April 23, 2017

Nokia 3 နဲ့ Nokia 5 ကို 3310 ဗားရှင်းသစ်နဲ့အတူ MWC 2017 တွင် မိတ်ဆက် ကြေညာမည်ဟုဆို

Evan Blass (@evleaks) ဆီကနေ ထွက်ပေါ်လာခဲ့တဲ့ ပေါက်ကြားမှု တစ်ရပ်အရ ဖေဖော်ဝါရီ ၂၆ ရက်မှာကျင်းပမယ့် Mobile World Congress မှာ Nokia က ထုတ်ကုန်သစ်သုံးမျိုး မိတ်ဆက်ကြေညာမယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့လက တရုတ်နိုင်ငံမှာ ဖြန့်ချိခဲ့တဲ့ Nokia 6 ကိုလည်း ဥရောပဈေးကွက်အတွက် MWC ပြပွဲမှာ မိတ်ဆက်ကြေညာ သွားမယ်လို့ ဆိုပါတယ်။ Nokia 6 ကို ဥရောပမှာ ယူရို ၂၄၉ နဲ့ ရောင်းချမယ်လို့ သိရပါတယ်။

Nokia 5 မှာတော့ ၅.၂ လက်မ 720p touchscreen, 2GB RAM နဲ့ 12MP ပင်မကင်မရာ ပါဝင်မယ်လို့ ဖော်ပြခဲ့ပါတယ်။ ပရိုဆက်ဆာကတော့ Nokia 6 မှာသုံးထားတဲ့အတိုင်း Qualcomm Snapdragon 430 SoC ကို အသုံးပြုထားပြီး လက်လီဈေးက ယူရို ၁၉၉ ဖြစ်ပါတယ်။

Low-end Nokia 3 ရဲ့ တန်ဖိုးက ယူရို ၁၄၉ ပါ။ ဒါပေမဲ့ အဲ့ဒီဟန်းဆက်ရဲ့ အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။

အဲ့ဒီ Android မော်ဒယ်သုံးမျိုးကို Nokia ရဲ့ feature ဖုန်းသစ်ဖြစ်တဲ့ 3310 ဗားရှင်းသစ်နဲ့အတူ တွေ့မြင်ရမယ်လို့ ဆိုပါတယ်။ Feature ဖုန်းသစ်ကိုတော့ ယူရို ၅၉ နဲ့ ရောင်းချသွားမယ်လို့ သိရပါတယ်။

Ref: GSMArena