Samsung Notebook 9 (15-inch)

notebook-9-SH-businesswire-2016mar17.jpg

USD – 1,197

အားသာချက်

Samsung Notebook 9 သည် ပါးလွှာပေါ့ပါးသော ကိုယ်ထည်ရှိပြီး မျက်နှာပြင်မှာ ၁၅ လက်မ အရွယ်ရှိသည်။ ထို့အပြင် Core i7 CPU အသုံးပြုထားသည်။

အားနည်းချက်

Samsung Notebook 9 ၏ဒီဇိုင်းပိုင်းမှာ ရိုးရှင်းလွန်းသည်။ ၎င်း၏ဈေးနှုန်း အသက်သာဆုံး မော်ဒယ်သည် ရုပ်ထွက်အရည်အသွေး နိမ့်ပါးပြီး touch display မပါဝင်ပေ။

အသေးစိတ်ဖော်ပြချက်

မျက်နှာပြင် ၁၅ လက်မအရွယ်ရှိ Samsung Notebook 9 သည် ကိုယ်ထည် သေးငယ်သော laptop တစ်မျိုးဖြစ်သည်။ Samsung ၏ ကန်ဒေါ်လာ ၁,၁၉၉ တန် Notebook 9 မော်ဒယ်တွင် လက်ရှိမျိုးဆက် Intel Core i7 ပရိုဆက်ဆာ၊ 256GB solid-state hard drive နှင့် RAM 8GB တို့ ပါဝင်လာသည်။ ကန်ဒေါ်လာ ၁၀၀ သက်သာပြီး ၁,၀၉၉ တန်မော်ဒယ်တွင် touch မဟုတ်သည့် full HD (1,920×1,080) ပါဝင်သည်။ အကယ်၍ ကန်ဒေါ်လာ ၃၀၀ ခန့် ထပ်မံ ကုန်ကျခံနိုင်ပါက 4K ရုပ်ထွက် အရည်အသွေး ပါဝင်သော touch ဗားရှင်း laptop ရရှိမည်ဖြစ်သည်။

Samsung Notebook 9 အလေးချိန်မှာ ၂.၈ ပေါင်သာရှိပြီး ၁၃ လက်မ MacBook Air ထက်အနည်းငယ် ပေါ့ပါးသည်။ Samsung Notebook 9 သည် ဘက်ထရီ သက်တမ်းကောင်းမွန်သလို ကိုယ်ထည်မှာ တောင့်တင်းသည်။ မျက်နှာပြင် အရည်အသွေးနိမ့်သည့် Notebook 9 ဗားရှင်းမှာ ရုပ်ထွက်ကြည်လင် တောက်ပကြောင်း စမ်းသပ်မှုအရ သိရသည်။

၎င်း၏ဒီဇိုင်းပိုင်းမှာ MacBook နှင့်ဆင်ကာ စာရိုက်ရာတွင် အဆင်ပြေစေရန် islan-style keyboard ထည့်သွင်းပေးထားသည်။ Apple သို့မဟုတ် Dell laptop များနှင့်နှိုင်းယှဉ်ပါက ခလုတ်များမှာ ပျော့ပြောင်းလွန်းသည်။ Notebook 9 တွင်ပါဝင်သော ဖန် touchpad သည် အသုံးပြုရ လွယ်ကူကာ လက်နှစ်ချောင်းဖြင့် swipe ပြုလုပ်၍ အသုံးပြုနိုင်သည်။

Samsung Notebook 9 တွင် Type-A USB port နှစ်ခု၊ HDMI output တစ်ခုအပြင် USB-C port တစ်ခု၊ microSD card ပေါက်နှင့် Ethernet dongle အတွက် micro-port တစ်ခုတို့ ပါဝင်လာသည်။

Samsung Notebook 9 တွင် လက်ရှိအသုံးပြုထားသော Intel Core i-serie ပရိုဆက်ဆာသည် လျှို့ဝှက်အမည် Skylake ဟုခေါ်ဆိုသည့် ဆဋ္ဌမမြောက် မျိုးဆက်ချစ်ပ်များ ဖြစ်သည်။ ၎င်းသည် 4K touch display စွမ်းဆောင်ရည်နှင့် ဘက်ထရီသက်တမ်း တာရှည်ခံ စွမ်းဆောင်နိုင်သည်။ Photoshop သို့မဟုတ် Mircrosoft Office ကဲ့သို့ local app များ သို့မဟုတ်ပါက Gmail သို့မဟုတ် Netflix ကဲ့သို့ cloud အခြေခံ tool များစသည်တို့ကို ပေါ့ပါးစွာ အသုံးပြုနိုင်သည်။

ဘက်ထရီ

Samsung Notebook 9 သည် အွန်လိုင်း ဗီဒီယိုများကို ၇ နာရီ ၁၀ မိနစ်အထိ ကြည့်ရှုနိုင်ကြောင်း စမ်းသပ်မှုအရသိရသည်။ သို့သော်လည်း 4K မျက်နှာပြင် ပါဝင်သော Notebook 9 ဗားရှင်းတွင် ဘက်ထရီသက်တမ်း သက်ရောက်မှုမှာ တူညီမည်မဟုတ်ပေ။