April 28, 2017

သြစတြေးလျနိုင်ငံမှာ လျှောက်ထားနိုင်တဲ့ ပညာသင်ဆုတွေ အကြောင်း ဆွေးနွေးပွဲပြုလုပ်မည်

သြစတြေးလျနိုင်ငံရှိ Trinity College, Dakin University, Macquarie University, University of Technology Sydney (UTS Insearch) တွေမှာ လျှောက်ထားနိုင်မယ့် ပညာသင်ဆုတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးပွဲတွေကို Grace Education ရုံးခန်းမှာကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။

Trinity College ရဲ့ ပညာရေးဆွေးနွေးပွဲကို မတ်လ ၃၀ ရက် ညနေ ၃ နာရီကနေ ၄ နာရီအထိ Benjamin Way Mire က လည်းကောင်း၊ Macquarie University နဲ့ University of Technology Sydney (UTS Insearch) ရဲ့ ပညာသင်ဆုများနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ ကိုလည်း မတ်လ ၃၁ ရက်တွင် ညနေ ၃ နာရီမှ ၄ နာရီထိ Ian Sebastian ကလည်းကောင်း၊ University of Technology Sydney (UTS Insearch) ကျောင်းရဲ့ပညာသင်ဆုတွေနဲ့ ပတ်သက်တဲ့ အချက်အလက် တွေကို Chanchai Teachapanich က လည်းကောင်း ဆွေးနွေးပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Dakin University ရဲ့ပညာသင်ဆုတွေနဲ့ ပတ်သက်တဲ့အချက်အလက်များအကြောင်းကို ဧပြီ ၃ ရက် ညနေ ၅နာရီခွဲမှ ၇ နာရီ အထိ Meenakshi Panwar က လည်းကောင်း ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။

တက်ရောက်လိုသူတွေအနေနဲ့ ဖုန်း ၀၉ -၅၁၄၀၈၀၂၊ ၀၉- ၇၉၅၁၄၀၈၀၂ သို့ဆက်သွယ်မေးမြန်းနိုင်မှာဖြစ်ပါတယ်။