April 24, 2017

iOS 10 ထည့်သွင်းအသုံးပြုထားတဲ့ iOS ထုတ်ကုန် ၈၀ ရာခိုင်နှုန်းနီးပါးရှိ

iOS 10 ကို ဖြန့်ချိပြီး ငါးလကျော်အကြာမှာ အဲ့ဒီ operating system ကို ထည့်သွင်းအသုံးပြုတဲ့ iOS ထုတ်ကုန်အရေအတွက် ၇၉ ရာခိုင်နှုန်းရှိတယ်လို့ Apple က ဝေမျှခဲ့တဲ့ ကိန်းဂဏန်းများအရ သိရပါတယ်။

iOS 9 ကို အသုံးပြုတဲ့ iPhone, iPad နဲ့ iPod Touch ထုတ်ကုန် ၁၆ ရာခိုင်နှုန်းရှိပြီး ထုတ်ကုန် ၅ ရာခိုင်နှုန်းမှာတော့ အစောပိုင်း iOS ဗားရှင်းတစ်ခုကို အသုံးပြုထားတယ်လို့ ဖေဖော်ဝါရီ ၂၀ ရက်မှာ App Store က ထုတ်ပြန်ခဲ့ပါတယ်။

iOS 10 သုံးစွဲမှု အရေအတွက်ဟာ ပြီးခဲ့တဲ့နှစ် အလားတူအချိန်က iOS 9 သုံးစွဲမှုနှုန်းထက် အနည်းငယ် သာလွန်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလမှာ iOS 9 သုံးစွဲတဲ့ ထုတ်ကုန်အရေအတွက် ၇၇ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။

လက်ရှိမှာ developer တွေနဲ့ public tester တွေအတွက် beta အနေနဲ့ ဖြန့်ချိထားတဲ့ iOS 10.3 ကို တရားဝင်ဖြန့်ချိတဲ့အခါ iOS 10 သုံးစွဲမှုအရေအတွက် ပိုများလာမယ်လို့ ဆိုပါတယ်။ အဲ့ဒီ software update ရဲ့ အဓိက feature သစ်တွေမှာ Find My AirPods နဲ့ Apple File System (APFS) သစ် ပြောင်းလဲမှုတို့ ပါဝင်ပါတယ်။

iOS သုံးစွဲမှုနှုန်းဟာ Android ထက် သိသိသာသာ သာလွန်ခဲ့ပါတယ်။ နောက်ဆုံးပေါ် Android ဗားရှင်းဖြစ်တဲ့ Nougat ကို လွန်ခဲ့တဲ့ခြောက်လက ဖြန့်ချိခဲ့ပေမယ့်လည်း Android ထုတ်ကုန် ၁.၂ ရာခိုင်နှုန်းမှာသာ ထည့်သွင်းအသုံးပြုလျက်ရှိပါတယ်။ ၂၀၁၄ နိုဝင်ဘာလမှာ ဖြန့်ချိခဲ့တဲ့ Android Lollipop ကိုတော့ ထုတ်ကုန် ၃၂.၉ ရာခိုင်နှုန်းမှာပဲ အသုံးပြုထားပါတယ်။

Ref: MacRumors