October 20, 2017

Samsung Notebook 7 Spin

USD – 1,473.99

အားသာချက်

Samsung Notebook 7 Spin ၏ Core i7 မော်ဒယ်သည် စွမ်းဆောင်ရည် အလွန်ကောင်းမွန်ပြီး ဂိမ်းကစားနိုင်သော အခြေခံ graphics အချို့အပြင် ဘက်ထရီ သက်တမ်းလည်း ကောင်းမွန်သည်။

အားနည်းချက်

ဒီဇိုင်းပိုင်းမှာ ဒေါ်လာ ၁,၀၀၀ ကျော်တန် laptop တစ်လုံးအနေဖြင့် ထူးခြားခြင်း မရှိပေ။ ၎င်းတွင် ပါဝင်သော toudchpad မှာကောင်းမွန်ခြင်းမရှိသလို အဆင့်မြှင့်ထားသော HDR video mode မှာလည်း အလွန်အမင်း ထူးခြားခြင်းမရှိပေ။

အသေးစိတ်ဖော်ပြချက်

Samsung Notebook 7 Spin တွင်  ထူးခြားအံ့သြဖွယ် feature များစွာ မပါဝင်ပေ။ မျက်နှာပြင် ၁၅ လက်မ အရွယ်ရှိ Samsung Notebook 7 Spin တွင်မူ အခြား hybrid ထုတ်ကုန်များတွင် မမြင်တွေ့နိုင်သော အဆင့်မြင့် feature များ ပါဝင်လာသည်။

Windows hybrid ထုတ်ကုန်များသည် tablet အဖြစ် အဓိကထား အသုံးပြုနိုင်ပြီး keyboard နှင့်  တွဲဖက်၍လည်း laptop အဖြစ် သုံးစွဲနိုင်သည်။ Samsung Notebook 7 Spin တွင် laptop အဖြစ် အဆင်ပြေစွာ အသုံးပြုနိုင်ရန် ၃၆၀ ဒီဂရီ လှည့်နိုင်သော ပတ္တာပါဝင်ကာ tablet အဖြစ်လည်း  အလွယ်တကူ ပြောင်းလဲ အသုံးပြုနိုင်သည်။

Notebook 7 Spin တွင် စိတ်ဝင်စားစရာ အကောင်းဆုံး feature မှာ full-HD  touchscreen ဖြစ်ပြီး ရုပ်ထွက်အလွန် ကောင်းမွန်အောင် ပြုလုပ်ပေးသော HDR mode ပါဝင်လာသည်။

ယနေ့ခေတ် တီဗီသစ်တချို့တွင် HDR အမည်ရသော video format  သစ်တစ်ခုကို ထောက်ပံ့ပေးလျက် ရှိသည်။ HDR တီဗီများသည် contrast နှင့် ကြည်လင်ပြတ်သားမှု အလွန်ကောင်းမွန်ပြီး ရုပ်ပုံကား၏ အလင်းနှင့်အမှောင် အစိတ်အပိုင်းကို ညီမျှစွာ ဖော်ပြပေးသည်။

Samsung သည် HDR filter ဆော့ဖ်ဝဲကို ဖန်တီးထားပြီး ကြည့်ရှုနေသည့် ဗီဒီယိုတွင် HDR ကဲ့သို့ effect အသုံးပြုနိုင်သည်။ အကယ်၍ HDR ၏ effct ကိုမနှစ်သက်ပါက ပြန်လည်ပိတ်နိုင်သည်။

Samsung Notebook 7 Spin တွင် Nvidia 940MX grahics chip ပါဝင်သောကြောင့် ပုံမှန် settings နှင့် full HD ရုပ်ထွက်အရည်အသွေးဖြင့် ခေတ်ရေစီးကြောင်း ဂိမ်းအချို့ကို ကစားနိုင်မည် ဖြစ်သည်။

၁၅ လက်မ အရွယ်ရှိ Notebook 7 Spin ကို ဗားရှင်းနှစ်မျိုးဖြင့် ထုတ်လုပ်မည် ဖြစ်သည်။ အဆိုပါ မော်ဒယ် နှစ်မျိုးတွင် Nvidia graphics chip နှင့် Intel Core i7 ပရိုဆက်ဆာ ပါဝင်သည်။ ကွာခြားချက်မှာ RAM 12GB နှင့် RAM 16GB အပြင် SSD 12GB နှင့် 1TB ဖြစ်သည်။  ထို့အပြင် Samsung သည် Core i5 အသုံးပြုထားကာ Nvidia graphics မပါဝင်သော ၁၃ လက်မ ဗားရှင်းကိုလည်း ထုတ်လုပ်ထားသေးသည်။ ၎င်း laptop ကို ၇၉၉ ဒေါ်လာဖြင့် ရောင်းချမည် ဖြစ်သည်။

ဘက်ထရီ

ပုံမှန်အားဖြင့် Samsung Notebook 7 Spin သည် ဗီဒီယိုများကို HDR mode ပိတ်ထားပြီး ကြည့်ရှုပါက ၇ နာရီ မိနစ် ၅၀ အထိ တာရှည်ခံသည်။

-Ref: CNET