April 24, 2017

iCloud account သန်းပေါင်းများစွာ ခိုးယူခံရတယ်ဆိုတဲ့ စွပ်စွဲချက်ကို Apple ငြင်းဆန်

ဟက်ကာအဖွဲ့တစ်ဖွဲ့က iCloud account သန်း ၆၀၀ ကျော် ရရှိထားတယ်ဆိုတဲ့ ပြောကြားချက်များကို Apple က ငြင်းဆို လိုက်ပါတယ်။

ကုမ္ပဏီရဲ့ ဘယ်စနစ်မှ ချိုးဖောက်ခံရခြင်း မရှိသလို သုံးစွဲသူရဲ့အချက်အလက်တွေကိုလည်း လုံခြုံအောင် ကာကွယ်ထားတယ်လို့ Apple က ပြောကြားခဲ့ပါတယ်။

ဟက်ကာတွေရဲ့ပြောကြားချက်ဟာ အရင်ကပေါက်ကြားခဲ့တဲ့ third-party ဝန်ဆောင်မှုတွေက အချက်အလက်တွေ ဖြစ်တယ်လို့ Apple က ဆိုပါတယ်။

“iCloud နဲ့ Apple ID အပါအဝင် ကုမ္ပဏီရဲ့စနစ်တွေ ချိုးဖောက်ခံရတာမျိုး မရှိပါဘူး။ ဟက်ကာတွေရဲ့စာရင်းမှာ ဖော်ပြထားတဲ့ အီးမေးလ်လိပ်စာနဲ့ password တွေက အရင်ပေါက်ကြားခဲ့တဲ့ third-party ဝန်ဆောင်မှုတွေက ရယူထားတာတွေပါ” လို့ Apple က ထုတ်ပြန်ခဲ့ပါတယ်။

ကုမ္ပဏီအနေနဲ့ အခြေအနေကို တက်ကြွစွာ ဆက်လက်စောင့်ကြည့်နေပြီး သုံးစွဲသူအချက်အလက်တွေ လုံခြုံမှုရှိဖို့အတွက် အာဏာပိုင်တွေနဲ့အတူ ဆောင်ရွက်သွားမယ်လို့ Apple က ပြောကြားခဲ့ပါတယ်။

Turkish Crime Family လို့ခေါ်တဲ့ ဟက်ကာအဖွဲ့က iCloud account သန်းရာပေါင်းများစွာ လက်ဝယ်ရရှိထားတယ်လို့ Motherboard ကဖော်ပြခဲ့ပြီးတဲ့နောက် Apple က အထက်ပါအတိုင်း ထုတ်ပြန်ခဲ့တာပါ။

အဲ့ဒီဟက်ကာအဖွဲ့က Apple အနေနဲ့ ဧပြီ ၇ ရက်မှာ ဒေါ်လာ ၁၅၀,၀၀၀ ပေးဖို့ငြင်းဆန်ခဲ့မယ်ဆိုရင် Apple သုံးစွဲသူ သန်းပေါင်းများစွာရဲ့ ထုတ်ကုန်တွေကို အဝေးကနေ ဖျက်ပစ်မယ်ဆိုပြီး ခြိမ်းခြောက်ခဲ့တယ်လို့ သိရပါတယ်။

Ref: 9to5Mac