April 28, 2017

Windows 10 မှာ Internet connection ကို ဘယ်လို ဝေမျှမလဲ

ကိုယ့်အိမ်မှာဖြစ်ဖြစ်၊ အခြားသောနေရာ တစ်ခုမှာပဲဖြစ်ဖြစ် ကွန်ပျူတာ တစ်လုံးထက်ပိုပြီး အင်တာနက် ချိတ်ချင်တဲ့ အခါမျိုး ဒါမှမဟုတ် မိုဘိုင်းဖုန်းအတွက် WiFi ဝေမျှချင်တဲ့ အခါမျိုးမှာ Windows 10 ကနေ Internet ကို Share ပြုလုပ်ပြီး သုံးစွဲနိုင်ပါတယ်။ Windows 10 ဟာ အခြားသော Third-party ဆော့ဖ်ဝဲaတွကို အသုံးပြုစရာမလိုဘဲ Internet ကို Hotspot တစ်ခုတည်ဆောက်ကာ Share ပြုလုပ်နိုင်ပါတယ်။

ဒီ Feature ကို Mobile Hotspot လို့ အမည်ပေးထားပါတယ်။ အရင်က ကိုယ့်ကွန်ပျူတာမှာ ချိတ်ဆက်သုံးစွဲနေတဲ့ Internet ကို mobile device တွေအတွက် ဝေမျှသုံးစွဲဖို့အတွက်ဆိုရင် ကြားခံဆော့ဖ်ဝဲတွေ ထည့်သွင်းမှသာ အသုံးပြုနိုင်ပါတယ်။ Windows 10 မှာ Mobile Hotspot feature ကို ထည့်သွင်းပေးလာတဲ့အတွက် Third-party  hotspot ဆော့ဖ်ဝဲတွေကို သုံးစွဲစရာမလိုဘဲ အင်တာနက်ကို အလွယ်တကူနဲ့ ဝေမျှနိုင်ရန် ဖော်ပြထားတဲ့ နည်းလမ်းအတိုင်း ပြုလုပ်နိုင်ပါတယ်။

Windows 10 မှာ Wireless Hotspot ဖန်တီးဖို့အတွက် Desktop ကွန်ပျူတာဆိုရင် Wireless adapter လိုအပ်ပါမယ်။ ပထမဆုံး Start menu button ကို နှိပ်ပြီး Settings ဆိုတာကို ရွေးချယ်ပေးရပါမယ်။

Settings ထဲကို ရောက်ပြီဆိုရင် Network & Internet ဆိုတာကို ရွေးပြီး ကလစ် နှိပ်လိုက်ပါ။

Netwrok & Internet ထဲကို ရောက်ပြီဆိုရင် Mobile Hotspot ဆိုတာကို ရွေးလိုက်ပါ။ ဒီနေရာကနေ Internet ကို share ပြုလုပ်ရမှာ ဖြစ်ပါတယ်။

ပြီးရင် Share ပြုလုပ်မယ့် အင်တာနက် ကိုရွေးချယ် ပေးရမှာ ဖြစ်ပါတယ်။ Share my internet connection from ဆိုတဲ့နေရာမှာ ရွေးပေးလိုက်ပါ။

နောက်တစ်ဆင့်ကတော့ Network Info ကို ထည့်သွင်းပေးရပါမယ်။ Network Name နဲ့ Network Password အောက်က Edit ဆိုတဲ့ ခလုတ်ကို နှိပ်လိုက်ပါ။ Network Info box ကျလာပါလိမ့်မယ်။ Net ID နေရာမှာ
Hotspot မှာ ပေါ်စေချင်တဲ့ အမည်ကို ထည့်ရပါမယ်။ ပြီးရင် Hotspot ကို အခြားသူတွေ အလွယ်တကူချိတ်ဆက် အသုံးမပြုနိုင်စေဖို့ password ရှစ်လုံးထည့်သွင်း ပေးရပါမယ်။

ဒီအဆင့်ဆိုရင် Internet ကို share ပြုလုပ်ဖို့အတွက် hotspot ကို တည်ဆောက်ပြီးပြီ ဖြစ်ပါတယ်။ စတင်သုံးစွဲ တော့မယ်ဆိုရင် Mobile hotspot ဆိုတာကို အပေါ်ဘက်မှာ မြင်ရပါမယ်။ အဆိုပါ နေရာမှာရှိတဲ့ toggle ကို ဖွင့်ပေးလိုက်ပါ။

ပြီးရင် WiFi ချိတ်ဆက်မယ့် device မှာ ကိုယ်ပေးထားတဲ့ hotspot အမည်ကို ရှာဖွေပြီးချိတ်ပါ။ Password ကို ပေးထားတဲ့ password ထည့်သွင်းပြီး ချိတ်ဆက်ရပါမယ်။

ဒါဆိုရင် ပုံမှာမြင်တွေ့ရတဲ့အတိုင်းကိုယ် Share ထားတဲ့ Hotspot တစ်ခုကို ဘယ် device တွေ ဝင်ရောက် ချိတ်ဆက် အသုံးပြုနေတယ် ဆိုတာကို မြင်တွေ့ရပါလိမ့်မယ်။ Mobile hotspot ကို ပြန်လည် ပြင်ဆင်မယ်ဆိုရင် ပထမဦးဆုံး Mobile hotspot ဆိုတဲ့ toggle ကို ပိတ်ပြီး မှ Network Info မှာ ပြန်လည် ပြင်ဆင်သင့်ပါတယ်။