April 24, 2017

HP Star Wars Special Edition Notebook

USD-599.00

အားသာချက်

Star Wars ဇာတ်ကားရှိ ဒီဇိုင်းဖြင့် ဖန်တီးထားသော laptop သည် အလွန် ဆွဲဆောင်မှုရှိသလို ၎င်းတွင် ထပ်ဆောင်းဒီဂျစ်တယ် content များပါဝင်သည်။ ထို့အပြင် သမားရိုးကျ ၁၅ လက်မ HP laptop ထက် ဈေးနှုန်းပိုမို များပြားခြင်း မရှိပေ။

အားနည်းချက်

ဘက်ထရီ သက်တမ်းမှာ တိုတောင်းသည်။ Nvidia graphics card ပါဝင်သော laptop ၏စွမ်းဆောင်ရည်မှာ အသင့်အတင့်သာရှိသည်။

အသေးစိတ်ဖော်ပြချက်

HP သည် Star Wars ပရိသတ်များအတွက် ရည်ရွယ်သော laptop တစ်မျိုးကို ထုတ်လုပ်လိုက်ပြီ ဖြစ်သည်။ အဆိုပါ laptop သည်တန်ဖိုးကြီး gaming ထုတ်ကုန် မဟုတ်ဘဲ အလူမီနီယမ် ကိုယ်ထည်နှင့် ဘေးဘောင်များကို တောက်ပသောဖန်ဖြင့် ပြုလုပ်ထားကာ full HD display ပါဝင်သည်။ ၎င်း laptop ကို Star Wars ပရိသတ်များအနေဖြင့် နေ့စဉ်လုပ်ငန်း ဆောင်တာတွင် အသုံးပြုနိုင်ပြီး ဈေးနှုန်းမှာ ကန်ဒေါ်လာ ၆၉၉ ဖြစ်သည်။

ထိုအခြေခံဈေးနှုန်းဖြင့် လက်ရှိမျိုးဆက် Intel Core i5 CPU, RAM 6GB နှင့် 1TB mechanical hard drive ပါဝင်သော HP Star Wars Special Edition Notebook ကိုရရှိမည် ဖြစ်သည်။ ၎င်းတွင် နောက်ခံမီး ပါဝင်သော ကီးဘုတ်၊ DVD drive နှင့် မြန်ဆန်သည့် 802.11 ac Wi-Fi လည်း ပါဝင်လာသည်။

HP Star Wars Special Edition Notebook တွင် Star Wars ဒီဂျစ်တယ် content များစွာပါဝင်ပြီး အများစုကို Star Wars Command Center app တွင် ထည့်သွင်းပေးထားသည်။ ၎င်းတွင် နောက်ခံဓာတ်ပုံ စုစည်းမှုနှင့် ဓာတ်ပုံ gallery အပြင် အသံဖိုင်များစွာ ပါဝင်သည်။

မျက်နှာပြင် ၁၅.၆ လက်မအရွယ်ရှိ display တွင် ရုပ်ထွက် အရည်အသွေး 1,920×1,080 pixels ရှိသည်။ HP Star Wars Edition ၏ default ရုပ်ထွက် အရည်အသွေးမှာ 1080p ဖြစ်သော်လည်း ကန်ဒေါ်လာ ၉၉၉ တန်ဖိုးရှိ 4K display ကို ဝယ်ယူနိုင်ပေသည်။

အဆိုပါ laptop တွင် Ethnet jack, SD card slot, USB port ၃ ပေါက်တို့လည်း ပါဝင်လာသည်။ ကန်ဒေါ်လာ ၆၉၉ တန်ဖိုးရှိHP Star Wars Special Edition Notebook ဗားရှင်းတွင် 2.3GHzIntel Core i5-6200U ပရိုဆက်ဆာနှင့် RAM 6GB တို့ပါဝင်လာသည်။ ကန်ဒေါ်လာ ၇၄၉ တန်ဖိုးရှိဗားရှင်းတွင်မူ RAM 8GB နှင့် NvidiaGeforce 940M graphics card ပါဝင်လာသောကြောင့် gaming အတွက်အဆင်ပြေသည်။

ဘက်ထရီ

Graphics card မပါဝင်သော အခြေခံ ဗားရှင်းတွင်လည်း HP laptop ၏ဘက်ထရီ သက်တမ်းမှာ တာရှည်ခံခြင်း မရှိပေ။ Laptop ဖြင့် offline ဗီဒီယိုများကို ၅ နာရီ ၅၈ မိနစ် ကြည့်ရှုနိုင်သော်လည်း အွန်လိုင်းဗီဒီယိုများကို ၄ နာရီ ၄၆ မိနစ်သာ ကြည့်ရှုနိုင်ကြောင်း စမ်းသပ်ချက်များအရ သိရသည်။

Ref: CNET