April 24, 2017

Dell IN7559 Notebook

Dell IN7559 Notebook သည် Inspiron 7559 Pandora series ဖြစ်ပြီး Processor အနေဖြင့် 6th generation Core i5 6300 HQ Quad Core ကို အသုံးပြုပေးထားသည်။ CPU speed မှာ 2.3GHz (6M Cache,up to 3.2GHz) အထိ အမြန်နှုန်းမြင့်သည့်အပြင် Memory အနေဖြင့် 4GBDDR3L/1600MHz ထည့်ပေးထားသည်။ Harddisk အနေဖြင့် တစ်မိနစ်ကို 5400 rpm နှုန်းဖြင့် 1TB HDD ပါဝင်သည်။ ဂရပ်ဖစ်ပိုင်းတွင် Nvidia GeForce GTX960M 4GB DDR5 အမြင့်ပိုင်း graphic card ကို အသုံးပြုပေးထားသည်။ Resolution အနေဖြင့်လည်း Full HD resolution (1920 x 1080) သုံးပေးထားပြီး မျက်နှာပြင်အရွယ်အစားမှာ ၁၅.၆ လက်မ ဖြစ်သောကြောင့် numeric keypad ပါဝင်သည်။ Wifi စနစ်ပါဝင်ပြီး Wireless မြန်နှုန်းကိုလည်း 11n အထိ အမြင့်ဆုံးနှုန်းဖြင့် အသုံးပြုပေးထားသည်။ Bluetooth ပါဝင်သည့်အပြင် External port များဖြစ်သည့် HDMI,LAN,USB ports များ ပါဝင်သည်။ အရောင်အနေဖြင့် အမည်းရောင်နှင့် အနီရောင်ကို နှစ်ရောင်စပ် အသုံးပြုပေးထားပြီး အာမခံသက်တမ်း တစ်နှစ် (parts & service) ပေးထားကာ တန်ဖိုး ကန်ဒေါ်လာ ၇၉၉ ဖြင့် Golden Power Technology ဖုန်း – ၂၃၀၄၈၄၈၊ ၀၂-၂၀၀၀၁၁၇ နှင့် ကွန်ပျူတာဆိုင်များ အများစုတွင် ဝယ်ယူရရှိနိုင်မည်ဖြစ်သည်။