Operate Now (iOS)

Operate Now ဆိုတဲ့ ဂိမ်းဟာ ဆေးရုံတစ်ရုံမှာ လူနာတွေကို ပြုစုကုသဖို့နဲ့ ဆေးရုံကို ပိုမိုကောင်းမွန်အောင် ပြုလုပ်ပေးရမယ့် ဂိမ်းဖြစ်ပါတယ်။ ဒီဂိမ်းဟာ ဇာတ်လမ်းသွားနဲ့ ကစားရမှာဖြစ်ပြီး လူနာတွေကို ကုသဖို့အတွက် ဆေးအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက် ပေးရမှာဖြစ်ပါတယ်။

Operate Now ကို ထည့်သွင်းကစားလိုသူတွေအနေနဲ့ iTunes မှာ အခမဲ့ ရယူနိုင်မှာဖြစ်ပါတယ်။ In-App purchase ဖြစ်တာကြောင့် ဂိမ်းအတွင်းက အချို့ feature တွေကိုတော့ ပိုက်ဆံပေးချေမှသာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

Download ပြုလုပ်လိုသူများအတွက် ဒီနေရာကို နှိပ်ပါ။