April 23, 2017

OPPO F1S 2017

Price : 369,000

အားသာချက်

၂၀၁၆ ကထွက်ခဲ့တဲ့ F1s ထက် RAM နဲ့ ROM ပိုင်းမှာ ပိုမိုမြင့် မားလာတဲ့အတွက် ဂိမ်းအကြီးတွေ ကစားတဲ့အချိန်မှာ ပိုမိုချောမွေ့ ကောင်းမွန်လာတဲ့အပြင် ပထမ F1s ထက် အချက်အလက် သိမ်းဆည်းနိုင်မှု အပိုင်းမှာလည်း ပိုမို မြင့်မားကောင်းမွန် ပါတယ်။ ဈေးနှုန်း အလယ်အလတ်တန်းစား ဖုန်းအမျိုးအစား ဖြစ်ပေမယ့် ဖုန်းမှာပါဝင်တဲ့ CPU, GPU နဲ့ မှတ်ဉာဏ်ပိုင်းတွေ မြင့်မားတဲ့ ဖုန်းဖြစ်ပါတယ်။ ကင်မရာပိုင်းမှာ ဆိုရင်လည်း Megapixels မြင့်မားတဲ့ ကင်မရာတွေကို မြင်တွေ့ရမှာဖြစ်ပြီး ဓာတ်ပုံဝါသနာရှင်တွေ အတွက်တော့ အကြိုက်တွေ့စေမယ့် ဖုန်းပါပဲ။ ဖုန်းအချက်အလက် လုံခြုံရေးအတွက် တုန့်ပြန်မှု မြန်ဆန်တဲ့ Finger Print စနစ်ကိုလည်း ဒီဖုန်းမှာ မြင်တွေ့နိုင်ပါတယ်။

အားနည်းချက်

နည်းပညာပိုင်းနဲ့ ဖုန်းတွင်းအသုံးပြု စနစ်တွေမှာ ကောင်းမွန်ပေမယ့် ဖုန်းရဲ့ Screen Resolution ကတော့ Full HD ရရှိနိုင်မှာ မဟုတ်ပါဘူး။ OS Version ကလည်း နောက်ပိုင်းထွက် Version 6.0, 7.0  ဖုန်းတွေနဲ့ ယှဉ်မယ်ဆိုရင်လည်း အနည်း ငယ်နိမ့်နေတယ်လို့ ခံစားရနိုင်ပါတယ်။

ဒီဇိုင်း

ကိုယ်ထည်ဖွဲ့စည်း တည်ဆောက်မှုပုံစံ လှပသေသပ်တယ်လို့ ဆိုရမယ့်ဖုန်း ဖြစ်ပါတယ်။ အရွယ်အစားရော ပုံစံဒီဇိုင်းပါ လှပသေသပ်ပြီး ကျစ်ကျစ်လျစ်လျစ်ရှိတဲ့ ဖုန်းပါပဲ။ ဖုန်းကိုယ်ထည် တစ်ခုလုံးကို သတ္တု ကိုယ်ထည်နဲ့ ဖွဲ့စည်းတည်ဆောက် ထားတာဖြစ်ပြီး ရှေ့ဘက်မျက်နှာပြင် ကတော့ အနားအနည်းငယ် လုံးထားတဲ့ အနားခုံးမှန်ပုံစံမျိုးပါ။ ဖုန်းတစ်ခုလုံးရဲ့ အရွယ်အစားကတော့ အထက်အောက်အမြင့် ၁၅.၄၅ စင်တီမီတာ၊ ဘေးတိုက် အကျယ် ၇.၆ စင်တီမီတာနဲ့ ထုထည်ကတော့ ၀.၇၄ စင်တီမီတာ ရှိပါတယ်။ အလေးချိန်ကတော့ ၁၆၀ ဂရမ်ဖြစ်ပြီး ကိုင်တွယ် အသုံးပြုချိန်မှာတော့ ထုထည်နဲ့ အရွယ်အစားဟာ လက်ထဲမှာကိုင်တွယ်ရတာ အဆင်ပြေစေပါတယ်။ Finger Print ကတော့ ရှေ့ဘက်မြင်ကွင်း မျက်နှာပြင်ရဲ့အောက်ဘက်မှာ Home Button နဲ့အတူ တွဲဖက်တပ်ဆင် ထားတာပါ။

မြင်ကွင်း

၅.၅  လက်မရှိတဲ့ IPS LCD Screen ဖြစ်ပြီး 720 x 1280 Pixels  (~267 ppi pixel density) ရှိပါတယ်။

နည်းပညာ

ဓာတ်ပုံပိုင်းအတွက် 16MP ရှေ့ဘက်ကင်မရာနဲ့ Beautify 4.0 နည်းပညာတွေကြောင့် Selfie သမားတွေအတွက်တော့ သဘာဝအရောင်တွေနဲ့ အနီးစပ်ဆုံး ပုံဖော်နိုင်မှာဖြစ်ပြီး ကောင်းမွန်တဲ့ ဓာတ်ပုံတွေကို ရရှိနိုင်မယ့်အပြင် လက်အမူအရာ လှုပ်ရှားမှု၊ အသံစနစ်တွေနဲ့ ဓာတ်ပုံရိုက်နိုင်မယ့် နည်းပညာတွေကိုလည်း မြင်တွေ့ရမှာပါ။ Finger Print ပိုင်းမှာလည်း 0.22 စက္ကန့်အတွင်း တုန့်ပြန်နိုင်တဲ့ မြန်ဆန်တဲ့ Finger Print နည်းပညာအပြင် Finger Print စနစ်နဲ့ ဖုန်းခေါ်ခြင်း၊ ကိုယ်အသုံးပြုချင်တဲ့ App စနစ်တွေကို အလွယ်တကူ ၀င်ရောက်ခြင်း အစရှိတာတွေကို မတူညီတဲ့ လက်ဗွေစနစ်တွေနဲ့ မှတ်သားအသုံးပြုနိုင်တဲ့ စနစ်တွေလည်း ပါဝင်ပါတယ်။ Gesture & Motion စနစ်မှာတော့ OPPO ရဲ့ထုံးစံအတိုင်း ပါဝင်နေကျ Gesture စနစ်တွေကို မြင်တွေ့ရ မှာပါ။

သုံးသပ်ချက်

ဖုန်းတစ်ခုလုံးကို ခြုံပြီး သုံးသပ်ကြည့်မယ် ဆိုရင်တော့ OPPO F1s  2017 ဟာ ရှေ့ကထွက်ခဲ့တဲ့ F1s နဲ့ RAM, ROM ပိုင်းတွေမှာသာ အဓိကကွာခြားပြီး ဖုန်းရဲ့ Hardware ပိုင်းနဲ့ ဖုန်းတွင်း အသုံးပြုစနစ်တွေမှာတော့ သိပ်ပြီး ကွာခြားမှု မရှိတာ တွေ့ရပါတယ်။ ကင်မရာပိုင်း၊ ဖုန်းတွင်း မှတ်ဉာဏ်ပိုင်း၊ CPU, GPU အစရှိတဲ့အ ပိုင်းတွေမှာ အရင် F1s လိုပဲ ကောင်းမွန်တဲ့ ဖုန်းဖြစ်ပါတယ်။ ဖုန်းရဲ့ကင်မရာပိုင်း၊ မှတ်ဉာဏ်ပိုင်းတွေဟာ သူ့ရဲ့ ဈေးနှုန်းနဲ့ နှိုင်းယှဉ်ကြည့်ရင် မဆိုးဘူးလို့ ပြောလို့ ရပါတယ်။ Screen Resolution နဲ့ Android Version က နောက်ပိုင်းထွက် ဖုန်းတွေထဲမှာ ဆိုရင်တော့ အနည်းငယ်နိမ့်တယ်လို့ ခံစားရမှာပါ။

Network     GSM – 2G/ 3G/ 4G
SIM            Dual SIM (Nano SIM Dual Standby)
OS            Android OS, v5.1
CPU          Octa-core 1.5 GHz Cortex-A53
GPU          Mali-T860MP2
Memory     Internal 64GB, 4GB RAM, Micro SD 256GB
Camera     13 MP, f/2.2, phase detection autofocus, LED flash, 1/3″ sensor size, geo-tagging, touch focus, face detection, panorama, HDR Video, Front 16 MP, f/2.0, 1/3.1″ sensor size, 1080p
Wi-Fi         802.11 a/b/g/n, Wi-Fi Direct, hotspot
Bluetooth  v4.0
Battery      Li-Po 3075 mAh Battery

သူတို့အမြင်

ကိုအောင်အောင် (စမ်းသပ်အသုံးပြုသူ)

အရင်ရှေ့ကထွက်ခဲ့တဲ့ F1s ကိုလည်းကြိုက်ပါတယ်။ ခုအသစ် ထွက်လာတဲ့ 2017 ဗားရှင်းကလည်း မဆိုးဘူးလို့ပဲ ပြောရမယ်။ RAM နဲ့ ROM ပိုင်းမှာ မြင့်လာတဲ့အတွက် ဓာတ်ပုံတွေ များများသိမ်းလို့ ရလာသလို ဖုန်းရဲ့ လုပ်ဆောင်ချက် ပိုင်းတွေမှာလည်း ပိုကောင်းလာပါတယ်။ ဒါပေမယ့် ဒီထပ်ပိုပြီး ဗားရှင်း Upgrade ဖြစ်လာတာ မျိုး၊ ဒါမှမဟုတ် သိသာတဲ့ ပြောင်းလဲမှု တစ်ခုခု ထပ်ပါလာရင် ပိုကောင်းမယ်လို့ ထင်မိတယ်။ 2017 ဗားရှင်းဆိုတော့ ကျွန်တော်တို့ ကလည်း OPPO ကဘယ်လို နည်းပညာတွေ ထပ်ပါလာမလဲဆိုပြီး မျှော်တာပေါ့နော်။ ကျန်တဲ့ အစိတ်အပိုင်းတွေနဲ့ သုံးရတဲ့စနစ်တွေက နဂို F1s လိုပဲ ဘာမှ သိပ်ပြီးထူးထူးခြားခြား မရှိလာတော့ အဲဒါကို သိပ်အားမရ ဖြစ်မိတယ်။

D Mobile (YGN)

F1s ကနဂိုကတည်းက လူကြိုက်များပါတယ်။ သူက ရှေ့ကင်မရာရော နောက်ဘက်ကင်မရာ နှစ်ခုစလုံးက မြင့်တယ်။ ပြီးတော့ Fingerprint ကလည်း ကောင်းပါတယ်။ ခုအသစ်ထွက်လာတဲ့ 2017 ဗားရှင်းကိုလည်း သုံးတဲ့သူတွေ ကြိုက်ကြမှာပါ။ ဘာဖြစ်လို့ လဲဆိုတော့ ရှေ့ကထွက်ခဲ့တဲ့ ဗားရှင်းထပ် RAM နဲ့ ROM တွေပိုပြီး မြင့်မားလာတဲ့အတွက် Memory များများ သုံးချင်တဲ့ သူတွေအတွက် တော့ သူကလည်း ရွေးချယ်စရာ တစ်ခု ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် ဖုန်းထဲမှာပါတဲ့ အသုံးပြု စနစ်တွေပိုင်းတွေနဲ့ အခြား Hardware ပိုင်းတွေ၊ နည်းပညာတွေမှာ နဂိုဗားရှင်း အဟောင်းနဲ့ ဘာမှကွာသွား တာသိပ်မရှိတော့ အဲဒါကိုတော့ သုံးတဲ့သူတွေ နည်းနည်း ဘဝင်မကျ  ဖြစ်ရင်ဖြစ်နိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ RAM နဲ့ ROM ပိုင်းမြင့် သွားသလို ဈေးကလည်း ဗားရှင်းအဟောင်းထပ် နည်းနည်းပိုများနေတဲ့အတွက် ဒါကတော့ စဉ်းစားစရာ ဖြစ်ကောင်းဖြစ်နေ နိုင်တယ်။

မသဇင်ကိုကို (စမ်းသပ်အသုံးပြုသူ)

လက်ရှိတော့ OPPO F1s အရင်ဗားရှင်းဖုန်းကို ကိုင်ထားပါတယ်။ ခု အသစ်ထပ်ထွက်လာတဲ့ 2017 ဗားရှင်းကို သုံးကြည့်တော့လည်း ဖုန်းထဲက စနစ်တွေမှာ နဂိုဗားရှင်း အဟောင်းထပ် သိပ်ပြီး ထူးထူးခြားခြား ပြောင်းလဲလာတဲ့ စနစ်မျိုးတော့ သိပ်မတွေ့မိဘူး။ RAM နဲ့ ROM ပိုင်း မြင့်လာတာကိုတော့ သဘောကျပါတယ်။ မှတ် ဉာဏ်များလာတဲ့အတွက် အချက်အလက် ဒေတာတွေ များများသိမ်းလို့ ရလာတယ်။ ဓာတ်ပုံတွေများများ သိမ်းလို့ ရလာတယ်။ ဆော့ဖ်ဝဲ တွေသုံးတဲ့အခါမှာလည်း နည်းနည်း ပိုကောင်းလာတယ်လို့တော့ ခံစားမိတယ်။ ကင်မရာပိုင်းကို နဂို F1s အဟောင်းမှာကတည်းက သဘောကျပြီးသားဆိုတော့ ဒီဖုန်းမှာလည်း ကင်မရာကို ကြိုက်ပါတယ်။ ဒီထပ်ပိုပြီး ထူးထူးခြားခြား ပြောင်းလဲမှုတွေ ပါလာမယ်ဆိုရင်တော့ ပိုပြီးပျော်မိမှာ။

GIF ဖိုင်တွေကို ဖန်တီးတဲ့အခါမှာ ပုံမှန် လှုပ်ရှားမှု အတည့်အတိုင်းအပြင် ပြောင်းပြန် သက်ရောက်မှု တစ်ခုကိုပါ ဖန်တီးနိုင်ပါလိမ့်မယ်။

ဥပမာ အရာဝတ္တုတစ်ခုကို ကိုယ့်ရဲ့လက်က နေ လွှတ်ချလိုက်တဲ့ လှုပ်ရှားမှုတစ်ခုကို GIF ဖိုင်ပြုလုပ်တဲ့အခါမှာ ကိုယ့်လက်ကနေ လွှတ်ချလိုက်တဲ့ လှုပ်ရှားမှုအပြင် လွှတ်ချလိုက်တဲ့ အရာဝတ္တုဟာ အောက်ကနေ ကိုယ့်လက်ထဲကို ပြန်တက်လာတဲ့ပုံစံ မျိုး ဖြစ်အောင်လည်း ပြုလုပ်နိုင်ပါတယ်။

ဒီစနစ်ဟာ GIF ဖိုင်တွေကို ဖန်တီးတဲ့အခါမှာ လူတစ်ယောက်အပေါ်က ခုန်ချတဲ့ပုံမျိုးကို အောက်ကနေ အပေါ်ကို ပြန်ခုန်တက်သွားတဲ့ပုံစံ လှုပ်ရှားမှုမျိုးတွေ ပြုလုပ်တဲ့ နေရာမှာ အသုံးတည့်မယ့် စနစ်မျိုးပါပဲ။ ဒါကိုအသုံးပြုမယ် ဆိုရင်တော့ ကင်မရာကို ဖွင့်ပြီး GIF ဆိုတဲ့ စနစ်ထဲကို ၀င်လိုက်ပါ။ GIF နဲ့ရိုက်ကူးတော့မယ့် အချိန်မှာ Positive နဲ့ Reverse ဆိုပြီးရှိပါတယ်။ Positive ကတော့  ပုံမှန်အတိုင်း ရိုက်ကူးတာဖြစ်ပြီး Reverse ကတော့ နောက်ပြန်လှုပ်ရှားမှု ပုံစံမျိုး ဖန်တီးနိုင်တာဖြစ်ပါတယ်။

ကင်မရာရှေ့မှာ လက်ကို ဝှေ့ယမ်းပြရုံနဲ့ ဓာတ်ပုံရိုက်ကူး ပေးနိုင်မယ့် Palm စနစ်၊ Cheese လို့ပြောလိုက်ရုံနဲ့ ဓာတ်ပုံရိုက်နိုင်မယ့် အသံစနစ်တွေကိုလည်း ဒီဖုန်းမှာ မြင်တွေ့နိုင်ပါတယ်။ ပုံမှန်ပါဝင်နေကျ OPPO ရဲ့ Gesture & Motion စနစ်တွေကလည်း ဒီဖုန်းမှာ ပါဝင်ပါတယ်။

Finger Print စနစ်မှာတော့ ဖုန်း Lock အတွက်အပြင် Finger Print နဲ့ ဖုန်းတိုက်ရိုက်ခေါ်တာ၊ ကိုယ်အသုံးပြုချင်တဲ့ App ဖွင့်တာတွေကိုပါ အသုံးပြုနိုင်ပါတယ်။ Finger Print ထဲကိုဝင်ပြီး Finger Print မှတ်သားလိုက်ပါ။

ပြီးရင်တော့ Save ကိုနှိပ်လိုက်ရင် ပုံမှန် Screen Lock စနစ်ကို အသုံးပြုရမှာဖြစ်ပြီး Call ထဲကိုဝင်လိုက်ရင်တော့ ဖုန်းရဲ့ Contact ထဲကို ရောက်မှာပါ။ ဒီနေရာမှာ မတူညီတဲ့ လက်ဗွေ စနစ်တွေနဲ့ ဥပမာဆိုရင် လက်မက ဖုန်း Lock ဖွင့်မယ်၊ လက်ညှိုးက ဖုန်းခေါ်မယ်ပေါ့။ နောက်ထက် လက်တစ်ချောင်း ထပ်မှတ်သားပြီး App ဆိုတဲ့ထဲကို ဝင်လိုက်ရင် ကိုယ်အသုံးပြုချင် တဲ့ App တစ်ခုကို ရွေးချယ်မှတ်သား နိုင်ပါတယ်။ ဥပမာ လက်သန်းနဲ့  မှတ်သားထားတဲ့ Finger Print စနစ်နေရာမှာ Facebook App ကိုရွေးချယ်ထားမယ်ဆိုရင် လက်သန်းနဲ့ ဖုန်းကို ဖွင့်လိုက်တာနဲ့ Facebook ပေါ်ကို တိုက်ရိုက် ရောက်ရှိမှာ ဖြစ်ပါတယ်။

Security Center ဆိုတဲ့ထဲမှာလည်း ဖုန်းအတွက်လိုအပ်တဲ့ Clean up & accelerate, Privacy permissions, Virus scan အစရှိတဲ့ စနစ်တွေကိုအသုံးပြုနိုင်ပါတယ်။