November 19, 2017

7.1 Virtual surround sound Audio System အသုံးပြုထားတဲ့ Gaming Headset

7.1 Virtual surround sound Audio System ကို အသုံးပြုပေးထားတဲ့အတွက် အသံပိုင်းကြည်လင်ပြတ်သား မှုရှိမှာဖြစ်ပါတယ်။ USB Port မှတစ်ဆင့်တွဲဖက်ပြီး Xbox , PS4 Notebook , Desktop နဲ့ MacBook တွေမှာ အသုံးပြုနိုင်မယ့် HyperX Cloud II Pro Gaming Headset ဖြစ်ပါတယ်။ Durable Aluminum Frame နဲ့ တည်ဆောက်ထားတဲ့အတွက် ကျစ်လျစ်လှပပြီး ကြာရှည်အသုံးခံနိုင်မှာ ဖြစ်ပါတယ်။ နားကျပ်ခွက်ကို 53 mm Neodymium Magnent အမျိုးအစားနဲ့ ပြုလုပ်ပေးထားတဲ့အတွက် ပြင်ပဆူညံအသံတွေ ကင်းဝေးပြီး ကောင်းမွန်သောအသံနဲ့ သက်သောင့်သက်သာ နားဆင်ခံစားနိုင်မည်ဖြစ်သည်။ အသံ အတိုး၊ အကျယ်ကို USB Adapter မှ တစ်ဆင့်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Digital Microphone ပါဝင်ပြီး MIC ကိုဖြုတ်နိုင်တပ်နိုင်မှာ ဖြစ်ပါတယ်။ တန်ဖိုးမှာ ၁၃,၀၀၀ ကျပ်ဖြစ်ပြီး UNiQUE IT & Mobile Center ဖုန်း ၀၉ ၄၅၅ ၂၀ ၉၁၀၀ နဲ့ ၀၉ ၉၆၄ ၂၀ ၉၁၀၀ မှာ ဆက်သွယ် ၀ယ်ယူနိုင်ပါတယ်။

-ကောင်းမြတ်ထွန်း