April 28, 2017

အိန္ဒိယနိုင်ငံရဲ့ ပထမဆုံး 1Gbps broadband အင်တာနက်ဝန်ဆောင်မှု စတင်

အိန္ဒိယ broadband ဝန်ဆောင်မှုကုမ္ပဏီ ACT က နိုင်ငံအတွင်းရှိ သုံးစွဲသူများအတွက် 1Gbps connection ကို မိတ်ဆက်ကြေညာ လိုက်ပါတယ်။ ဒါကြောင့် ACT က အိန္ဒိယနိုင်ငံအတွင်း 1Gbps broadband အင်တာနက် ဝန်ဆောင်မှုပေးတဲ့ ပထမဆုံး ပြည်တွင်း ISP ဖြစ်လာပါတယ်။

အိန္ဒိယရဲ့ တတိယ အကြီးဆုံး broadband ကုမ္ပဏီဖြစ်တဲ့ ACT ဟာ gigabit အင်တာနက်ဝန်ဆောင်မှုကို Hyderabad မြို့မှာ ပထမဆုံး စတင်သွားမှာ ဖြစ်ပါတယ်။ ဒါဟာ အမေရိကန်မြို့အချို့မှာ ထောက်ပံ့ပေးထားတဲ့ Google Fiber ရဲ့ အမြန်နှုန်းနဲ့တူညီပြီး ပြိုင်ဘက် အိန္ဒိယ ISP အများစုရဲ့ အမြန်နှုန်းထက် ၁၀ ဆပိုမြန်တယ်လို့ ဆိုပါတယ်။

လစဉ်ကြေးက 1TB uploads နဲ့ 1TB downloads အတွက် ရူပီး ၆,၉၀၀ (၁၀၅ ဒေါ်လာ) ကျသင့်မှာဖြစ်ပါတယ်။

အဲ့ဒီ မြန်နှုန်းမြင့်အင်တာနက်ဝန်ဆောင်မှုကို အခြားမြို့ ၁၀ မြို့မှာ မကြာမီ ပေးအပ်သွားဖို့ စီစဉ်ထားကြောင်း ACT က ပြောကြားခဲ့ပါတယ်။

Ref: TNW