April 28, 2017

Practical A+ သင်တန်း MCPA ကဖွင့်မယ်

ရန်ကုန်တိုင်းဒေသကြီး ကွန်ပျုတာပညာရှင်အသင်းကကြီးမှူးပြီး Practical A+ with Microsoft Windows for Teens သင်တန်းဖွင့်မယ်လို့ သိရပါတယ်။

ကွန်ပျူတာအစိတ်အပိုင်းတွေရဲ့အလုပ်လုပ်ပုံကနေပြီး ဆော့ဖ်ဝဲတွေအကြောင်းအထိ သင်ကြားပေးမယ်လို့ ဆိုပါတယ်။ မတ်လ ၂၈ ရက်မှ ၃၁ ရက်အထိ လေးရက်တာကာလဖြစ်ပြီး နံနက် ၁၀ နာရီကနေ ညနေ ၃ နာရီအထိ ဖြစ်ပါတယ်။ သင်တန်းကြေးငါးသောင်းကျပ်ဖြစ်ပြီး MCPA Member တွေအတွက်ကတော့ ၅၀ ရာခိုင်နှုန်းသာ ပေးရမယ်လို့သိရပါတယ်။ သင်တန်းနဲ့ပတ်သက်လို့ MCPA မှာ ရုံးချိန်အတွင်းမေးမြန်းနိုင်ပါတယ်။