November 18, 2017

Dell XPS13 Notebook

Dell XPS 13 (9350) Notebook တွင် Intel Core  i5-6200 U Processor အသုံးပြုထားပြီး CPU speed မှာ 2.3GHz (3M Cache,up to 2.8GHz) ဖြစ်သည်။ Memory ပိုင်းအတွက် 4GB LPDDR3 / 1866MHz ထည့်သွင်း အသုံးပြုထားသည်။ အချက်အလက် သိမ်းဆည်းရန်အတွက် 128GB SSD ပါရှိသည်။ WiFi စနစ်ပါဝင်ပြီး Wireless မြန်နှုန်းကို 11n အမြင့်ဆုံးနှုန်း အသုံးပြုပေးထားသည်။ မျက်နှာပြင်မှာ ၁၃.၃ လက်မ ကျယ်ဝန်းပြီး Genuine Windows 10 Home (64bit) License OS ကို ထည့်သွင်း အသုံးပြုထားသည်။ HD webcam နှင့်အတူ External port များဖြစ်သည့် Card Reader , USB ports များ ပါဝင်သည်။ Backlit Keyboard ကို တပ်ဆင်

အသုံးပြုထားသည်။ 4cells battery ကို အသုံးပြုထားပြီး အာမခံသက်တမ်းကို တစ်နှစ် (parts & service ) ပေးထားသည်။ တန်ဖိုးမှာ ကန်ဒေါ်လာ ၁၀၆၉ ဖြစ်ပြီး Golden Power Technology, ဖုန်း – ၂၃၀၄၈၄၈၊ ၂၃၀၄၈၄၉ နှင့် ကွန်ပျူတာဆိုင် အများစု၌ ဝယ်ယူရရှိနိုင်မည်ဖြစ်သည်။