April 23, 2017

Pinterest ကို တရုတ်နိုင်ငံတွင် တားမြစ်ပိတ်ပင်

ထူးခြားဆန်းသစ်တဲ့ မင်္ဂလာဆောင် ဝတ်စုံတွေ၊ ချစ်စရာ တိရိစ္ဆာန်လေးတွေနဲ့ အခြားဓာတ်ပုံတွေကို ရှာဖွေကြည့်နိုင်တဲ့ Pinterest လူမှုရေး မီဒီယာဆိုက်ကို တရုတ်နိုင်ငံမှာ တားမြစ်ပိတ်ပင် လိုက်ပါတယ်။

တရုတ်နိုင်ငံအတွင်း Pinterest.com အသုံးပြုခွင့်ကို GreatFire.org က မတ်လ ၈ ရက်ကစပြီး ပိတ်ပင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ Pinterest ဟာ နိုင်ငံရေး အကြောင်းတွေ ဝေမျှတဲ့ဆိုက်မဟုတ်ဘဲ အချက်အပြုတ်ဆိုင်ရာနဲ့ လက်မှုအတတ်ပညာ ဆိုင်ရာတွေကို ဝေမျှတဲ့ ဆိုက်တစ်ခုဖြစ်ပါတယ်။ အခုလို ပိတ်ပင်ရတဲ့ အကြောင်းကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

Great FireWall ဟာ Pinterest အပြင် Facebook, Twitter, Instagram, Tumblr, Google Plus, Snapchat, Line တို့အပါအဝင် အခြားလူမှုရေး မီဒီယာကွန်ရက်တွေကိုလည်း တားမြစ်ပိတ်ပင် ထားပါတယ်။