April 28, 2017

Facebook pop-up conversation tab ကို ဘယ်လို ဖျောက်မလဲ

Facebook pop-up conversation tab ဟာ desktop ကွန်ပျူတာ browser တွေအတွက် ထုတ်ပေးထားတဲ့ feature အသစ်တစ်ခု ဖြစ်ပါတယ်။ ဒီ feature ဟာ Facebook က သူငယ်ချင်း post တစ်ခုအောက်မှာ comment ပေးတာဖြစ်ဖြစ် ကိုယ့်ရဲ့ post အောက်မှာ comment လာပေးတဲ့ အခါမျိုးမှာ အလွယ်တကူနဲ့ ပြန်လည်ပြောဆို နိုင်ရန်အတွက် ပြုလုပ်ထားပေမယ့် browser ထဲမှာ pop-up အများအပြားနဲ့ ကြုံတွေ့ရတဲ့အခါမှာ စိတ်ရှုပ်စရာ ကောင်းလှပါတယ်။

Facebook pop-up conversation tab တွေကို ဖျောက်ချင်တယ်ဆိုရင် အောက်ဖော်ပြပါ နည်းလမ်းအတိုင်း ပြုလုပ်နိုင်ပါတယ်။

သက်ဆိုင်ရာ post တွေအတွက် pop-up ကို မပေါ်စေချင်တော့ဘူးဆိုရင် pop-up ရဲ့ ညာဘက်ထောင့် အပေါ်နားမှာ စက်သွားပုံနဲ့ options ဆိုတဲ့ icon ကို နှိပ်လိုက်ပါ။

အဲ့ဒီ icon ကို နှိပ်လိုက်ရင် See Full Post နဲ့ Hide This Tab ဆိုပြီးတွေ့ရပါမယ်။ Hide This Tab ဆိုတာကို နှိပ်လိုက်ပါ။

Hide This Tab pop-up တက်လာရင် အဲ့ဒီ post အတွက် notification ကို ယူမှာလား ဒါမှမဟုတ် notification တွေပါ ပိတ်ပစ်မှာလားမေးရင် နှစ်သက်ရာကို ရွေးချယ်ပြီး Hide ဆိုတဲ့ ခလုတ်ကို နှိပ်လိုက်ပါ။

ဒါဆိုရင် Facebook pop-up conversation tab ကို hide ပြုလုပ်လို့ ပြီးပြီဖြစ်ပါတယ်။ ဒါကတော့ post တစ်ခုချင်းစီအလိုက်ကို လုပ်ပေးရမှာဖြစ်ပါတယ်။

Tags: Computer, Facebook