April 23, 2017

Facebook News Feed video မှ အသံကို ဘယ်လို disable လုပ်မလဲ

Facebook app update အသစ်မှာ New feed က ဗီဒီယိုဖိုင်ဟာ auto-play တဲ့အခါမှာ အသံပါတစ်ခါတည်း ဖော်ပြပေးလာပါတယ်။ အရင်က Facebook app မှာ News Feed video တွေဟာ auto-play ပြုလုပ်နေပေမယ့် အသံဟာ mute ဖြစ်နေပါတယ်။ ဗီဒီယိုဖိုင်ကို နှိပ်လိုက်မှသာ အသံကို နားထောင်နိုင်မှာ ဖြစ်ပါတယ်။

Update အသစ်မှာ News feed video ဟာ auto-play မှာတင် အသံပါတစ်ခါတည်း ပါဝင်လာပါတယ်။ အပြင်မှာသွားလာနေရင်း Facebook သုံးစွဲတဲ့အခါမှာ News Feed video က တစ်ခါတည်းဖော်ပြပေးတဲ့ အသံတွေကြောင့် ပတ်ဝန်းကျင်မှာ အဆင်မပြေ ဖြစ်တယ်ဆိုရင် ဖော်ပြပါ နည်းလမ်းအတိုင်း disable ပြုလုပ်နိုင်ပါတယ်။

iOS Device

iOS အသုံးပြုထားတဲ့ iPhone, iPad တို့မှာ Facebook News Feed video ကို disable ပြုလုပ်ဖို့အတွက် Facebook app ရဲ့အောက်ခြေမှာရှိတဲ့ လိုင်းသုံးလိုင်းနဲ့ ခလုတ်ကို နှိပ်လိုက်ပါ။

Settings > Account Settings > Sounds ဆိုတဲ့ အဆင့်အတိုင်း သွားရပါမယ်။

Sounds ထဲမှာမှ Video in News Feed Start with Sound ဆိုတဲ့ နေရာမှာ toggle ကို off လုပ်ပေးရပါမယ်။ တကယ်လို့ အဲဒီ option ကိုမတွေ့ဘူးဆိုရင် app ကို update လုပ်ပေးရပါမယ်။

Android Device

Android အသုံးပြုထားတဲ့ Phone တွေနဲ့ Tablet တွေမှာဆိုရင် Facebook app ကိုဖွင့်ပါ။ ညာဘက်ထောင့် အပေါ်ဘက်နားမှာ ရှိတဲ့ လိုင်းသုံးလိုင်းနဲ့ ခလုတ်ကို နှိပ်ပါ။ ပြီးရင် အောက်ဘက်ကို ဆင်းပြီး App Settings ဆိုတာကို ရွေးချယ်ပေးရပါမယ်။

App Settings ထဲမှာမှ Video in News Feed Start with Sound ဆိုတဲ့နေရာမှာ toggle ကို off လုပ်ပေးရင် New Feed video အလိုအလျောက် play တဲ့အခါမှာ အသံကို mute လုပ်ပေးထားပါလိမ့်မယ်။