April 28, 2017

ကျောင်းအုပ်နဲ့ မိဘကြား ကျောင်းသားရဲ့ အချက်အလက်တွေသိနိုင်ဖို့ App တစ်ခုဖန်တီးထားတယ်လို့ ဆိုလိုက်တဲ့ သံလွင်ပုဂ္ဂလိက အလယ်တန်းကျောင်း

ကျောင်းအုပ်နဲ့ မိဘကြား ကျောင်းသားရဲ့ အချက်အလက်တွေကို အမြန်ဆုံးဝေမျှနိုင်ဖို့ School Information Management System ကို

မိုဘိုင်းဖုန်းကနေ အလွယ်တကူကြည့်ရှုနိုင်စေရန် App အနေနဲ့ ထုတ်လုပ်ပေးထားတယ်လို့ သံလွင်ပုဂ္ဂလိက အလယ်တန်းကျောင်းက သိရပါတယ်။ ဒီ App ကနေတစ်ဆင့် ကျောင်းသားတစ်ဦးချင်းစီရဲ့ လိုအပ်ချက်၊ ပညာရည်မှတ်တမ်း၊ စွမ်းဆောင်မှု၊ စည်းကမ်း၊ ၀ါသနာ၊ ထူးချွန်မှုတွေကို မြန်ဆန်စွာသိရှိနိုင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် ကလေးငယ်တွေရဲ့ လုံခြုံရေးအတွက် အကြိုအပို့ ကျောင်းကားတွေမှာလည်း GPS စနစ် တပ်ဆင်ပေးထားမှာ ဖြစ်ပြီး အဆိုပါ App ကနေတစ်ဆင့် ကျောင်းကားရဲ့ တည်နေရာကို သိရှိနိုင်မှာဖြစ်ပါတယ်။

ဒီအကြောင်းအရာကိုတော့ မတ်လ ၁၇ ရက်ကနေ ၁၉ ရက်အထိ ပြည်လမ်းမပေါ်ရှိ ပြည်ဂါးဒင်းမှာ ကျင်းပပြုလုပ်ခဲ့တဲ့ သံလွင်ပုဂ္ဂလိက အလယ်တန်းကျောင်းဆိုင်ရာ အချက်အလက်ရှင်းလင်းမှု အစီအစဉ်မှာ ပြသထားခဲ့တာဖြစ်ပါတယ်။ ကျောင်းအပ်ချင်တဲ့ ကျောင်းသား မိဘတွေအနေနဲ့ မေလမှစတင်ကာ ကျောင်းအပ်လက်ခံပေးမယ်လို့လည်း သိရပါတယ်။