November 19, 2017

Developer – Telltale Games
Publisher – Telltale Games
Platforms – PC, PS4, Xbox One
Genre – Adventure
Release Date – March 28th, 2017
Gameplay – 8
Story – 9
Graphics – 7.5
Presentation – 8
Final Score – 8 out of 10

၂၀၁၂ ခုနှစ်အတွင်းက The Walking Dead Comic Book Series ကို မှီငြမ်းထားတဲ့ Telltale Games ရဲ့ The Walking Dead ဂိမ်းဟာ Video Game Publications တွေနဲ့ Media တွေ ချီးမြှင့်တဲ့ Game of the Year ဆုပေါင်းများစွာ၊ Best Adventure Game ဆု
ပေါင်းများစွာကို ရရှိစေခဲ့သလို Comic Book နှင့် ရုပ်ရှင်ဇာတ်လမ်းတွေကိုမှီငြမ်းထားတဲ့ ဂိမ်းအများစုအပေါ် ပရိသတ်ထားရှိတဲ့ အမြင်
တွေကို လည်း ထပ်မှံပြောင်းလဲနိုင်ခဲ့တာ တွေ့ရပါတယ်။ Movie-based games နှင့် Comic/Series based-games ဂိမ်းအများစုက
ဇာတ်လမ်း အသစ်ထွက်ချိန်မှာ ဂိမ်းကို တစ်ပြိုင်နက်တည်း လိုက်ထုတ်လေ့ရှိသလို quality ပိုင်းကောင်းတာတွေလည်း ရှားပေမယ့် The Walking Dead Season 2 နဲ့ ခုအသစ်ထွက်လာတဲ့ New Frontier လို့ အမည်ပေးထားတဲ့ Season 3 လိုဂိမ်းသစ်တွေ ကလည်း TV Series Season သစ်ထွက်ချိန်တို့ Comic Book Volume အသစ်ထွက်ချိန်တို့နဲ့တူအောင်လိုက်လုပ် မနေတော့ဘဲ production quality ပိုင်းကိုသာ အသားပေး ထုတ်လုပ်ခဲ့တဲ့ ဂိမ်း ကောင်းတွေအဖြစ် ဆက်လက်ရပ် တည်နိုင်တာကိုလည်း တွေ့ရမှာပါ။

Sam & Max Series နဲ့တင် Adventure ဂိမ်းတွေမှာ အတွေ့အကြုံ ရထားပြီးသား Telltales Games ရဲ့ developers တွေဟာ
ရှေ့ပိုင်း Walking Dead ဂိမ်းတွေကို ဖြန့်ချိခဲ့စဉ်က မျှော်လင့်ထားတာထက် အများကြီး အောင်မြင်မှုရရှိခဲ့ပြီး အစောပိုင်း ဇာတ်လမ်းတွေက လူသားတွေကို ဖုတ်ကောင် (Walker) တွေအဖြစ် စတင်ပြောင်းလဲ သွားစေတဲ့ ရောဂါပိုးတွေ စတင်ပေါ်ပေါက်လာချိန်မှာ ဇာတ်လမ်း
ဆင်ထားခဲ့လို့ virus outbreak ဖြစ်ပြီး နှစ်အနည်းငယ်ကြာမှာ ဇာတ်အိမ်တည်ခဲ့တဲ့ မူရင်း Comics storyline တွေနဲ့အရမ်း ဆက်စပ်မှု
မထားခဲ့ပါဘူး။ ဒါပေမဲ့ အခုအသစ်ထွက်ရှိလာတဲ့ Season 3 မှာတော့ အရင်ဇာတ်လမ်းတွေထဲက အဓိကဇာတ်ကောင်ဖြစ်တဲ့ Clementine က အရွယ်ရောက်လာပြီ ဖြစ်သလို ဇာတ်လမ်း storyline ကလည်း Comics book နေရာယူထားတဲ့ အချိန်နဲ့ ဆက်စပ်မှုရှိလာပြီမို့လို့ TV Series နဲ့ Comics ပရိသတ် တွေက Season 3 storyline ကို သဘောကျမှာ သေချာပါတယ်။ လက်ရှိအချိန် အပိုင်း ၃
ပိုင်းခွဲထွက်ပြီးဖြစ်တဲ့ The Walking Dead Season 3 မှာယခင် Season 2 မှအဓိက ဇာတ်ကောင်ဖြစ်တဲ့ Clementine နဲ့အတူ Javier Garcia အမည်ရ professional baseball ကစားသမားတို့က အဓိက ဇာတ်ကောင်တွေအဖြစ် ပါဝင်ထားပြီး New Frontier လို့ အ
မည်ပေးထားတဲ့ Survivor အဖွဲ့နဲ့ ရင်ဆိုင်ရပုံကို ဇာတ်လမ်းဆင်ထားပါတယ်။ ဂိမ်းအသားပေး မူရင်းဇာတ်လမ်းဖြစ် တဲ့ Walking Dead Season 1 နဲ့ 2 ထဲက ကစားသူကိုယ်တိုင် ရွေးချယ်ခဲ့တဲ့ အဖြစ်အပျက် တွေကိုလည်း ယခုဂိမ်းသစ်နဲ့ ဇာတ်လမ်း ချိတ်ဆက်ထားတာ
မို့လို့ နှစ်ရှည်လများကစားလာတဲ့ သူတွေရဲ့ ရွေးချယ်မှုပေါ် မူတည်ပြီး Kenny နဲ့ Jane တို့လို ဇာတ် ကောင်တွေရဲ့ ဇာတ်လမ်းတွေက
ပြောင်းလဲသွားမှာပါ။ အရင် Seasons တွေ မဆော့ထား သူသို့မဟုတ် Save file မရှိသူတွေ အနေနဲ့ကတော့ ကြိုတင်ရွေးချယ်ပြီးသား pre-determined choices တွေကို အသုံးပြုပြီး အလွယ်တကူ စတင်ကစားနိုင်မှာ ပါ။ ဒါပေမဲ့ ဇာတ်လမ်းအသားပေးဂိမ်းမို့လို့ အရှေ့
ပိုင်းဇာတ်လမ်းတွေ ကစားထားရင်တော့ ဇာတ်လမ်းရော character interactions တွေရောက ပိုစိတ် ဝင်စားဖို့ ကောင်းမှာပါ။

Graphics ပိုင်းကတော့ မူရင်း Season 2 ပုံစံမျိုးဖြစ်ပြီး Borderlands ဂိမ်းတွေလိုမျိုး Comic ဆန်ဆန် Cell Shading graphics ပိုင်းကို အသုံးပြုထားတဲ့ The Walking Dead Season 3 ဟာ အရင်ဂိမ်းကထက်တော့ lighting effects ပိုင်းတွေ ပိုကောင်းလာတာတွေ့ရပြီး မူရင်း Comic ဆန်ဆန်ပုံစံဖြင့်ပဲ ဂိမ်းကို ရေးဆွဲထားတာတွေ့ရပါတယ်။ Walking Dead ဇာတ်လမ်းတွေ ရဲ့ ထုံးစံအတိုင်းပဲ ဖုတ်ကောင်
(Walker) တွေပါဝင်တယ် ဆို ပေမယ့် ကြောက်စရာ အပိုင်း တွေ၊ တိုက်ခိုက်ခန်းတွေထက် အခက်အခဲမျိုးစုံကို ရင်ဆိုင်ရပုံ၊ အသက်
ရှင်နိုင်အောင် ကြိုးပမ်းရပုံ Survival ပိုင်းအသားပေး ဇာတ်လမ်းနဲ့ Gameplay ကို အဓိက မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဖုတ်ကောင်တွေ
ရန်က အပြင် မိမိထံမှ အစာရေစာများ လုယူချင်သူလူဆိုးတွေ ရန်ကပါ ကာကွယ်ရမှာဖြစ်လို့ အရင်ဂိမ်းကထက်ပိုပြီး အန္တရယ်များ
လာသလို ခံစားရပါတယ်။ ဂိမ်းတစ်ခုလုံးကလည်း Interactive movie ပုံစံ Gameplay ဖြစ်သလို မူရင်း Storyline အသစ်နဲ့ဖြစ်လို့ Walking Dead Comics , TV Series တွေနဲ့ မရင်းနှီးရင်တောင် နောက်ခံဇာတ်လမ်းနှင့် အဖြစ်အပျက် အနည်းငယ်ကို သိထားတာနဲ့ ကစားရတာ အဆင်ပြေမှာပါ။

Gameplay ပိုင်းကတော့ PC Point & Click game နဲ့ PS4 က Until Dawn တို့လို Interactive Movie ဆန်ဆန် Gameplay မျိုးဖြစ်
ပြီး Action sequence တွေမှာတောင် ဇာတ်ကောင်တွေကို ကိုယ်တိုင် ကိုင်တွယ်ရမှာမဟုတ်ဘဲ Quick Time Events (QTE) ပုံစံ screen မှာပေါ်လာတဲ့ command များလိုက်နှိပ်ရတဲ့ ပုံစံမျိုးနဲ့ ကစားရမှာပါ။ Locations တွေ Items တွေလိုက် ရှာရတဲ့အခါ မှာတော့
ဇာတ်ကောင်ကို ကိုယ်တိုင်ရွှေ့ရမယ့် Exploration gameplay ပုံစံမျိုး ပါဝင်သလို စိတ်ကူးယဉ် မဆန်ဘဲ လက်တွေ့ကျတဲ့ Puzzles
တွေလည်း ပါဝင်ပါတယ်။ Adventure ဂိမ်းပေါင်းများစွာကို ဖန်တီးပြီးတဲ့ developer တွေဆိုတော့ Voice acting ပိုင်း၊ Gameplay နဲ့ Storyline ရောစပ်ထားတဲ့ အပိုင်း တွေလည်း ပိုတိုးတက်လာအောင် ဖန်တီးထားနိုင်တာ တွေ့ရပါ တယ်။

လက်ရှိအချိန်မှာ Episode သုံးခုဖြစ်တဲ့ “Ties That Bind – Part 1″၊ “Ties That Bind – Part 2” နဲ့ “Above the Law” တို့ကို
တစ်ပြိုင်တည်း ကစားနိုင်ပြီမို့လို့ Graphics ပိုင်း ထက် Gameplay နဲ့ Story ပိုင်းတို့ကို ဦးစားပေးတဲ့ gamers များနှင့်အတူမူရင်း The Walking Dead ဂိမ်းရဲ့ ပရိသတ်တွေပါ အကြိုက်တွေ့ဦးမှာ ဖြစ်ပါတယ်။

နေအောင်လတ်