April 24, 2017

James Cook University မှာ Business Administration ဘာသာရပ်ကို တက်ရောက်မယ့် မထားနန္ဒီမင်းရဲ့ Student Life

စင်ကာပူနိုင်ငံ James Cook University မှာ Business Administration ဘာသာရပ်ကိုတက်ရောက်မယ့် မထားနန္ဒီမင်းရဲ့ Student Life ကိုဖော်ပြပေးမှာဖြစ်ပါတယ်။

ပြည်ပမှာကျောင်းတက်ဖို့ ဘာလို့ဆုံးဖြတ်ခဲ့တာလဲ။

ပြည်ပမှာကျောင်းတက်ဖို့ကို ၁၀ တန်းပြီးကတည်းက ဆုံးဖြတ်ထားပါတယ်။ အဓိကကတော့ ပြည်ပကအလုပ်အတွေ့အကြုံလိုချင်ပါတယ်။ ပြီးရင် မြန်မာနိုင်ငံပြန်လာပြီး နိုင်ငံခြားမှာတတ်မြောက်လာတဲ့ ပညာရပ်တွေကို ပြန်လည်အသုံးချပြီး မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်အောင်လုပ်ဆောင်တဲ့နေရာတွေမှာ တစ်ဖက်တစ်လမ်းက ပါဝင်လုပ်ဆောင်ချင်လို့လဲ ပါပါတယ်။

တက်မယ့်ကျောင်းနဲ့ဘာသာရပ်ကို ပြောပြပေးပါဦး။

စင်ကာပူနိုင်ငံ James Cook University မှာ Business Administration ဘာသာရပ်ကိုတက်ရောက်မှာဖြစ်ပါတယ်။ စီးပွားရေး ဘာသာရပ်ကိုစိတ်ဝင်စားလို့ ရွေးချယ်ဖြစ်ခဲ့ခြင်းဖြစ်ပါတယ်။

ကျောင်းလျှောက်ခဲ့ပုံလေးကို ပြောပြပေးပါ။

သမီး နိုင်ငံခြားမှာကျောင်းတက်ဖို့ဆုံးဖြတ်ပြီးကတည်းက သူငယ်ချင်းကနေတစ်ဆင့် STUDY ABROAD Information Centre ကို စသိခဲ့ခြင်းဖြစ်ပါတယ်။ ဘာသာရပ်လဲရွေးပြီးပြီဆိုတော့ ပညာရေးအတိုင်ပင်ခံ တာဝန်ခံအစ်မတွေနဲ့အတူ ကျောင်းအတူရွေးချယ်ဖြစ်ခဲ့ပါတယ်။ အဲဒီက ပညာရေးတိုင်ပင်ခံ တာဝန်ခံအစ်မတွေက သမီးသိချင်တဲ့ အချက်အလက်တွေကို စိတ်ရှည်လက်ရှည်နဲ့ သေသေချာချာပြောပြဆွေးနွေးပေးခဲ့ပါတယ်။ ကျောင်းတွေအများကြီးထဲကမှ James Cook University က Ranking လည်းမြင့်တယ်၊ Campus လည်းရှိတယ်ဆိုတော့ University Life ကိုပိုရမယ်ထင်လို့ ရွေးချယ်ဖြစ်ခဲ့ခြင်းဖြစ်ပါတယ်။ ပြီးတော့ James Cook University ကနေ Australia ကို ကျောင်းသွား တက်လို့လည်းရတော့ နိုင်ငံနှစ်ခုရဲ့အတွေ့အကြုံလည်းရနိုင်လို့ ရွေးချယ် ဖြစ်ခဲ့ခြင်းဖြစ်ပါတယ်။

အခက်အခဲရော ရှိခဲ့သေးလား။

ပညာရေးတိုင်ပင်ခံ တာဝန်ခံအစ်မတွေက အစအဆုံးကူညီပေးလို့ အခက်အခဲလုံးဝမရှိခဲ့ပါဘူး။ ကျောင်းရွေးတဲ့အချိန်ကစပြီး ကျောင်းလျှောက်ဗီဇာရတဲ့အထိ လိုအပ်တဲ့ပညာရေးစာရွက်စာတမ်းနဲ့ အခြား အားလုံးကိုပြင်ဆင်ပေးလို့ အရမ်းကိုအဆင်ပြေခဲ့ပါတယ်။

ကျောင်းပြီးရင်ရော ဘာလုပ်ဖို့စဉ်းစားထားလဲ။

ကျောင်းပြီးရင် စင်ကာပူနိုင်ငံမှာ အလုပ်အတွေ့အကြုံရအောင် အရင်အလုပ်လုပ်ပါမယ်။ ပြီးရင် မိမိမြန်မာနိုင်ငံကိုပြန်လာပြီး ကိုယ်ပိုင်လုပ်ငန်းလုပ်ဖို့ စဉ်းစားထားပါတယ်။

ပြည်ပမှာကျောင်းတက်မယ့် ညီမလေးလိုကျောင်းသားတွေအတွက် ဘာတွေကြိုတင်ပြင်ဆင်သင့်လဲ။

နိုင်ငံခြားမှာကျောင်းသွားတက်မယ့် ကျောင်းသူ၊ ကျောင်းသားတွေကို ပြောချင်တာကတော့ အင်္ဂလိပ်စာကို အဓိကလုပ်ပါ။ ကိုယ်သွားမယ့် နိုင်ငံရဲ့ ယဉ်ကျေးမှုဓလေ့စရိုက်ကို သေသေချာချာလေ့လာပြင်ဆင်သွားပါလို့ ပြောချင်ပါတယ်။