April 23, 2017

Free Video Converter

Video Format အမျိုးအစားပေါင်းစုံကို convert လုပ်ပေးနိုင်မယ့် ဆော့ဖ်ဝဲတစ်ခုဖြစ်ပါတယ်။ ဗီဒီယို ဖိုင်တွေ ကိုသာမက အသံဖိုင်တွေကိုပါ convert ပြုလုပ်နိုင်အောင် လည်းစီစဉ်ပေးထားပါတယ်။

Convert ပြုလုပ်ထားတဲ့ ဖိုင်တွေကိုလည်း DVD ကူးယူနိုင်စေရန်အတွက်လည်း burning tool ကို ထည့်သွင်းပေးထားတာကိုတွေ့မြင်ရမှာဖြစ်ပါတယ်။

ဒီဆော့ဖ်ဝဲကို Mac App Store မှာ အခမဲ့ ရယူနိုင်ပါတယ်။ ဖိုင်အရွယ်အစားမှာ 49.9 MB ခန့်ရှိမှာဖြစ်ပြီး Mac OS X 10.7 နဲ့အထက်မှာ ထည့်သွင်းအသုံးပြုနိုင်မယ့် app တစ်ခုလည်းဖြစ်ပါတယ်။

Download ရယူလိုသူများ ဒီနေရာမှာ ရယူနိုင်ပါတယ်။