April 23, 2017

Wikileaks ကဖော်ပြခဲ့တဲ့ အားနည်းချက် အများစုကို ပြင်ဆင်ထားပြီးဖြစ်ကြောင်း Apple ပြောကြား

Wikileaks ဟာ CIA က ရယူထားတဲ့ စာရွက်စာတမ်းတွေကို ဒီကနေ့မှာ ထုတ်ဝေခဲ့ပြီး အဲ့ဒီအထဲမှာ iPhone တွေ၊ Android ဖုန်းတွေနဲ့ Samsung smart TV တွေလို နာမည်ကျော်ထုတ်ကုန်တွေကို hack မယ့် အစိုးရရဲ့ ကြိုးပမ်းချက်တွေကို အသေးစိတ်ဖော်ပြထားပါတယ်။ ဒါပေမဲ့ CIA က ရယူစုဆောင်းထားတဲ့ အားနည်းချက်အများစုကို ပြင်ဆင်ထားပြီးဖြစ်တယ်လို့ Apple က တုံ့ပြန်လိုက်ပါတယ်။

အဲ့ဒီစာရွက်စာတမ်းတွေမှာ CIA က

iPhone သုံးစွဲသူတွေကို ထိန်းချုပ်စောင့်ကြည့်နိုင်စေမယ့် iOS အားနည်းချက် အသေးစိတ်ကို ပုံစံဇယားကွက်တွေနဲ့ ဖော်ပြထားပါတယ်။

ဒါပေမဲ့ Wikileaks က ဖော်ပြခဲ့တဲ့ iOS အားနည်းချက်အများစုကို ပြင်ဆင်ထားပြီးဖြစ်သလို အားနည်းချက်သစ်တွေကိုလည်း ပြင်ဆင်ဖို့လုပ်ဆောင်နေတယ်လို့ Apple က ပြောကြားခဲ့ပါတယ်။

Wikileaks စာရွက်စာတမ်းတွေမှာ Android ရဲ့ အားနည်းချက်တွေကိုလည်း ဖော်ပြထားပါတယ်။ အဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီး Google က တစ်စုံတစ်ရာပြောကြားတာမျိုး မရှိသေးပါဘူး။

Ref: TechCrunch