April 23, 2017

လက်သင်္ကေတပြ ဘာသာစကား လေ့လာနိုင်မယ့် GIF ၂,၀၀၀ ကျော် Giphy ဖြန့်ချိ

လက်သင်္ကေတပြ ဘာသာစကားကို စိတ်ဝင်စားသူများ အနေနဲ့ ဆက်သွယ်မှုကို မတူညီတဲ့ နည်းလမ်းတွေနဲ့ ပြုလုပ်ရာမှာ အထောက်အကူ ဖြစ်စေရန်အတွက် Giphy က GIF ၂,၀၀၀ ကျော်ကို ဖြန့်ချိပေးလိုက်ပါတယ်။

Giphy က ဖြန့်ချိခဲ့တဲ့ GIF ၂,၀၀၀ ကျော်မှာ အမေရိကန် လက်သင်္ကေတပြဘာသာစကားနဲ့ ဖော်ပြထားတဲ့ စကားလုံးနဲ့ စကားစုတွေ ပါဝင်ပါတယ်။ ပညာရပ်ဆိုင်ရာ ဗီဒီယိုစီးရီးဖြစ်တဲ့ Sign with Robert က ဖြတ်ညှပ်ထားတဲ့ image တစ်ခုစီမှာ နားမကြားသူတွေနဲ့ ဆယ်သွယ်ပုံကို အပြန်အလှန်သင်ကြားပေးရန်အတွက် စာသားအဓိပ္ပာယ်ဖော်ပြချက်များ ပါဝင်ပါတယ်။

“GIF တွေဟာ လက်သင်္ကေတပြဘာသာစကားအတွက် ပြီးပြည့်စုံတဲ့ ကြားခံဆက်သွယ်ရေးနည်းလမ်းတစ်ခုပါ။ GIF format က အဆုံးမရှိ ထပ်ခါတလဲလဲ ပြသပေးတာကြောင့် လက်သင်္ကေတ သစ်တွေကို လေ့လာဖို့အတွက် အကောင်းဆုံး ဖြစ်ပါတယ်” လို့ Sign With Robert ရဲ့ ဒါရိုက်တာနဲ့ ထုတ်လုပ်သူ Hilari Cari က ပြောကြားပါတယ်။

သုံးစွဲသူများ အနေနဲ့ အဲ့ဒီ GIF တွေကို Giphy ပေါ်မှာ Sign With Robert ဆိုပြီး ရှာဖွေလေ့လာနိုင်ပါတယ်။

Ref: TheNextWeb