ်လို့ မဟုတ်ပေမယ့် ဒီထပ် တစ်ဆင့်လောက် ပိုများမယ်ဆိုရင် ဒီထပ်ပိုပြီး လူကြိုက်များမယ်လို့ ထင်မိတယ်။ Sim Card နှစ်ကတ် သုံးနိုင်ဖို့အတွက်ဆိုရင် ဒီထပ် Memory နည်းနည်းပိုများမှ ကောင်းမယ်လို့လည်း ခံစားရတယ်။ ဖုန်းထဲမှာ သုံးရတဲ့ Gesture ပိုင်းတွေနဲ့ ကင်မရာ Feature တွေကတော့ ကောင်းပါတယ်။

Gesture စနစ်တွေကို ဖုန်းရဲ့ Accessibility ဆိုတဲ့ စနစ်ထဲမှာ မြင်တွေ့နိုင်ပါတယ်။ Gesture စနစ်တွေ အများအပြား ပါဝင်နေပြီး SmartTouch ဆိုတဲ့ စနစ်ထဲမှာလည်း အသုံးပြုနိုင်တဲ့ စနစ်တွေ အများအပြား ရှိပါသေးတယ်။ SmartTouch ကိုဖွင့်လိုက်ပြီး Touch Button လေးကို အသုံးပြုမယ်ဆိုရင် Double Tap နဲ့ Screen ပိတ်ဖို့အတွက်လည်း အသုံးပြုနိုင်မှာပါ။

Screen ကိုကြည့်တဲ့အခါမှာ မျက်စိကို အလင်းထိတဲ့နှုန်းကို လျှော့ချနိုင်တဲ့  Eye-protection mode မှာလည်း အလင်းရောင်ကို အသုံးပြုတဲ့သူ စိတ်ကြိုက်ချိန်ပြီး သုံးနိုင်ပါတယ်။

ဖုန်းကိုအသုံးပြုတဲ့ အခါမှာ အကောင့်နှစ်ခုခွဲပြီး အသုံးပြုနိုင်တဲ့ Guest စနစ်ကိုလည်း အသုံးပြုနိုင်ပါတယ်။ Guest စနစ်ကိုအသုံးပြု တဲ့အချိန်မှာ Guest account အကောင့်အတွက် Password ပေး ထားနိုင်ပေမယ့် Guest ထဲကနေ Owner ဘက်ကပိတ်ထားတဲ့ အရာတွေကို တစ်ခုမှ အသုံးပြုနိုင်မှာ မဟုတ်ပါဘူး။

ဖုန်းအချက်အလက် လုံခြုံရေးအတွက် အသုံးပြုနိုင်တဲ့ Flyme Account စနစ်ပါဝင်ပါတယ်။

ကင်မရာစနစ်မှာ အသုံးပြုနိုင်တဲ့ Camera Feature တွေ အများအပြား ပါဝင်ပါတယ်။ ကင်မရာ Feature တွေကို အသုံးပြုတဲ့ အခါမှာ ရှေ့ကင်မရာကိုပဲ ဖွင့်ဖွင့်၊ နောက်ကင်မရာကိုပဲ ဖွင့်ဖွင့် အသုံးပြုနိုင်တဲ့ ကင်မရာ Feature တွေက တူတူပဲ မြင်တွေ့ရမှာ ဖြစ်ပေမယ့် Feature တွေ အကုန်လုံးက ရှေနဲ့ နောက်ကင်မရာ နှစ်ခုစလုံးအတွက် အသုံးပြုနိုင်တာ မဟုတ်ပါဘူး။ ရှေ့ကင်မရာကို ဖွင့်ထားပြီး အသုံးပြုချင်တဲ့ Feature တစ်ခုခုကို ရွေးချယ်လိုက်တဲ့ အချိန်မှာ ကိုယ်ရွေးချယ်တဲ့ Feature ကရှေ့ ကင်မရာအတွက် မဟုတ်ဘူး ဆိုရင်တော့ ကင်မရာက နောက်ဘက် ကင်မရာအဖြစ် အလိုအလျောက် ပြန်ပြန်ပြောင်း သွားတတ်ပါတယ်။ ဒါကိုတော့ သတိပြုသင့်ပါတယ်။